သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမီးလောင်မှု အဆောင်နေမိန်းကလေး ၁၇ ဦးသေ


မီးလောင်ကျွမ်းခဲ့တဲ့ ဘော်ဒါဆောင်
မီးလောင်ကျွမ်းခဲ့တဲ့ ဘော်ဒါဆောင်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့ပြင်က ဘော်ဒါဆောင်တခုမှာ ညဘက်မီးလောင်ကျွမ်းတာကြောင့် မိန်းကလေး ၁၇ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ညက ၂ ထပ် သစ်သားကျောင်းဆောင် မီးလောင်မှုအတွင်း နောက်ထပ် ၅ ယောက်လည်း ဒဏ်ရာရသွားခဲ့ပြီး၊ အဲဒီထဲက ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ဒီမီးလောင်မှုအတွင်းမှာ မိန်းကလေး ၁၅ ယောက်ကတော့ ဘာဒဏ်ရာမှ မရဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ သေဆုံးဒဏ်ရာရသူအများစုဟာ ၅ နှစ်ကနေ ၁၂ အရွယ် မိန်းကလေးတွေဖြစ်ကြပါတယ်။

၂ ထပ်ကျောင်းဆောင်ရဲ့ အောက်ထပ်ကနေ စတင် မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ကျောင်းရဲ့ မန်နေဂျာကပြောပါတယ်။ မီးလောင်ကျွမ်းတဲ့အချိန်မှာ အဲဒီမှာရှိတဲ့ကျောင်းသူတချို့ က အိပ်ပျော်နေကြပြီး၊ မအိပ်ဘဲကျန်နေတဲ့ကျောင်းသူတချို့က လိုက်နိုးခဲ့ပေမယ့် အများစုက စ နောက်တယ်ထင်ပြီး ပြန်အိပ်ခဲ့ကြပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ ဘော်ဒါဆောင်
မီးလောင်ကျွမ်းခဲ့တဲ့ ဘော်ဒါဆောင်

ဘန်ကောက်မြို့မြောက်ဘက် မိုင် ၅၀၀ ကျော်အကွာမှာရှိတဲ့ အဲဒီကျောင်းဟာ မူလတန်းကျောင်းဖြစ်ပြီး နေ့ကျောင်းသားနဲ့ အဆောင်နေကျောင်းသား ၄၀၀ လောက်ရှိပါတယ်။ ကျောင်းဝင်အတွင်းမှာ ယောကျာ်းလေးအဆောင်နဲ့ မိန်းကလေးအဆောင် ၂ ခုရှိပြီး၊ ယောက်ျားလေးအဆောင်ကတော့ မီးလောင်ကျွမ်းခြင်းမရှိဘူးလို့ပြောပါတယ်။အဲဒီမှာ ကျောင်းတက်နေတဲ့သူအများစုဟာ တိုင်းရင်းသားလူနည်းစုဒေသတွေကနေ လာပြီး ကျောင်းတက်သူတွေဖြစ်ပါတယ်။

မီးဘေးကနေ လွတ်လာတဲ့မိန်းကလေးတဦးကတော့ - သူ့တို့ဟာ အမျိုးသမီးကင်းထောက်လူငယ်များသင်တန်းတုန်းက အဝတ်တွေကို တခုနဲ့တခုချီပြီး၊ ကြိုးအရှည်ကြီးပုံစံလုပ်ခဲ့တာကို သတိရလိုက်ပြီးတော့ အဲဒီလိုလုပ်ပြီး ပြတင်းပေါက် ကနေ တွယ်ဆင်းခဲ့တာလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ထိုင်းမီးလောင်မှု အဆောင်နေမိန်းကလေး ၁၇ ဦးသေ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG