သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ရွှေ့ပြောင်းကလေးငယ်များအရေး ထိုင်းလူ့အခွင့်ရေးကော်မရှင်နဲ့ FED ဆွေးနွေး


မြန်မာရွှေ့ပြောင်းကလေးငယ်များအရေး ထိုင်းလူ့အခွင့်ရေးကော်မရှင်နဲ့ FED ဆွေးနွေး (Photo Courtesy: National Human Rights Commission of Thailand)
မြန်မာရွှေ့ပြောင်းကလေးငယ်များအရေး ထိုင်းလူ့အခွင့်ရေးကော်မရှင်နဲ့ FED ဆွေးနွေး (Photo Courtesy: National Human Rights Commission of Thailand)

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေပြောင်းကလေးငယ်တွေ ဖမ်းဆီးခံရပြီးနေရပ်ပြန်ပို့တာ ရွှေ့ပြောင်းကျောင်းတွေကို ပိတ်ပင်တာတွေနဲ့ ပတ်သက်လို့ ကူညီပေးဖို့အတွက် ထိုင်းလူ့အခွင့်ရေးကော်မရှင်ကို ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)က တာဝန်ရှိသူတွေ ဇွန်လ ၂၈ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေပြောင်းကလေးငယ်တွေကို ဖမ်းဆီးပြီးနေရပ်ပြန်ပို့နေသလို၊ ရွှေ့ပြောင်းကျောင်းတွေ ကိုလည်း ပိတ်ပင်တာတွေ လုပ်လာနေတာနဲ့ပတ်သက်လို့ အကူအညီပေးဖို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နာ၊ Ms. Supatra Nacapew နဲ့ Mr. Wasan Phaileekli တို့ ဦးဆောင်တဲ့အဖွဲ့ကို သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)က အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောပါတယ်။

" အဓိကကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျောင်းတွေ များလာတယ် တချို့ကျောင်းတွေက ကလေးတွေ ဖမ်းဆီးတာ ကျောင်းတွေက ဆရာဆရာမတွေ ပြန်ပို့တာတို့ ကျောင်းတွေကို မဖွင့်ခိုင်းတာ ကျနော်တို့ တောင်ပိုင်းမှာကော ရှိတယ်၊ ဖူးခက်မှာလည်း ကျောင်းတွေကို လာပိတ်ခိုင်းတာ နားခိုင်းတာတွေလည်းရှိတယ်၊ အဲဒီလို ပြဿနာတွေရှိတော့ ကျနော်တို့က တခုလုံးအတွက်ကို ရွှေ့ပြောင်းအလုပ်သမား ကျောင်းတွေအတွက်ကို ဘယ်လို ရှိသင့်သလဲဆိုတာကို သွားဆွေးနွေးတာပါ၊ သူတို့ကို မေတ္တာရပ်ခံတာပါ ၊ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပညာရေးကို တတ်နိုင်သလောက် ပံ့ပိုးပြောဆိုပေးဖို့ အဓိကတော့ အဲဒီရည်ရွယ်ချက်ပါပဲ။ "

မြန်မာရွှေ့ပြောင်းကလေးငယ်များအရေး ထိုင်းလူ့အခွင့်ရေးကော်မရှင်နဲ့ FED ဆွေးနွေး။
မြန်မာရွှေ့ပြောင်းကလေးငယ်များအရေး ထိုင်းလူ့အခွင့်ရေးကော်မရှင်နဲ့ FED ဆွေးနွေး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံအတွင်းကို ရွှေ့ပြောင်း အခြေချလာသူတွေ ထွက်ပြေးတိမ်းရှောင် လာသူတွေထဲမှာ ကလေးတွေလည်း အများအပြားပါဝင်ပြီး ရွှေ့ပြောင်းစာသင်ကျောင်းတွေမှာကျောင်းသားတွေကို လက်ခံနိုင်တဲ့အတွက် အရည်အတွက် အကန့်အသတ်တွေ ဖြစ်လာပါတယ်။ ဒီလိုအခြေအနေမှာ ထိုင်းကျောင်းတွေကို အပ်နှံရတာ ရွှေ့ပြောင်းစာသင်ကျောင်းတွေ ထပ်ဖွင့်တာတွေ ရှိလာပါတယ်။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေကတော့ ရွှေ့ပြောင်းကျောင်းသားတွေကို အထောက်အထားမဲ့တွေအဖြစ် ဖမ်းဆီးတာတွေ နေရပ်ပြန် ပြန်ပို့တာ လုပ်နေတဲ့အတွက် ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အကူညီပေးနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သွားရောက် ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထိုင်းလူ့အခွင့်ရေးကော်မရှင်။
ထိုင်းလူ့အခွင့်ရေးကော်မရှင်။

" အန်ထောင်းခရိုင်မှာလည်း ပြီးခဲ့တဲ့နှစ်က ၁၅၆ ယောက် ထိုင်းကျောင်း တက်နေတာကို ပြန်ပို့ခံရတယ်၊ လွတ်ဘူရီမှာလည်း သွားဖမ်းတာရှိတယ်၊ မကြာခင်ကတော့ ချွန်ဘူးရီ ဖူးခက် စူရတ်ဌာနီတို့မှာ ကျောင်းတွေကို လာပိတ်ခိုင်းတာရှိတယ်၊ ကျနော်တို့က အဲဒီကိစ္စတွေကို မဖြစ်အောင် ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ ဘယ်လို ပူးပေါင်းလုပ်ကြမလဲဆိုတာ သွားဆွေးနွေးတာပါ။ အဲဒီကိစ္စတွေ မဖြစ်အောင်လို့ ကျနော်တို့နဲ့ ပညာရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ဘယ်လို ပူးပေါင်းလုပ်ကြမလဲဆိုတာ ဆွေးနွေးခဲ့တာပါ။ ဒီလကုန်လောက် ဆိုရင်တော့ ပိုမိုတိကျတဲ့ ဆွေးနွေးမှုတွေဖြစ်လာပါလိ့မ်မယ်။ "

ထိုင်းနိုင်ငံမှာ ၂၀၀၅ ခုနှစ်ကစပြီး Education for All ဆိုတဲ့ "ပညာရေးသည်အားလုံးအတွက်" ဖြစ်တယ်လို့ ပေါ်လစီချမှတ်ပြီး ကလေးတိုင်း ပညာသင်ကြားနိုင်တယ် ဆိုပေမယ့် ရွှေ့ပြောင်းကလေးတိုင်းကို ထိုင်းကျောင်းတိုင်းက လက်ခံတာမျိုး မရှိခဲ့ပါဘူး။ ဒီအတွက် နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ရွှေ့ပြောင်း ကျောင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ် တာ့ခရိုင်ထဲမှာလည်း ရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၆၃ ကျောင်း ရှိပြီး၊ ကျောင်းသားကျောင်းသူ ၁၇,၀၀၀ ကျော်လောက် စာသင်ကြားနေပါတယ်။ ထိုင်းတောင်ပိုင်းမှာတော့ ကျောင်းပေါင်း ၄၀ လောက် ရှိပြီး ကျောင်းသား ၅,၀၀၀ လောက် စာသင်ကြားနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG