သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားသွားမယ့် အထောက်အထားမဲ့ မြန်မာ ၂၀ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားများရဲ့ယခင်မှတ်တမ်းဓာတ်ပုံ (ဓါတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)
ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားများရဲ့ယခင်မှတ်တမ်းဓာတ်ပုံ (ဓါတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံ Hat Yai ခရိုင်ထဲမှာ မလေးရှားနိုင်ငံကိုအလုပ်သွားလုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ယောက်ကို ထိုင်းရဲတွေက မနေ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

Phatong အရပ် လမ်းပေါ်မှာ အမိုးဖွင့်ကားတစင်းနဲ့စောင့်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးလိုက်ပြီး ကြားခံဆက်သွယ်တဲ့ မြန်မာနိုင်ငံသားနဲ့ ထိုင်းကားသမားကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ထိုင်း အရာရှိတွေက ပြောပါတယ်။ မြန်မာနိုင်ငံသားတွေကိုထားတဲ့ နေအိမ်တိုက်ခန်းတွေကိုလည်း ရှာဖွေစစ်ဆေးကြောင်း သတင်းစာမှာရေးပါတယ်။

ဒီအတောအတွင်း Sangkhla Buri ခရိုင်မှာ မြန်မာနိုင်ငံဘက်ကို မှတ်တမ်းမှတ်ရာမရှိ ဝင်ထွက်နေတဲ့ တရုတ်နိုင်ငံသား ၁၈ယောက်နဲ့ လာအိုနိုင်ငံသူ အမျိုးသမီး ၂ ယောက်ကိုလည်း ထိုင်းရဲတွေက တနင်္လာနေ့က ဖမ်းဆီးလိုက်ပါတယ်။

မြန်မာနိုင်ငံနယ်စပ်မှာ တဘက်ကို တရားမဝင် ဝင်ထွက်နေတဲ့ မသင်္ကာဖွယ်လုပ်ရပ်တွေ တွေ့တဲ့အတွက် ထိုင်းရဲက ဖမ်းဆီးလိုက်တာလို့ သတင်းမှာဖေါ်ပြပါတယ်။

This item is part of

Forum

XS
SM
MD
LG