သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း မြန်မာနယ်စပ်မှာ စိတ်ကြွဆေး အမြောက်အများ ဖမ်းမိ


ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ကာလတန်ဖိုး ဘတ်ငွေ သန်း ၄ ထောင်ဝန်းကျင်ရှိတဲ့ ရွှေတြိဂံဒေသထုတ် စိတ်ကြွေဆေးအလုံးရေ ၁၃ သန်း နီးပါး။ (ဓာတ်ပုံ ထိုင်းရဲတပ်ဖွဲ့/အောက်တိုဘာ ၁၇၊ ၂၀၂၃)
ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ကာလတန်ဖိုး ဘတ်ငွေ သန်း ၄ ထောင်ဝန်းကျင်ရှိတဲ့ ရွှေတြိဂံဒေသထုတ် စိတ်ကြွေဆေးအလုံးရေ ၁၃ သန်း နီးပါး။ (ဓာတ်ပုံ ထိုင်းရဲတပ်ဖွဲ့/အောက်တိုဘာ ၁၇၊ ၂၀၂၃)

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် Wiang Haeng ဝင်ဟန် မြို့နယ် Piang Luang ပိုင်လောင်ကျေးရွာအနီးတောလမ်းမှာ ကာလတန်ဖိုး ဘတ်ငွေ သန်းလေးထောင်လောက်တန်ဖိုးရှိတဲ့ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးအလုံးရေ ၁၃ သန်းနီးပါးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ချင်းမိုင်ခရိုင်ထဲက ပိုင်လောင်ကျေးရွာအနီး ထိုင်းမြန်မာနယ်စပ် တောလမ်းထဲမှာ အောက်တိုဘာလ ၁၇ ရက်နေ့မနက် ၅ နာရီလောက်မှာ လူအယောက်၂၀ လောက်ပါတဲ့အဖွဲ့က မူယစ်းဆေးဝါးတွေကို ကုန်ကားပေါ် တင်နေတုန်း အဲဒီမှာ ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့်တပ်က တွေ့ခဲ့ကြပါတယ်။ ဒီမူးယစ်ဆေးဝါး မှောင်ခိုသမားတွေဟာ ထိုင်းစစ်တပ်ကို မြင်တာနဲ့ မြန်မာနယ်စပ်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ထိုင်းစစ်တပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ပေမဲ့လည်း တဦးကိုသာဖမ်းမိခဲ့ပြီး ကျန်လူတွေက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

အဲဒီဖမ်းဆီးမှုအတွင်း ကုန်ကားနှစ်စီးပေါ်မှာတင်ထားတဲ့ စိတ်ကြွဆေးပါ အိတ်ကြီးပေါင်း ၆၁ အိတ်ကို ထိုင်းနယ်ခြားစောင့်တပ်က သိမ်းဆည်းရမိခဲ့တာပါ။ အဲဒီအိတ်တွေထဲက စိတ်ကြွဆေးပြား ၁၃ သန်းနီးပါးကို (ဆယ်နှစ်သန်း ကိုးသိန်း ရှစ်သောင်း) ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၅ ဒေသ ဗိုလ်မှူး Colonel Kidakorn Chandra (ကစ်ဒါ ကွန် ချန်တရာ) က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

သူပြောသွားတာကတော့

“အခုလို သန်းပေါင်းများစွာ စိတ်ကြွဆေးတွေ ထိုင်းနိုင်ငံထဲ ပြန့်နှံ့သွားရင် ထိုင်းနိုင်ငံသား မျိုးဆက်သစ်လူငယ်တွေအတွက် မတွေးရဲစရာဖြစ်ပါတယ်။ ကလေးတွေက ဆေးစွဲမယ်။ ဒါဆိုရင်မိဘတွေလည်း ဒုက္ခတွေရောက်မယ်။ ထိုင်းတပ်ဖွဲ့တွေအနေနဲ့ မူးယစ်မှောင်ခိုဂိုဏ်းတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်မလာနိုင်အောင် မူးယစ်ဆေးတွေ သယ်ဆောင်မလာအောင် စောင့်ကြည့်ဖမ်းဆီးသွားမှာ ဖြစ်တယ်။” လို့ပြောသွားပါတယ်။

အခုရက်ပိုင်းအတွင်း မှာ ထိုင်းမြန်မာနယ်စပ်မှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြားအရည်အတွက်ဟာ သန်းပေါင်း ၄၀ ကျော်ရှိနေပြီး ဖမ်းမိ မူးယစ်ဆေးဝါးတွေအားလုံး ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးတွေ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ တရားမဝင် စိတ်ကြွဆေးပြားတွေကို ဈေးကွက်ပုံစံမျိုးစုံနဲ့ ပြောင်းလဲရောင်း ချနေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ UNODC က သတိပေးထားပါတယ်။

မက်သာဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုပမာဏနဲ့ မှောင်ခိုကူးမှု ဆက်လက်မြင့်တက်နေသလို ကက်တမင်းလို တခြား စိတ်ကြွရူးသွပ် ဆေးပြားထုတ်လုပ်မှုတွေ ပိုများလာတယ်လို့လည်း UNODC က ၂၀၂၃ ခုနှစ်ဇွန်လတုန်းက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

XS
SM
MD
LG