(Zawgyi/Unicode)
COVID-19 ကပ္ေရာဂါ ျဖစ္ေနခ်ိန္ ေ႐ႊေစ်း ခုနစ္ႏွစ္အတြင္း အျမင့္ဆံုးျဖစ္ေနတဲ့ ထိုင္းႏုိင္ငံက ေ႐ႊဆိုင္ေတြေ႐ွ႕ မွာ ေ႐ႊေရာင္းဖုိ႔ ဒီေန႔လည္း တန္းစီေစာင့္ရတဲ့အထိ ျဖစ္ခဲ့ၾကပပါတယ္။
အဂၤါေန႔က ေ႐ႊေစ်း တေအာင္စကို ေဒၚလာ ၁,၇၃၀ ေက်ာ္ (US$1,731.25) အထိ တက္ခဲ့ၿပီးေနာက္ ခုလို ထိုင္းလူမ်ဳိးေတြ အလုအယက္ေ႐ႊေတြ ထုတ္ေရာင္းေနၾကတာျဖစ္ပါတယ္။
လူေတြအေနနဲ႔ ျဖည္းျဖည္းခ်င္းစီ ေရာင္းၾကဖုိ႔ ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha က ဗုဒၶဟူးေန႔က တိုက္တြန္းခဲ့ပါတယ္။
ေ႐ႊေရာင္းသူေတြ မ်ားေနတာေၾကာင့္ ျပန္ဝယ္ဖုိ႔ ေငြနည္းလာၿပီလို႔ ေ႐ႊဆိုင္႐ွင္ေတြက ေျပာေနၾကပါတယ္။ ေလာေလာဆယ္ ေလယာဥ္အသြားအလာ ကန္႔သတ္ခ်က္ေတြအျပင္ ေစ်းကြက္ေတြပိတ္ေနတာ၊ လူစုလူေဝးမလုပ္ရ ကန္႔သတ္ခ်က္ေတြေၾကာင့္ တျခားႏိုင္ငံေတြက ေ႐ႊျပန္ဝယ္မယ့္သူေတြကို ေရာင္းလို႔ မရတဲ့ အခက္အခဲျဖစ္ေနတယ္လို႔ ေ႐ႊဆိုင္ပိုင္႐ွင္ေတြက ေျပာၾကပါတယ္။
ျမန္မာႏိုင္ငံအပါအဝင္ အာ႐ွႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေ႐ႊကို ရင္းႏွီးျမွပ္ႏွံမႈအေနနဲ႔ ဝယ္စုၾကေလ့႐ွိပါတယ္။ လက္႐ွိ COVID-19 ကပ္ေရာဂါေၾကာင့္ ဝင္ေငြထိခိုက္ေနၾကတဲ့ ထိုင္းမိသားစုေတြက အသံုးစရိတ္အတြက္လိုအပ္တဲ့ ဝင္ေငြအတြက္ ခုလို ေ႐ႊေတြ ထုတ္ေရာင္းရတာျဖစ္တယ္လို႔ တခ်ဳိ႕က ေျပာပါတယ္။
[Unicode Version]
ရွှေဈေးတက်တဲ့ ထိုင်းနိုင်ငံမှာ ရွှေတွေ ထုတ်ရောင်းနေကြ
COVID-19 ကပ်ရောဂါ ဖြစ်နေချိန် ရွှေဈေး ခုနစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံက ရွှေဆိုင်တွေရှေ့ မှာ ရွှေရောင်းဖို့ ဒီနေ့လည်း တန်းစီစောင့်ရတဲ့အထိ ဖြစ်ခဲ့ကြပပါတယ်။
အင်္ဂါနေ့က ရွှေဈေး တအောင်စကို ဒေါ်လာ ၁,၇၃၀ ကျော် (US$1,731.25) အထိ တက်ခဲ့ပြီးနောက် ခုလို ထိုင်းလူမျိုးတွေ အလုအယက်ရွှေတွေ ထုတ်ရောင်းနေကြတာဖြစ်ပါတယ်။
လူတွေအနေနဲ့ ဖြည်းဖြည်းချင်းစီ ရောင်းကြဖို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ဗုဒ္ဓဟူးနေ့က တိုက်တွန်းခဲ့ပါတယ်။
ရွှေရောင်းသူတွေ များနေတာကြောင့် ပြန်ဝယ်ဖို့ ငွေနည်းလာပြီလို့ ရွှေဆိုင်ရှင်တွေက ပြောနေကြပါတယ်။ လောလောဆယ် လေယာဉ်အသွားအလာ ကန့်သတ်ချက်တွေအပြင် ဈေးကွက်တွေပိတ်နေတာ၊ လူစုလူဝေးမလုပ်ရ ကန့်သတ်ချက်တွေကြောင့် တခြားနိုင်ငံတွေက ရွှေပြန်ဝယ်မယ့်သူတွေကို ရောင်းလို့ မရတဲ့ အခက်အခဲဖြစ်နေတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေက ပြောကြပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများမှာ ရွှေကို ရင်းနှီးမြှပ်နှံမှုအနေနဲ့ ဝယ်စုကြလေ့ရှိပါတယ်။ လက်ရှိ COVID-19 ကပ်ရောဂါကြောင့် ဝင်ငွေထိခိုက်နေကြတဲ့ ထိုင်းမိသားစုတွေက အသုံးစရိတ်အတွက်လိုအပ်တဲ့ ဝင်ငွေအတွက် ခုလို ရွှေတွေ ထုတ်ရောင်းရတာဖြစ်တယ်လို့ တချို့က ပြောပါတယ်။