သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ကိုဗစ်အကြပ်အတည်းကာလ အလုပ်သမားတွေ ထည့်ဝင်ရတဲ့ လူမှုဖူလုံရေးစရိတ် လျှော့ချ


ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံ ကိုဗစ်အကြပ်အတည်းကာလ အလုပ်သမားတွေ ထည့်ဝင်ရတဲ့ လူမှုဖူလုံရေးစရိတ် လျှော့ချ

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ကာလအတွင်း အလုပ်သမားတွေရဲ့အကြပ်အတည်းတွေကို ဖြေလျော့ပေးတဲ့အနေနဲ့ ထိုင်းနိုင်ငံက နိုင်ငံခြားသားအလုပ်သမားတွေအပါအဝင် အလုပ်သမားတွေပေးဆောင်နေရတဲ့ လူမူ့ဖူလုံရေးအာမခံကြေးကို ထက်ဝက်လျော့ချပေးတဲ့အတွက် အလုပ်သမားရေးလှုပ်ရှားသူတွေကကြိုဆိုပါတယ် ။ ဒီသတင်းကို မအေးအေးမာကတင်ပြပေးပါမယ် ။

ထိုင်းနိုင်ငံမှာနိုင်ငံခြားသားအလုပ်သမားတွေအပါအဝင် အလုပ်သမားအားလုံး လစဉ်ပေးသွင်းရတဲ့ လူမူဖူလုံရေး အာမခံငွေကို နောက်ထပ်သုံးလလျှော့ချပေးလိုက်ကြောင်း ထိုင်းလူမှုဖူလုံရေး ကော်မတီမှ အတည်ပြုပေးခဲ့ပါတယ် ။ ထိုင်းနိင်ငံ လူမူဖူလုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ လတ်ဒါ ဆဲလီ က အခုလိုပြောသွားပါတယ်။

"ပုဒ်မ ၃၃ ပါလူမှုဖူလုံရေး အာမခံထားရှိသူလုပ်သားများအတွက်ပေးသွင်းငွေကိုလျော့ချပေးမယ်လို့ပြောသွားတာပါ"

ဘတ်ငွေတသောင်းငါးထောင်အထက် ဝင်ငွေရနေကြတဲ့ နိုင်ငံခြားသားအလုပ်သမားများအနေနဲ့လစဉ်ပေးဆောင်နေရတဲ့ လူမူဖူလုံရေး ပေးသွင်းငွေများကို လျှော့ချ ပေးမှာဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။ ကိုဗစ်ကပ်ဘေးကာလအတွင်းမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေရင်ဆိုင်နေရတဲ့အကြပ်အတည်း အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ လူမှုဖူလုံရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ နိုင်ငံတွင်းကအလုပ်သမားတွေအနေနဲ့ ရရှိတဲ့လစာငွေကနေ ၅ရာခိုင်နှုံးပေးဆောင်ရမယ့်အစား ၂.၅ ရာခိုင်နုံးသာပေးဆောင်ဖို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေးအဖွဲ့ကအလုပ်သမားရေး တာဝန်ခံဦးမင်းဦး ကအခုလိုပြောပါတယ် ။

"လူမူဖူလုံရေးဝင်တဲ့အလုပ်သမားတယောက်ဆိုရင် ပုံမှန်ဆိုပေးရမှာက လုပ်အားခရတဲ့ ၅ရာခိုင်နှုံး။ လုပ်အားခမှာက ဘတ်တသောင်းခွဲအထက်ကိုပေးစရာမလိုဘူးဆိုလိုတာက တသောင်းခွဲထိပဲ အမြင့်ဆုံးတောင်းထားတယ်။ ၇၅၀ဘတ်ထက်မကျော်ဘူးဖြတ်ရင်။အခုဆိုရင်ကျနော်တို့ ၃၀၀ကျော်ပဲပေးရမယ်အဲဒီသဘော"

အခုလိုကပ်ဘေးကာလ ဝင်ငွေနည်းချိန်မှ ာ လူမူဖူလုံရေး အာမခံကြေးလျော့ချပေးတာကို ကြိုဆိုတယ်လို့ ရွေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဌ ဦးအောင်ကျော် ကလည်းပြောပါတယ် ။

"အခုလိုကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ အလုပ်သမားတွေ ထိုက်သင့်တဲ့ဝင်ငွေ အရင်လောက်မရတော့ဘူးလေ။ သူတို့အနေနဲ့ စက်ရုံကြီးတွေအနေနဲ့အချိန်ပိုလေး တနာရီလောက်ရတာ ၊စက်ရုံလေးတွေကတော့ နေစားတောင်မမှန်ကြပဲ ရက်ခြားရက်ခြားဖွင့်နေရတဲ့ စက်ရုံလေးတွေလည်းရှိတယ်။ တချို့စက်ရုံလေးတွေကလည်းရပ်နားထားရတယ်ဆိုတော့ ကပ်ရောဂါကာလမှာ လူသားချင်းစာနာပြီး ဖြေလျော့ပေးတဲ့အနေနဲ့ အလုပ်သမားတွေဆီက တဝက်လောက်မကောက်ဘူးဆိုတော့ ဘာပဲဖြစ်ဖြစ်အများကြီးသက်သာတာပေါ့ "

အခုလူမူဖူလုံရေး အာမခံကြေးလျော့ချပေးတာဟာ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ သုံးလလျှော့ချပေးမှာဖြစ်ပြီး ၂၀၂၁ခုနှစ်ထဲမှာ ၃ကြိမ်မြောက်လျော့ချပေးတာဖြစ်ပါတယ်။ ကပ်ဘေးကာလမှာ စက်ရုံအလုပ်ရုံတွေပိတ်လိုက်တာတွေကြောင့် ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လက်မဲ့တွေလည်းများလာပါတယ် ။ အလုပ်မရှိတာကြောင့်သိန်းနဲ့ချီရှိတဲ့မြန်မာနိုင်ငံသားတွေလည်းနေရပ်ပြန်ခဲ့ကြရပါတယ် ။

ထိုင်းနိုင်ငံမှာကိုဗစ်ကပ်ဘေးကြောင့် ကူးစက်သူ ၁သန်းကျော်ရှိလာချိန်မှာ နိုင်ငံတွင်းမှာလည်း ကပ်ဘေးကြောင့် စီပွားရေး ကျဆင်းလာတဲ့အတွက် တနှစ်အတွင်းမှာ အလုပ်သမား ၉ သန်းကျော်ဟာ အလုပ်လက်မဲ့ ဖြစ်လာနိုင်မယ်လို့ ထိုင်းစီးပွားရေးပညာရှင်တွေကလည်း ပြောဆိုထားပါတယ်။

..................................................

တိုက်ရိုက် လင့်ခ်



{{Unicode}}











XS
SM
MD
LG