သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းမွာ ကူးစက္ျမန္ ကိုဗစ္မ်ဳိးကြဲ ကူးစက္သူေတြရွိလာ


Therapists wearing face shields wait for costumers at a traditional Thai massage shop which reopened after the Thai government eased isolation measures to prevent the spread of the coronavirus disease (COVID-19) in Bangkok, Thailand, June 3, 2020. REUTERS

{{Zawgyi/Unicode}}

အလြန္ကူးစက္ျမန္ၿပီး အရင္ၿဗိတိန္မွာေတြ႔ခဲ့တဲ့ ကိုဗစ္ပိုးအမ်ိဳးအစားသစ္ ထိုင္းႏိုင္ငံတြင္းမွာ အခ်င္းခ်င္းကူးစက္တာကို ပထမဆံုး စေတြ႔ခဲ့ပါတယ္။

ထိုင္းႏိုင္ငံရွိ ဗိုင္းရပ္စ္ေဗဒဆိုင္ရာ ကၽြမ္းက်င္သူက ၿဗိတိန္မွာအရင္ေတြ႔ခဲ့တ့ဲ B.1.1.7 အမ်ိဳးအစားကို လူေပါင္း ၂၄ ဦးမွာ အခုလိုအခ်င္းခ်င္းကူးစက္ခဲ့တာ ေတြ႔ရွိလိုက္တယ္လို႔ ဒီေန႔ ေျပာပါတယ္။

ခ်ဴလာေလာင္ကြန္းတကၠသိုလ္က အႀကီးတန္း ဗိုင္းရပ္စ္ေဗဒပညာရွင္ Yong Poovorawan က ဒီ ပိုးသစ္အမ်ိဳးအစားဟာ အလြန္ကူးစက္ျမန္ၿပီး အရင္ေတြ႔ခဲ့တာေတြထက္ ၁.၇ ဆအထိ ပိုကူးစက္ျမန္တယ္လို႔ သတိေပးလိုက္ပါတယ္။

ထိုင္းႏိုင္ငံထဲ ဒီေန႔ပိုးေတြ႔သူသစ္ ၃၃၄ ဦးအထိ ျပန္ျမင့္တက္လာေနခ်ိန္မွာ ႏိုင္ငံျခားကေနကူးစက္လာသူက ၇ ဦးသာေတြ႔ခဲ့ၿပီး အမ်ားစု ၃၂၇ ဦးက ျပည္တြင္းမွာ ကူးစက္ခံခဲ့ရတာပါ။ မေန႔ အဂၤါေန႔တံုးကေတာ့ ပိုးေတြ႔သူသစ္ ၂၅၀ သာရွိခဲ့တာမို႔ ဒီေန႔မွာ ၃၃% တက္လာတာပါ။

ထိုင္းႏိုင္ငံထဲမွာ ခုခ်ိန္ထိ ကူးစက္သူစုစုေပါင္းကေတာ့ ၃ ေသာင္းနီးပါးရွိလာေနပါၿပီ။ ျပည္နယ္ေတြမွာပါ ျမင့္တက္လာတဲ့ ကိုဗစ္ပိုးသစ္ေတြ႔ရွိမူဟာ တကယ္ေတာ့ ဘန္ေကာက္က ေဖ်ာ္ေျဖေရးလုပ္ငန္းေတြကေန အရင္းခံလာတာလို႔ ကိုဗစ္-19 ဌာန ေျပာခြင့္ရ Dr. Apisamai Srirangson က ဆိုပါတယ္။

ခုလိုအခ်ိန္မွာ ထုိင္းဝန္ႀကီးတဦးရဲ့ လက္ေထာက္မွာ ကိုဗစ္ပိုးေတြ႔ရွိခဲ့ၿပီး ဝန္ႀကီးခ်ုဳပ္ Prayuth Chan-Ocha ကေတာ့ စစ္ေဆးၿပီးတဲ့ေနာက္ ပိုးကူးစက္မႈမရွိပါဘူး။

ဘန္ေကာက္ကျပန္စတက္လာတဲ့ ဒီပိုးေတြ႔မူအေပၚ ဝန္ႀကီးခ်ဳပ္ Prayuth က စိုးရိမ္ေၾကာင္းေျပာထားၿပီး လက္ရွိ ဘန္ေကာက္က ေဖ်ာ္ေျဖေရးလုပ္ငန္း ၂၀၀ နီးပါး ပိတ္ထားတာအျပင္ ေနာက္ထပ္ပိတ္ဆို႔ကန္႔သတ္မူေတြလုပ္ဖို႔ ခ်င့္ခ်ိန္ေနပါတယ္။

.....................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အလွန်ကူးစက်မြန်ပြီး အရင်ဗြိတိန်မှာတွေ့ခဲ့တဲ့ ကိုဗစ်ပိုးအမျိုးအစားသစ် ထိုင်းနိုင်ငံတွင်းမှာ အချင်းချင်းကူးစက်တာကို ပထမဆုံး စတွေ့ခဲ့ပါတယ်။

ထိုင်းနိုင်ငံရှိ ဗိုင်းရပ်စ်ဗေဒဆိုင်ရာ ကျွမ်းကျင်သူက ဗြိတိန်မှာအရင်တွေ့ခဲ့တဲ့ B.1.1.7 အမျိုးအစားကို လူပေါင်း ၂၄ ဦးမှာ အခုလိုအချင်းချင်းကူးစက်ခဲ့တာ တွေ့ရှိလိုက်တယ်လို့ ဒီနေ့ ပြောပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ်က အကြီးတန်း ဗိုင်းရပ်စ်ဗေဒပညာရှင် Yong Poovorawan က ဒီ ပိုးသစ်အမျိုးအစားဟာ အလွန်ကူးစက်မြန်ပြီး အရင်တွေ့ခဲ့တာတွေထက် ၁.၇ ဆအထိ ပိုကူးစက်မြန်တယ်လို့ သတိပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံထဲ ဒီနေ့ပိုးတွေ့သူသစ် ၃၃၄ ဦးအထိ ပြန်မြင့်တက်လာနေချိန်မှာ နိုင်ငံခြားကနေကူးစက်လာသူက ၇ ဦးသာတွေ့ခဲ့ပြီး အများစု ၃၂၇ ဦးက ပြည်တွင်းမှာ ကူးစက်ခံခဲ့ရတာပါ။ မနေ့ အင်္ဂါနေ့တုံးကတော့ ပိုးတွေ့သူသစ် ၂၅၀ သာရှိခဲ့တာမို့ ဒီနေ့မှာ ၃၃% တက်လာတာပါ။

ထိုင်းနိုင်ငံထဲမှာ ခုချိန်ထိ ကူးစက်သူစုစုပေါင်းကတော့ ၃ သောင်းနီးပါးရှိလာနေပါပြီ။ ပြည်နယ်တွေမှာပါ မြင့်တက်လာတဲ့ ကိုဗစ်ပိုးသစ်တွေ့ရှိမူဟာ တကယ်တော့ ဘန်ကောက်က ဖျော်ဖြေရေးလုပ်ငန်းတွေကနေ အရင်းခံလာတာလို့ ကိုဗစ်-19 ဌာန ပြောခွင့်ရ Dr. Apisamai Srirangson က ဆိုပါတယ်။

ခုလိုအချိန်မှာ ထိုင်းဝန်ကြီးတဦးရဲ့ လက်ထောက်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဝန်ကြီးချုုပ် Prayuth Chan-Ocha ကတော့ စစ်ဆေးပြီးတဲ့နောက် ပိုးကူးစက်မှုမရှိပါဘူး။

ဘန်ကောက်ကပြန်စတက်လာတဲ့ ဒီပိုးတွေ့မူအပေါ် ဝန်ကြီးချုပ် Prayuth က စိုးရိမ်ကြောင်းပြောထားပြီး လက်ရှိ ဘန်ကောက်က ဖျော်ဖြေရေးလုပ်ငန်း ၂၀၀ နီးပါး ပိတ်ထားတာအပြင် နောက်ထပ်ပိတ်ဆို့ကန့်သတ်မူတွေလုပ်ဖို့ ချင့်ချိန်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG