သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အထောက်အပံ့ ဖြတ်တောက်မှုကြောင့် မြန်မာရွှေ့ပြောင်း အကူအညီပေးသူတွေထိခိုက်


ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ကဖွင့်ထားတဲ့ကျောင်းမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားကျောင်းသူများ။ (VOA-Video screenshot)
ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ကဖွင့်ထားတဲ့ကျောင်းမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားကျောင်းသူများ။ (VOA-Video screenshot)

အမေရိကန်အစိုးရအနေနဲ့ ပညာရေးနဲ့ ကျန်းမာရေးအကူအညီတွေ ဆိုင်းငံ့မယ်၊ ရပ်ဆိုင်းမယ်ဆိုရင် ရုတ်တရက် ရပ်လိုက်တာမျိုး မလုပ်ဘဲ ကြိုတင်သတိပေးတာမျိုးလုပ်နိုင်ရင် အကူအညီဖြတ်တောက်ခံရလို့ ထိခိုက်သူ တွေအတွက် ကြိုတင်ပြင်ဆင်ချိန်ရနိုင်မယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ညွှန်ကြားရေးမှူး ဦးထူးချစ်က ဝေဖန်ပါတယ်။ ဦးထူးချစ်တည်ထောင်ထားတဲ့ FED အဖွဲ့အနေနဲ့လည်း အကူအညီ ဆိုင်းငံ့လိုက်တဲ့အတွက် ထိခိုက်ခဲ့ရတဲ့အကြောင်း VOA ကို အခုလို ပြောပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ၏ ညွှန်ကြားရေးမှူး ဦးထူးချစ် (VOA-Video screenshot)
ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ၏ ညွှန်ကြားရေးမှူး ဦးထူးချစ် (VOA-Video screenshot)

“အဖွဲ့အစည်းတခုလုံးနဲ့ဆိုင်တယ်ဆိုတော့ ၁၀ % လောက် ထိတယ်လို့ ပြောလို့ရတယ်။ ဆိုလိုချင်တာက ဝန်ထမ်း ၁၀၀ ကျော်လောက်မှာ ဆယ်ယောက်လောက်က ဝန်ထမ်း တိုက်ရိုက်လုပ်တဲ့ပရောဂျက်တွေဆိုတော့ ထိတယ်လို့ ပြောလို့ရတာပေါ့။ အဓိက,ကတော့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့ ပညာရေး၊ ကျန်းမာရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကို အဲလိုမျိုးကြီး ကြိုလည်းအကြောင်းမကြားဘဲနဲ့ ‘တိ’ကနဲ ဖြတ်တော့ ကျနော်တို့ မြေပြင်မှာလုပ်နေရတာတော့ တကယ်ကိုအခက်အခဲရှိပါတယ်။ အမှန်ဆိုလို့ရှိရင် ကြိုတင်အကြောင်းကြားတဲ့ပုံစံမျိုးနဲ့ ဖြည်းဖြည်းချင်းလိုမျိုး ဖြတ်တောက်တာမျိုးဆိုရင်တော့ ပိုပြီးတော့ လုပ်ရကိုင်ရတာ ပိုအဆင်ပြေနိုင်တာပေါ့။ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ကတော့ နဂိုကတည်းကလည်းပဲ​ နိုင်ငံတခုကိုမှီခိုပြီးတော့ ရှင်သန်နေတာမဟုတ်ဘူးလို့ ကျနော်တို့ပြောလို့ရတယ်။ ကျနော်တို့မှာ တခြား ပုဂ္ဂလိကအလှူရှင်တွေ ဂျပန်တို့လိုမျိုး နိုင်ငံတကာအလှူရှင်တွေ၊ ဥရောပလိုမျိုး၊ သြစတြေးလျလိုမျိုး အဲလိုနိုင်ငံတွေဆီကလည်း ထောက်ပံ့ကူညီမှုတွေရတယ်။ အခု ကျနော်တို့အနေနဲ့အတတ်နိုင်ဆုံးကတော့ အဖွဲ့အစည်းရဲ့ရေရှည်တည်တံ့နိုင်အောင် ပုံမှန်ရံပုံငွေရတဲ့လုပ်ငန်းတွေလည်း လုပ်ဖို့ စီစဥ်ထားသလို တခြား ဥရောပသမဂ္ဂလိုမျိုး အလှူရှင်ကြီးတွေမှာပဲ ပိုပြီးတော့ ရံပုံငွေရှာနိုင်အောင်တော့ ကျနော်တို့ ကြိုးစားနေပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ၏ ညွှန်ကြားရေးမှူး ဦးထူးချစ် ပြောြပသွားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG