သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေး ထိန်းသိမ်းရေးစခန်းက ထွက်ပြေးသူ ၄၀ နီးပါး ပြန်ဖမ်းမိ


မလေး ထိန်းသိမ်းရေးစခန်းက ထွက်ပြေးသူ ၄၀ နီးပါး ပြန်ဖမ်းမိ (AFP, 2024 February 2)
မလေး ထိန်းသိမ်းရေးစခန်းက ထွက်ပြေးသူ ၄၀ နီးပါး ပြန်ဖမ်းမိ (AFP, 2024 February 2)

မလေး ထိန်းသိမ်းရေးစခန်းက ထွက်ပြေးသူ ၄၀ နီးပါး ပြန်ဖမ်းမိ

မလေးရှားနိုင်ငံ Bidor လူဝင်မှုကြီးကြပ်ရေးဌာန ယာယီ ထိန်းသိမ်းရေး စခန်းကနေ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ထွက်ပြေး လွတ်မြောက်သွားခဲ့တဲ့ မြန်မာနဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် ထဲက ၃၇ဦးကို ပြန်လည် ဖမ်းမိနိုင်ခဲ့တယ်လို့ ပီရတ်ပြည်နယ် ရဲချုပ် Mohd Yusri Hassan Basri က ဖေဖေါ်ဝါရီလ ၃ရက် နေ့က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ် ။

မလေးရှားနိုင်ငံ Bidor Temporary Immigration Depot ထိန်းသိမ်းရေးစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ မြန်မာနဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်ထဲက တချို့ကို တဖြည်းဖြည်းချင်း ပြန်လည် ဖမ်းမိနေတာပါ။ အဲဒီထဲက Kampung Senta ကာပွန်စန်တာ ကျေးရွာအနီးက လယ်တောတခုအတွင်း ပုန်းနေကြတဲ့ ထွက်ပြေးသွားသူ ၁၃ ဦးကို စနေနေ့ညနေပိုင်းက ဖမ်းဆီးနိုင်ခဲ့ကြောင်းနဲ့ ထွက်ပြေးတဲ့နေ့ကနေ အခု စနေနေ့ထိဆို ပြန်လည်ဖမ်းမိသူ ၃၇ ဦး ရှိပြီဖြစ်တယ်လို့ Perak ပြည်နယ်ရဲချုပ် Mohd Yusri Hassan Basri က သတင်းထောက်တွေကို မလေးရှား ဘာသာစကားနဲ့ ခုလို အတည်ပြု ပြောဆိုသွားပါတယ်။

" ထိမ်းသိမ်းရေး စခန်းကနေ ထွက်ပြေးသွာတဲ့သူတွေဟာ အစာရေစာ ပြတ်လပ်လာတာကြောင့် တွေ့တဲ့နေအိမ် ဗလီတွေမှာ ဝင်ရောက်ပြီး သောက်ရေနဲ့အစာရေစာပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူတို့ကိုတွေ့သွားတဲ့ ဒေသခံရွာသားတွေက ရဲတပ်ဖွဲ့ထံ သတင်းပေးခဲ့ကြတာကြောင့် အခုလိုဖမ်းမိခဲ့တာပါ။ ပြန်လည်ဖမ်းမိသူတွေကို တာပက်ခရိုင်ရဲဌာနချုပ်ကို ပို့ထားပြီး တရားဥပဒေအရ အရေးယူသွားမယ်" လို့ ပြည်နယ်ရဲချုပ်က ပြောသွားပါတယ် ။

ရိုဟင်ဂျာတွေ ထွက်ပြေးသွားတဲ့ Bidor စခန်း ကိုတော့ ယာယီ ပိတ်ထားပါတယ်။ အလယ်ပိုင်းဒေသရှိ Malaysian Fire and Rescue Academy ကယ်ဆယ်ရေးလေ့လာရေးဌာနက လက်ထောက် အကြီးအကဲဟောင်း Mohamad Yunus Abu က ထွက်ပြေးသွားသူတွေကို ပထမဆုံး ခြေရာခံမိခဲ့ပါတယ်။ ဒီနောက်မှာတော့ အစာရေစာပြတ်နေတဲ့ ရိုဟင်ဂျာတွေကို ဆက်တိုက် ဖမ်းဆီးနေရာမှာ ဖေဖေါ်ဝါရီး ၃ ရက် စနေနေ့ညနေထိဆို လူ ၃၀ ကျော်ကို မလေးရှား အာဏာပိုင်တွေက ပြန်လည် ဖမ်းမိခဲ့ပါတယ်ရှင်။

လွတ်မြောက်သွားသူတွေကို ရှာဖွေဖို့အတွက် လဝက ရဲနဲ့ ဌာနဆိုင်ရာ အေဂျင်စီအသီးသီးက အင်အား ၂၇၀ ကျော် သုံးပြီး လိုက်လံရှာဖွေခဲ့တာပါ။ လွတ်မြောက်သွားသူတွေထဲမှာ ရိုဟင်ဂျာ ၁၁၅ ယောက်နဲ့ မြန်မာ ၁၆ ဦးပါဝင်ပြီး အခု စနေနေ့မှာ ၁၃ ဦး ထပ်ဖမ်းမိပါတယ်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းကနေ ရိုဟင်ဂျာဒုက္ခသည်တွေ ခုလို ထွက်ပြေးတာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလတုန်းကလည်း ရိုဟင်ဂျာဒုက္ခသည် ၅၈၂ ဦးဟာ ကီဒါ့ချ်ပြည်နယ်မြောက်ပိုင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းကနေ ထွက်ပြေးခဲ့ပြီး၊ အဲဒီတုန်းကလည်း ရိုဟင်ဂျာ ၆ ယောက်ဟာ ထွက်ပြေးရင်း အဝေးပြေးလမ်းပေါ်မှာ ကားတိုက် သေဆုံးခဲ့ဖူးပါတယ်။

XS
SM
MD
LG