သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားသွားမယ့် အထောက်အထားမဲ့မြန်မာ ၈၀ ကျော် ထိုင်းဖမ်းဆီး


ကမ်ချနဘူရီ ခရိုင်အတွင်းက လှိုဏ်ဂူတခုထဲမှာ မလေးရှားနိုင်ငံကိုသွားဖို့ ပုန်းအောင်းစောင့်ဆိုင်းနေကြတဲ့ အထောက်အထားမဲ့ မြန်မာ ၁၀၀ နီးပါးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနေပုံ။ (ဇူလိုင် ၂၃၊ ၂၀၂၄၊ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ကမ်ချနဘူရီ ခရိုင်အတွင်းက လှိုဏ်ဂူတခုထဲမှာ မလေးရှားနိုင်ငံကိုသွားဖို့ ပုန်းအောင်းစောင့်ဆိုင်းနေကြတဲ့ အထောက်အထားမဲ့ မြန်မာ ၁၀၀ နီးပါးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနေပုံ။ (ဇူလိုင် ၂၃၊ ၂၀၂၄၊ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်အလုပ်လုပ်မယ့် မြန်မာနိုင်ငံသား ၈၄ ဦးကို ဇူလိုင်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ Phetchaburi ခရိုင်ထဲမှာဖမ်းမိသလို လွန်ခဲ့တဲ့ ၅ ရက်ကလည်း ကမ်ချနဘူရီ ခရိုင်အတွင်းက လှိုဏ်ဂူတခုထဲ ပုန်းအောင်းစောင့်ဆိုင်းနေကြတဲ့ မြန်မာ ၁၀၀ နီးပါးကို ဖမ်းဆီးရ မိတာလည်း ရှိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်အလုပ်လုပ်မဲ့ မြန်မာနိုင်ငံသား ၈၄ ဦးကို ဇူလိုင်လ ၂၃ ရက် နေ့က ထိုင်းနိုင်ငံ Phetchaburi ခရိုင်ထဲမှာ အစုလိုက်အပြုံလိုက်ဖမ်းမိခဲ့ကြောင်း အလုပ်သမားရေး လှုပ်ရှားသူတဦးက အခုလိုပြောပါတယ်။

“မလေးရှားနိုင်ငံကိုသွားဖို့အတွက် နေအိမ်မှာ ထိုင်းရဲတွေက နေအိမ်တလုံးကို မသင်္ကာလို့ သွား စစ်ဆေးတဲ့အခါမှာ အမျိုးသားနဲ့အမျိုးသမီး အားလုံးပေါင်း ၈၄ ဦး ဖမ်းဆီးရမိတာပေါ့ နော်။ Phetchaburi ထဲမှာ ဖမ်းမိတာပေါ့နော်။”

ဒီဖမ်းမိသူတွေဟာ ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက်လမ်းကနေ ကား ၃ စီးနဲ့လာကြသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုဆိုရင် မလေးရှားနိုင်ငံထဲခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာတွေ အများအပြားရှိနေသလို လွန်ခဲ့တဲ့ ၅ ရက်ကလည်း ကန်ချနဘူရီခရိုင် ထောင်ပါဘူးမြို့နယ်ထဲမှာ မလေးရှားကိုခိုးဝင်ဖို့ စောင့်နေကြတဲ့မြန်မာ ၈၀ ကျော်ကိုလည်း ဗာဂျီရာလောင်ကွန်းဆည်အနီးက လှိုဏ်ဂူတခုအတွင်းမှာဖမ်းမိခဲ့တယ်လို့လည်းပြောပါတယ်။

“ဇူလိုင်လ ၁၈ ရက်နေ့က ဖမ်းမိတာက သပ်သပ်မိတာ။ အဲဒါကတော့ လှိုဏ်ဂူထဲမှာမိတာ။ မြန်မာနိုင်ငံကနေ လက်လုပ်လက်စားတွေက ကုန်စျေးနှုံးကတက်၊ ဘာမှ လုပ်ကိုင်စားသောက်ဖို့က မနိုင်တော့ ဒီဘက်ကိုထွက်လာကြတာများတယ်။”

“ထိုင်းနိုင်ငံထဲမှာ တရားဝင်အထောက်အထားရှိတဲ့ မြန်မာ ၂ သန်း ၃ သိန်းကျော်ရှိပြီး တရားမဝင် အထောက်အထားမဲ့သူတွေကတော့ တရားဝင်ထက် ၂ ဆလောက်ပိုများတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲကို အစုလိုက်အပြုံလိုက် နေ့စဥ် ဝင်ရောက်လာနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG