သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂူထဲပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်း ရုပ်ရှင် တောင်ကိုရီးယားမှာ ပြသ


မဲဆိုင် Tham Luang cave လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ တောဝက်ဘောလုံး အသင်းဝင်များ။
မဲဆိုင် Tham Luang cave လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ တောဝက်ဘောလုံး အသင်းဝင်များ။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကျောက်ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက် ဘောလုံးအသင်းက ကျောင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြအကြောင်း အဓိကထား ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ကို စနေနေ့က ပထမဆုံး ရုံတင်ပြသပါတယ်။

မယ်ဆိုင်က Tham Luang Nang Non လိုဏ်ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက် ဘောလုံးအသင်းသားတွေနဲ့ နည်းပြတို့အကြောင်း ရိုက်ကူးထားတဲ့ The Cave ဆိုတဲ့ ရုပ်ရှင်ကို ၂၄ ကြိမ်မြောက် Busan နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ စနေနေ့က ပြသခဲ့တာမှာ တောဝက် ဘောလုံးအသင်းသားတွေကို ကယ်တင်ခဲ့တဲ့ နိုင်ငံတကာ ရေငုပ်ကျွမ်းကျင်အဖွဲ့မှာ ပါဝင်သူ အိုင်ယာလန်မှာနေတဲ့ ဘယ်လ်ဂျီယံနိုင်ငံသား Jim Warny လည်း တက်ရောက်ခဲ့ပါတယ်။

ဒီရုပ်ရှင်ထဲမှာ Warny လည်း ပါဝင်ရိုက်ကူးခဲ့ပြီး သူ့အတွက်တော့ ပထမဆုံး ရုပ်ရှင်ထဲမှာ သရုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

အိုင်းရစ် - ထိုင်း ဒါရိုက်တာ Tom Waller ရိုက်ကူးတဲ့ The Cave ရုပ်ရှင်က မယ်ဆိုင်ဂူထဲ ၁၈ ရက်ကြာ ပိတ်မိခဲ့တဲ့ တောဝက် ဘောလုံးအသင်းအကြောင်း ရိုက်ကူးတဲ့ ပထမဆုံး ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ Waller ရဲ့ The Cave မှာတော့ ဂူထဲမှာ ပိတ်မိခဲ့တဲ့ ကျောင်းသားတွေနဲ့ သူတို့ဆရာအကြောင်းကို အဓိက ရိုက်ကူးထားတာ မဟုတ်ဘဲ သူတို့ကို ကယ်ဆယ်ရေး အပိုင်းကို အဓိကထား ရိုက်ကူးထားတာပါ။

The Cave ရုပ်ရှင်ကိုတော့ ထိုင်းနိုင်ငံမှာ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ စပြီး ရုံတင်မှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာ ဈေးကွက်ကို ဖြန့်ချိမှာ ဖြစ်ပါတယ်။

---------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG