သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား လူဝင်မှုထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၃၀ ကျော် ထွက်ပြေး


 မလေးရှားနိုင်ငံ Bidor လဝက ထိန်းသိမ်းရေးစခန်း (ဖေဖော်ဝါရီ ၂၊ ၂၀၂၄)
မလေးရှားနိုင်ငံ Bidor လဝက ထိန်းသိမ်းရေးစခန်း (ဖေဖော်ဝါရီ ၂၊ ၂၀၂၄)

မလေးရှာနိုင်ငံအနောက်ပိုင်း Perak ပြည်နယ် Bidor လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၃၁ ယောက်ဟာ ကြာသပတေးညကထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ရပ်စ်လင်ဂျူဆိုက ဖေဖေါ်ဝါရီလ ၂ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။ ဒီထဲက တဦးကတော့ ကားတိုက်သေဆုံးသွားတယ်လို့ဆိုပါတယ်။ ကျန်သူတွေကို လ၀က ရဲနဲ့အဖွဲ့ပေါင်းစုံကလိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးမာကသတင်းပေးပို့ထားပါတယ်။

မလေးရှာနိုင်ငံအနောက်ပိုင်း ပီရက်ခ်ပြည်နယ် ဘိုင်ဒေါ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် ထွက်ပြေး သွားတဲ့အတွက်မလေးရှားအာဏာပိုင်တွေက သူတို့ကိုအပူတပြင်းလိုက်လံ ရှာဖွေ ဖမ်းဆီးနေကြပါတယ်။ မလေးရှားနိုင်ငံ Perak ရဲချုပ် Datuk Mohd Yusri Hassan Basri ကတော့ အခင်းဖြစ်ပွားတာနဲ့ပတ်သက်လို့မလေးရှားဘာသာနဲ့အခုလိုပြောသွားပါတယ်။

"ရိုဟင်ဂျာ ၁၃၀ကျော်ထွက်ပြေးသွားကြပြီး အဲဒီလူတွေထဲက အသက်၃၀ အရွယ်အမျိုးသားတစ်ဦးကတော့ ကားတိုက်သေဆုံးခဲ့ ကြာင်း အတည် ပြုနိုင်ခဲ့ပါတယ်၊ လွတ်မြောက်သွားသူတွေကို တွေ့ရှိခဲ့ရင် သတင်းပေးကြဖို့ အတွက်အရေးပေါ်ဖုန်းလိုင်းတွေကိုဆက်သွယ်ကြဖို့ သတင်းထုတ်ပြန်ထားပါတယ်"

လွတ်မြောက်သွားသူတွေကို ရှာဖွေဖို့အတွက် လ၀က ရဲနဲ့ ဌာနဆိုင်ရာ အေဂျင်စီအသီးသီးက အင်အား ၂၇၀ကျော်သုံးပြီးလိုက်လံရှာဖွေနေကပါတယ် ။ လွတ်မြောက်သွားသူတွေဟာ ရိုဟင်ဂျာ ၁၁၅ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်တို့ဖြစ်တယ်လို့ မလေးရှားလ၀ကကတော့ အတည်ပြုပြောဆိုပါတယ်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာဒုက္ခသည်တွေ ခုလို ထွက်ပြေးတာဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလတုန်းကလည်း ရိုဟင်ဂျာဒုက္ခသည် ၅၈၂ ယောက်ကတော့ ကီဒါ့ချ်ပြည်နယ်မြောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေး စခန်းကနေ ထွက်ပြေးခဲ့ပြီး၊ အဲဒီတုန်းကလည်း ရိုဟင်ဂျာ ၆ ယောက်ဟာ ထွက်ပြေးရင်း အဝေးပြေးလမ်းပေါ်မှာ ကားတိုက်ပြီး သေဆုံးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG