သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောဝက်အသင်းသားတွေ ဂူထဲပိတ်မိတဲ့ တနှစ်ပြည့်အထိမ်းအမှတ်


မယ်ဆိုင်ခရိုင် ထမ်လွန်း လှိုဏ်ဂူ
မယ်ဆိုင်ခရိုင် ထမ်လွန်း လှိုဏ်ဂူ

" ချင်းရွိုင်ခရိုင် အုပ်ချုပ်ရေးမှူး Narongsak Osatanakorn ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ထားတာကို ဖြစ်အောင် သူတို့ လုပ်ပြနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးမှာ ပါကြတဲ့ ထောင်ချီတဲ့ ဝိုင်းဝန်းကူညီသူတွေရော၊ တာဝန်ရှိ ဝန်ထမ်းတွေပါ သိပ် ဝမ်းသာကြမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ "

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်ဒေသက ထမ်လွန်းလှိုဏ်ဂူထဲကို ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့မှာ ဝင်သွားပြီး မိုးသည်းထန်လို့ ၁၈ ရက်ကြာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်း နည်းပြအပါဝင် လူငယ် ၁၃ ဦးတို့က သူတို့ပြန်လည် လွတ်မြောက်တဲ့ တနှစ်ပြည့်အဖြစ် တနင်္ဂနွေ နေ့တုန်းက အထိမ်းအမှတ် မာရသွန်ပြေးပွဲ ကျင်းပခဲ့ပါတယ်။

လူ ၄၀၀၀ လောက်ပါဝင်ဆင်နွှဲကြတဲ့ ဒီမာရသွန်ပွဲမှာ ပြေးသူတွေ္ဂရော ၊ စက်ဘီးစီးသူတွေပါ ပါဝင်ကြသလို တောဝက်ဘောလုံးသင်း အဖွဲ့ဝင် ၉ဦးနဲ့ သူတို့နည်းပြကလည်း အထိမ်းအမှတ် လိမ္မော်ရောင် T-shirts တွေဝတ်ရင်း ဒီပွဲမှာ ဆင်နွှဲကြပါတယ်။ ချင်းရွိုင်ခရိုင် အုပ်ချုပ်ရေးမှူး Narongsak Osatanakorn ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ထားတာကို ဖြစ်အောင် သူတို့ လုပ်ပြနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးမှာ ပါကြတဲ့ ထောင်ချီတဲ့ ဝိုင်းဝန်းကူညီသူတွေရော၊ တာဝန်ရှိ ဝန်ထမ်းတွေပါ သိပ်ဝမ်းသာကြမယ်လို့ မျှော်လင့်ကြောင်း ဒီပွဲမှာပြောသွားပါတယ်။

ဒီ အထိမ်းအမှတ် မာရသွန်ပွဲကို ထိုင်းအစိုးရ တာဝန်ရှိသူတွေအပြင် ကယ်ဆယ်ရေးမှာပါတဲ့ ရေငုပ်သမားတွေ လှိုဏ်ဂူကျွမ်းကျင်သူတွေလည်း တက်ရောက် ကြပါတယ်။ ဒေသခံ အာဏာပိုင်တွေ ကမကထပြု ကျင်းပတဲ့ ဒီမာရသွန်ပွဲက ရလာတဲ့ရန်ပုံငွေကို ခုတော့ လူသိများလာပြီဖြစ်တဲ့ ထမ်လွန်းလှိုဏ်ဂူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တောဝက်ဘောလုံးအသင်းဟာ ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့ကစလို့ ပျောက်သွားခဲ့ပြီး ၁၀- ရက်အကြာ ဂျူလိုင် ၂ရက်နေ့မှာ အားလုံးကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ပါတယ်။ အပြင်ပြန်ရောက်လာချိန်အထိ ဂူထဲမှာ ၁၈ ရက်ကြာ အသက်ရှင်နေနိုင်ခဲ့တဲ့အတွက် လူအများက သူတို့ကို ချီးကျူးဂုဏ်ပြုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG