သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းယာယီေထာင္က အက်ဥ္းသားတခ်ဳိ႕ ေထာင္ေဖာက္ထြက္ေျပး


ထုိင္းအက်ဥ္းေထာင္ ေဖာက္ေျပးသူမ်ား ျပန္ဖမ္းမိ (ဓါတ္ပုံ၊ ထိုင္းရဲတပ္ဖြဲ႔)

ထိုင္းယာယီေထာင္က အက်ဥ္းသားတခ်ဳိ႕ ေထာင္ေဖာက္ထြက္ေျပး

{{Zawgyi/Unicode}}

ထုိင္းႏိုင္ငံ Nakhon Sawan ျပည္နယ္ထဲက လံုဖို ယာယီအက်ဥ္းေထာင္ကေန ျမန္မာႏိုင္ငံသားတဦးအပါအ၀င္ အက်ဥ္းသား ၁၁ဦး ႏို၀င္ဘာလ ၁၈ ရက္ေန့က အက်ဥ္းေထာင္ေဖာက္ထြက္ေျပးသြားခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ ကေျပာျပေပးပါမယ္ ။

ထုိင္းႏိုင္ငံ Nakhon Sawan ျပည္နယ္ထဲက လံုဖိုယာယီ အက်ဥ္းေထာင္မွာ မူးယစ္ေဆး၀ါးမႈ အပါအ၀င္တျခားရာဇ၀တ္မႈေတြနဲ႔ အက်ဥ္းက်ေနတဲ့ ျမန္မာႏိုင္ငံသားတဦးအပါအ၀င္ အက်ဥ္းသား၁၁ဦး ဟာ ႏို၀င္ဘာလ ၁၈ ရက္ေန့က အက်ဥ္းေထာင္ေဖာက္ထြက္ေျပးသြားခဲ့ပါတယ္ ။

ဒီအတြက္အက်ဥ္းသား ၁၁ ဦးစလုံးကို ရဲတပ္ဖြဲ႕က ၆ နာရီၾကာ ေျခရာခံပိတ္ဆို႔ရွာေဖြ ဖမ္းဆီးမႈေတြ ျပဳလုပ္ခဲ့ရေၾကာင္း အက်ဥ္းေထာင္ အာဏာပိုင္ေတြကို ကုိးကားျပီး ထိုင္းသတင္းေတြမွာေဖၚျပႀကပါတယ္။ ထြက္ေျပးသြားသူေတြအမ်ားစုကေတာ့ မူးယစ္ေဆးဝါးအမႈနဲ႔ အက်ဥ္းက်ခံေနရသူေတြျဖစ္ၿပီး ထိုင္းႏိုင္ငံသား၁၀ဦးနဲ့ ျမန္မာႏို္င္ငံသားတဦးပါ၀င္ပါတယ္ ။

အက်ဥ္းသားေတြကို ျပန္ဖမ္းမိႏိုင္ဖို့ Nakhon Sawan ခ႐ိုင္က အက်ဥ္းဦးစီး အရာရွိ Mr. Supachok Kuanchachai နဲ့ Nakhon Sawan အက်ဥ္းေထာင္ဝန္ထမ္းေတြ ေဒသဆိုင္ရာရဲေတြနဲ႔ အတူ ေက်း႐ြာသူႀကီးေတြ အပါအဝင္ ဝန္ထမ္း၁၀၀ေက်ာ္ဟာ ၿမိဳ ့နယ္အတြင္း ပိုက္စိတ္တိုက္ ရွာေဖြတာေတြလုပ္ခဲ့ပါတယ္ ။ ေဒသခံေတြကိုလည္း သတိေပး ေၾကညာခ်က္တေစာင္ထုတ္ျပန္ခဲ့ပါတယ္။ ျမိဳနယ္အတြင္းမွာ သံသယရွိသူကို ေတြ႕ရွိပါက ခ်က္ခ်င္းသတင္းပို႔ဖို႔ ထုတ္ျပန္ခဲ့တာပါ။

Nakhon Sawan အက်ဥ္းဦးစီးဌာနအရာရွိ Supachok Kuanchachai ကေတာ့ ေထာင္ေဖာက္ထြက္ေျပးခဲ့တဲ့အက်ဥ္းသားေတြနဲ့ ပတ္သက္လို့ ထိုင္းဘာသာနဲ့ အခုလိုေျပာပါတယ္ ။

"အခုလိုအက်ဥ္းသားေတြအစုလိုက္ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ရတာဟာ အက်ဥ္းဦးစီးဌာနအတြက္ မ်က္ႏွာပ်က္စရာ ႀကံဳခဲ့ရေပမယ့္ ေနာက္ေနာင္ ခုလို ျဖစ္ရပ္မ်ိဳးေတြ မျဖစ္လာေအာင္အားနည္းခ်က္ေတြကို ျပင္ဆင္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္လို့ ေျပာဆုိသြားပါတယ္ "

အက်ဥ္းသားေတြထြက္ေျပးသြားျပီးတဲ့ေနာက္ Nakhon Sawan ခ႐ိုင္၊ Ban Kaeng ခ႐ိုင္ Wat Sai ခ႐ိုင္တစ္ေလွ်ာက္မွာ အက်ဥ္းဦးစီးဌာနကအရာရွိေတြ တပ္ျဖန႔္ေနရာယူထားပါတယ္ ။ အက်ဥ္းသား ၁၁ ဦးစလုံးဖမ္းမိဖို့အတြက္ ၆ နာရီႀကာ အခ်ိန္ယူခဲ့ရပါတယ္။

ထြက္ေျပးလာတဲ့ အက်ဥ္းသားတဦးကေတာ့ သူငယ္ခ်င္းနဲ့အတူ ထြက္ေျပးျပီးမွ အာဏာပိုင္ေတြကပိတ္ဆို့ ဖမ္းဆီးတာေႀကာင့္ ျပန္ျပီးလာေရာက္အဖမ္းခံခဲ့တယ္လို့ဆိုပါတယ္ ။

ထြတ္ေျပးလြတ္ေျမာက္သြားလို႔ ျပန္လည္ ဖမ္းမိသြားခဲ့တဲ့ အက်ဥ္းသားထဲမွာ ျမန္မာႏိုင္ငံသား ဦးထိုင္ ဆိုသူကိုလည္း ျပန္လည္ဖမ္းဆီးႏိုင္ခဲ့ၿပီး သူဟာ မူးယစ္ေဆးမႈနဲ႔ေထာင္က်ေနသူလို႔ လည္းဆိုပါတယ္။ သူတို့အားလံုးကိုျပန္လည္ဖမ္းဆီးႏိုင္ခဲ့တယ္လိ္ု့ ညေနပိုင္းမွာ ထုိင္းအာဏာပိုင္ေတြကေျပာဆုိပါတယ္ ။

ဒီျဖစ္စဥ္ျပီးေနာက္ အက်ဥ္းေထာင္ရဲ႕ အားနည္းခ်က္ေတြကို စုံစမ္းစစ္ေဆးႏိုင္ရန္ ေကာ္မတီတစ္ရပ္ ဖြဲ႕စည္းဖို့ အက်ဥ္းဦးစီးဌာနက ၫႊန္ၾကားထားတယ္လို့ဆုိပါတယ္။ အထူးသျဖင့္ ယာယီအက်ဥ္းေထာင္ ကာကြယ္ေရးစနစ္ နဲ႔ တာဝန္က် အရာရွိေတြ တိုးျမွင့္ခ်ထားဖို့ကုိလည္း စီစဥ္ေဆာင္႐ြက္ေနတယ္လို့ ထိုင္းအက်ဥ္းဦးစီး တာ၀န္ရွိသူေတြကေျပာဆုိခဲ့ပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်းနိုင်ငံ Nakhon Sawan ပြည်နယ်ထဲက လုံဖို ယာယီအကျဉ်းထောင်ကနေ မြန်မာနိုင်ငံသားတဦးအပါအဝင် အကျဉ်းသား ၁၁ဦး နိုဝင်ဘာလ ၁၈ ရက်နေ့က အကျဉ်းထောင်ဖောက်ထွက်ပြေးသွားခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကပြောပြပေးပါမယ် ။

ထိုင်းနိုင်ငံ Nakhon Sawan ပြည်နယ်ထဲက လုံဖိုယာယီ အကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှု အပါအဝင်တခြားရာဇဝတ်မှုတွေနဲ့ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတဦးအပါအဝင် အကျဉ်းသား၁၁ဦး ဟာ နိုဝင်ဘာလ ၁၈ ရက်နေ့က အကျဉ်းထောင်ဖောက်ထွက်ပြေးသွားခဲ့ပါတယ် ။

ဒီအတွက်အကျဉ်းသား ၁၁ ဦးစလုံးကို ရဲတပ်ဖွဲ့က ၆ နာရီကြာ ခြေရာခံပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရကြောင်း အကျဉ်းထောင် အာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာဖေါ်ပြကြပါတယ်။ ထွက်ပြေးသွားသူတွေအများစုကတော့ မူးယစ်ဆေးဝါးအမှုနဲ့ အကျဉ်းကျခံနေရသူတွေဖြစ်ပြီး ထိုင်းနိုင်ငံသား၁၀ဦးနဲ့ မြန်မာနိုင်ငံသားတဦးပါဝင်ပါတယ် ။

အကျဉ်းသားတွေကို ပြန်ဖမ်းမိနိုင်ဖို့ Nakhon Sawan ခရိုင်က အကျဉ်းဦးစီး အရာရှိ Mr. Supachok Kuanchachai နဲ့ Nakhon Sawan အကျဉ်းထောင်ဝန်ထမ်းတွေ ဒေသဆိုင်ရာရဲတွေနဲ့ အတူ ကျေးရွာသူကြီးတွေ အပါအဝင် ဝန်ထမ်း၁၀၀ကျော်ဟာ မြို့နယ်အတွင်း ပိုက်စိတ်တိုက် ရှာဖွေတာတွေလုပ်ခဲ့ပါတယ် ။ ဒေသခံတွေကိုလည်း သတိပေး ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ မြိုနယ်အတွင်းမှာ သံသယရှိသူကို တွေ့ရှိပါက ချက်ချင်းသတင်းပို့ဖို့ ထုတ်ပြန်ခဲ့တာပါ။

Nakhon Sawan အကျဉ်းဦးစီးဌာနအရာရှိ Supachok Kuanchachai ကတော့ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ထိုင်းဘာသာနဲ့ အခုလိုပြောပါတယ် ။

"အခုလိုအကျဉ်းသားတွေအစုလိုက် ထွက်ပြေးလွတ်မြောက်သွားခဲ့ရတာဟာ အကျဉ်းဦးစီးဌာနအတွက် မျက်နှာပျက်စရာ ကြုံခဲ့ရပေမယ့် နောက်နောင် ခုလို ဖြစ်ရပ်မျိုးတွေ မဖြစ်လာအောင်အားနည်းချက်တွေကို ပြင်ဆင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ် "

အကျဉ်းသားတွေထွက်ပြေးသွားပြီးတဲ့နောက် Nakhon Sawan ခရိုင်၊ Ban Kaeng ခရိုင် Wat Sai ခရိုင်တစ်လျှောက်မှာ အကျဉ်းဦးစီးဌာနကအရာရှိတွေ တပ်ဖြန့်နေရာယူထားပါတယ် ။ အကျဉ်းသား ၁၁ ဦးစလုံးဖမ်းမိဖို့အတွက် ၆ နာရီကြာ အချိန်ယူခဲ့ရပါတယ်။

ထွက်ပြေးလာတဲ့ အကျဉ်းသားတဦးကတော့ သူငယ်ချင်းနဲ့အတူ ထွက်ပြေးပြီးမှ အာဏာပိုင်တွေကပိတ်ဆို့ ဖမ်းဆီးတာကြောင့် ပြန်ပြီးလာရောက်အဖမ်းခံခဲ့တယ်လို့ဆိုပါတယ် ။

ထွတ်ပြေးလွတ်မြောက်သွားလို့ ပြန်လည် ဖမ်းမိသွားခဲ့တဲ့ အကျဉ်းသားထဲမှာ မြန်မာနိုင်ငံသား ဦးထိုင် ဆိုသူကိုလည်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး သူဟာ မူးယစ်ဆေးမှုနဲ့ထောင်ကျနေသူလို့ လည်းဆိုပါတယ်။ သူတို့အားလုံးကိုပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေကပြောဆိုပါတယ် ။

ဒီဖြစ်စဉ်ပြီးနောက် အကျဉ်းထောင်ရဲ့ အားနည်းချက်တွေကို စုံစမ်းစစ်ဆေးနိုင်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ အကျဉ်းဦးစီးဌာနက ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ အထူးသဖြင့် ယာယီအကျဉ်းထောင် ကာကွယ်ရေးစနစ် နဲ့ တာဝန်ကျ အရာရှိတွေ တိုးမြှင့်ချထားဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ထိုင်းအကျဉ်းဦးစီး တာဝန်ရှိသူတွေကပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG