သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် ကမ္ဘောဒီးယားနယ်စပ် တံတိုင်းဆောက်ဖို့ ထိုင်းအစိုးရစဉ်းစား


ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ် လောင်းကစားမြို့ဖြစ်လာနေပြီး လက်ရှိ တရုတ်နိုင်ငံသားအများအပြားဝင်ရောက်လာနေတဲ့ Poipet မြို့ မှတ်တမ်းဓာတ်ပုံ။
ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ် လောင်းကစားမြို့ဖြစ်လာနေပြီး လက်ရှိ တရုတ်နိုင်ငံသားအများအပြားဝင်ရောက်လာနေတဲ့ Poipet မြို့ မှတ်တမ်းဓာတ်ပုံ။

နိုင်ငံဖြတ်ကျော်ကျူးလွန်တဲ့ တရားမဝင်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နယ်စပ်ဒေသတလျှောက်မှာ တိုးများလာနေတာကို တိုက်ဖျက်ဖို့ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြား တရားမဝင် ကူးလူးသွားလာမှုတွေကို တားဆီးဖို့ နှစ်နိုင်ငံနယ်စပ်တချို့မှာ တံတိုင်းတည်ဆောက်ဖို့ လေ့လာနေကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ မတ်လ (၃) ရက်နေ့မှာ ပြောပါတယ်။

အရှေ့တောင်အာရှဒေသတဝှန်း အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေ မြန်မာနဲ့ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတလျှောက်မှာ ကျူးလွန်နေတာတွေကို အရှိန်မြှင့် နှိမ်နင်းနေချိန် ကမ္ဘောဒီးယားနယ်စပ်တလျှောက် တံတိုင်းဆောက်ဖို့ ထိုင်းဘက်က ပြင်ဆင်လာနေတာပါ။ ရာဇဝတ်ဂိုဏ်းတွေက အဲဒီ ငွေလိမ်လုပ်ငန်းတွေမှာ ထောင် သောင်းချီတဲ့သူ တွေကို အဓမ္မခိုင်းစေနေတယ်လို့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေက ကမ္ဘောဒီးယားနိုင်ငံအတွင်းက Poipet မြို့မှာရှိတဲ့ အွန်လိုင်းငွေလိမ် ဂိုဏ်းတခုကို ဝင်ရောက်စီးနင်းပြီး လူ (၂၁၅) ဦးကို ထိန်းသိမ်းခဲ့တဲ့အထဲက ထိုင်းနိုင်ငံသား (၁၁၉) ဦးကို ထိုင်းရဲလက်ထဲ လွှဲပြောင်းပေးခဲ့တာပါ။

တကယ်လို့ တံတိုင်းတည်ဆောက်ဖြစ်မယ်ဆိုရင် ဘယ်လိုပုံစံဆောက်မလဲ၊ ပြဿနာကို ဘယ်လို ဖြေရှင်းပြီး ဘယ်လိုရလဒ်တွေထွက်လာမလဲ စတဲ့အချက်အလက်တွေကို ထည့်သွင်း စဉ်းစားနေ ကြောင်း ထိုင်းအစိုးရပြောခွင့်ရ Jirayu Houngsub က ပြောပေမဲ့ အရှည်ဘယ်လောက်ရှိမယ် ဆိုတာကိုတော့ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အခုလို တံတိုင်းဆောက်မယ့်ကိစ္စနဲ့ပတ်သက်လို့တော့ ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရက တစုံတရာ မှတ်ချက်ပေးခြင်း မရှိပါဘူး။ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားမှာ (၈၁၇) ကီလိုမီတာ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG