သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား တောင်ပေါ်စိုက်ခင်း မြေပြိုမှု မြန်မာနိုင်ငံသား ၅ ဦးသေဆုံး


မလေးရှား တောင်ပေါ်စိုက်ခင်း မြေပြိုမှု မြန်မာ ၅ ဦးသေဆုံး (ဇန်နဝါရီ ၂၅၊၂၀၂၄)
မလေးရှား တောင်ပေါ်စိုက်ခင်း မြေပြိုမှု မြန်မာ ၅ ဦးသေဆုံး (ဇန်နဝါရီ ၂၅၊၂၀၂၄)

မလေးရှားနိုင်ငံ Cameron Highlands ကတောင်ပေါ် စိုက်ပျိုးရေးခြံတခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသား ၅ဦး သေဆုံးခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ၊ Kampung Raja မြို့၊ Cameron Highlands တောင်ပေါ်မှာ ဇန်နဝါရီလ ၂၅ရက် မနေ့ညက မြေပြိုမှု ဖြစ်သွားခဲ့တာကြောင့် အဲဒီမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသား ၅ဦးဟာ မြေပိ သေဆုံးခဲ့တယ်လို့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ဥက္ကဌ ဦးစန်းဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ မလေးရှားနိုင်ငံ Cameron Highlands မှာပေါ့၊ စိုက်ပျိုးရေးဒေသပေါ့၊ အဲဒီဒေသက အသီးအနှံ ခရမ်းသီးတို့၊ ဆလပ်ရွက်တို့၊ ဂေါ်ဖီတို့ တောင်ပေါ်ဒေသ စိုက်ပျိုးရေးလုပ်ငန်းတွေပေါ့။ အဲဒါ ကျနော်တို့ မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသားတွေ အများအပြား အလုပ် လုပ်ကိုင်နေပါတယ်။ မနေ့ညက သူတို့အိပ်ပျော်နေချိန်မှာ သူတို့လုပ်တဲ့တောင်က မိုးက ဒီရက်ပိုင်းမှာ တအားရွာပြီး တောင်က အက်ကွဲကြောင်းတွေဖြစ်ပြီး တောင်ကပြိုကျသွားတယ်။ တောင်ခြေကအိမ်မှာ အိပ်နေတဲ့ မိသားစုထဲက အမျိုးသမီးကော၊ သူရဲ့ခင်ပွန်းကော ကလေးငယ်ကော သေဆုံးသွားတယ်။ ဘေးက ချင်းတိုင်းရင်းသား ၂ယောက်ကော သေတဲ့အထဲမှာ အကုန်ပါသွားတယ်။ ၂ယောက်တော့ အခု ရှာဖွေတွေ့သွားပြီ ၃ယောက်ကတော့ ရှာမတွေ့သေးဘူး။ သူတို့က ချင်းပြည်နယ်၊ မင်းတပ်မြို့ကပါ။”

အလားတူ မြေပြိုပြီး လူသေဆုံးမူတွေက လွန်ခဲ့တဲ့ ၅နှစ်ကလည်း ဖြစ်ခဲ့ပြီးမြန်မာနိုင်ငံသားတဦး သေဆုံးတာကို သွားရောက် သဂြိုလ်ခဲ့ရဖူးတယ်လို့လည်း ဦးစန်းဝင်းက ဆက်ပြောပါတယ်။

“လွန်ခဲ့တဲ့ ၅နှစ်ကလည်း တောင်တွေကို ရှင်းလင်းပြီး လှေခါးထစ်ပုံစံ သစ်ပင်စိုက်ဖို့လုပ်တယ်။ အဲဒီမှာ အိပ်နေတုန်း မီးမရှိလို့ မြေပြိုချိန်ထွက်ပြေးတော့ မကွေးတိုင်းက တယောက်က မြေပြိုတဲ့အထဲကိုရောက်ပြီး သေဆုံးသွားတယ်။”

အဲဒီဒေသဟာ တောင်ပေါ်ဒေသဖြစ်ပြီး မြန်မာနိုင်ငံသား လူဦးရေ သောင်းဂဏန်းလောက် အလုပ်လုပ်ကိုင်နေကြတာပါ။ အများစုက ချင်းတိုင်းရင်းသားတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“သောင်းဂဏန်းလောက်ရှိပါတယ်။ မြန်မာနိုင်ငံသားအတော်များများရှိပါတယ်။ အများဆုံးက ချင်းတိုင်းရင်းသားတွေ။ ဒုတိယအများဆုံးက (တခြား)ရခိုင်တိုင်းရင်းသားတွေ။ နောက် အညာဒေသ မကွေးတိုင်းကလူတွေ အဲဒါတွေ ရှိကြပါတယ်။”

သေဆုံးသူတွေထဲမှာ အသက် အငယ်ဆုံး ၂၅ နှစ်ကနေ အသက်အကြီးဆုံး ၅၆ နှစ်ထိ ပါဝင်ပါတယ်။ ဒီထဲမှာ ၃ ဦးကတော့ မိသားစု တစုထဲက ဖြစ်ပါတယ်။ အဲဒီဒေသမှာ တရားဝင်ကော၊ တရားမဝင်ကော မြန်မာအလုပ်သမားတွေ နေထိုင်နေကြတာပါ။ အဲဒီဒေသမှာ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်သူတွေရှိ တယ်ဆိုပြီး မလေးရှားအစိုးရက ပိတ်ဆို့ပြီး အော်ပရာစီ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG