(Zawgyi/Unicode)
ထိုင်းနိုင်ငံမှာ Coronavirus ပိုးကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
နက်ဖြန်သောကြာနေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီကြား တနိုင်ငံလုံး မထွက်ရအမိန့်ထုတ်ပြန်တယ်လို့ ဝန်ကြီးချုပ် Prayut Chan-o-cha က ရုပ်မြင်သံကြားပေါ်ကနေ ဒီကနေ့ ကြေညာသွားတာဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ပို့ဆောင်တာ၊ သီးခြားခွဲထားဖို့လိုအပ်သူတွေ၊ လူနာတွေ၊ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေကိုတော့ ညမထွက်ရ ခြွင်းချက်ပြုတယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ညမထွက်မရအမိန့် ချိုးဖောက်သူတွေအနေနဲ့ ငွေဒဏ်အပြင် ထောင်ဒဏ်နှစ်နှစ်အထိ ကျခံရနိုင်ပါတယ်။ လူတွေအနေနဲ့ အထိတ်တလန့်မဖြစ်ကြဖို့နဲ့ ပစ္စည်းတွေအများကြီး ဝယ်မစုကြဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။
COVID-19 ရောဂါထိန်းချုပ်နိုင်ဖို့ ထိုင်းနိုင်ငံမှာ ဆေးဝါးအလုံအလောက် ရှိသလို နိုင်ငံခြားက ထပ်ဝယ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မတ်လ ၂၆ ရက်နေ့ထဲက ဧပြီလကုန်တဲ့အထိ ထိုင်းနိုင်ငံတဝန်းလုံးကို ကျန်းမာရေးအရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး သံတမန်တွေ အလုပ်လုပ်ခွင့်ပါမစ်ရှိသူတွေကလွဲလို့ နိုင်ငံခြားသားတွေနိုင်ငံထဲဝင်ရောက်တာ တားမြစ်ထားပါတယ်။
ထိုင်းနိုင်ငံမှာ ဒီနေ့အထိ ရောဂါပိုးကူးစက်သူ ၁,၈၇၅ ယောက်နဲ့ သေဆုံးသူ ၁၅ ယောက် ရှိပါတယ်ရှင်။
[Unicode Version]