သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရောက် မြန်မာတချို့ ထောင်ဒဏ်ထိ ၊ ဖမ်းဆီးမှုတွေလည်း ဆက်လက်ရှိ


မလေးရှားနိုင်ငံမှ ာတရားမဝင်နိုင်ငံခြားသားတွေကို ဆက်လက်ဖမ်းဆီးနေ (ဇန်နဝါရီ ၊ ၂၀၂၄)
မလေးရှားနိုင်ငံမှ ာတရားမဝင်နိုင်ငံခြားသားတွေကို ဆက်လက်ဖမ်းဆီးနေ (ဇန်နဝါရီ ၊ ၂၀၂၄)

မလေးရှားနိုင်ငံမှာတရားမဝင်နိုင်ငံခြားသားတွေအော်ပရာစီစစ်ဆင်ရေးလုပ်ပြီးဆက်တိုက် ဖမ်းဆီးရာမှာ နဂရီဆမ်ဘီ လန်ပြည်နယ်မှာတော့တရားမဝင် မြန်မာ ၁၀၀ကျော်ဖမ်းဆီးခံရပါတယ်။ ပီနန်း ဘာတာဝတ် နိုက်ကလပ်တခုအတွင်းမှာ အဖမ်းခံရတဲ့ Sexy မော်ဒယ်အဖြစ်ထင်ရှားတဲ့ ဖူးပွင့်ခိုင်၂၆ ရက်နေ့ကပြန်လွတ်လာပေမဲ့ ကျန်တဲ့သူတွေကို တရားရုံးကထောင်ချလိုက်တယ်လို့ဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ဘာဒါဝတ်မြို့နယ်ထဲက နိုက်ကလပ်တခုအတွင်းမှာ မြန်မာပြည်ကအလည်လာပြီး ဖျော်ဖြေနေတုန်း အဖမ်းခံရတဲ့ Sexy မော်ဒယ် ဖူးပွင့်ခိုင်ဟာ ဇန်နဝါရီလ ၂၆ရက်နေ့က ပြန်လွတ်မြောက်လာပေမယ့် သူတို့နဲ့အတူအဖမ်းခံရတဲ့တရားမဝင်မြန်မာ ၃၀ကျော်ကတော့ တရားရုံးကနေ ထောင်ချလိုက်တယ်လို့ မလေးရှားနိုင်ငံမှာ လူမူ့ကူညီရေးလုပ်နေတဲ့ မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ဥက္ကဋ္ဌ ဦးစန်းဝင်းကအခုလိုပြောပြပါတယ်။

"၂၄ရက်နေ့ကတော့ အေမီဈာန်ကလွတ်လာတယ် ဒီနေ့(၂၆-၁-၂၄)မှာတော့ဖူးပွင့်ခိုင်နဲ့ DJသမားတယောက်ကလွတ်လာတယ် ကျန်တဲ့လူတွေကတရားမဝင်တွေနဲ့ဆက်ပြီးအဖမ်းခံထားရတယ် ၃၀ကျော်လောက်ကျန်တယ်ကျန်တာတွေကတော့ထောင်ချလိုက်ပြီပေါ့နော် ၃၀ကျော်ပေါ့၊ ဘာဒါဝတ်ပြည်နယ်ဒါဝီတရားရုံးကနေ အမိန့်ချလိုက်တာ DJ စက်တွေကိုတော့ တရားရုံးမှာပြန်လျှောက်ရမှာပေါ့နော် အစိုးရသက်သေတွေအနေနဲ့ သိမ်းထားလိုက်တယ်"

ဒီရက်ပိုင်းမှာပဲ နဂရီဆမ်ဘီ လန်ပြည်နယ်ကလူဝင်ကြီးကြပ်ရေးညွှန်ကြားရေးဌာနက အရာရှိအင်အား ၃၁၄ ဦးဟာ အော်ပရာစီစစ်ဆင်ရေးလုပ်ပြီးဖမ်းဆီးခဲ့ရာမှာ မြန်မာ ၁၀၀ကျော်အဖမ်းခံရတယ်လို့ မလေးရှားနိုင်ငံက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူဦးစိုးထက်သိမ်းကလည်းအခုလိုပြောပါတယ်။

"နဂရီဆမ်ဘီ လန်မှာဖြစ်တာပေါ့နော် နဂရီဆမ်ဘီ လန်ဆိုတော့ ကွာလာလမ်ပူနဲ့မဝေးဘူး ပြည်နယ်ပေါ့နော် နိုင်ငံခြားသား ၆၂၈ဦးဖမ်းဆီးစစ်ဆေးတယ် အဲဒီမှာမြန်မာနိုင်ငံသား ၁၀၉ဦးပါတယ် အဲဒီထဲမှာ ချင်းလူမျိုးတွေအများဆုံးပါတယ် ။ အဲဒီမှာကလေးတွေလည်းပါတယ်"

အဲဒီအဖမ်းအဆီးအတွင်း နှစ်ထပ်တိုက်ပေါ်ကနေ ခုန်ချထွက်ပြေးဖို့ကြိုးစားတဲ့မြန်မာအမျိုးသမီးတဦးလည်းအဖမ်းခံရပြီးထိခိုက်ဒဏ်ရာတွေရခဲ့ပါတယ် ။ ဒီအဖမ်းအဆီးအတွင်း မြန်မာနိုင်ငံသား အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၂၁ ဦးနဲ့ ကလေး ၄ ဦးအဖမ်းခံခဲ့ရပါတယ်။ ဆီလန်ဂါပြည်နယ်၊ စမှုံညှင်းဘက်မှာတော့ ဇန်နဝါရီ ၁၉ ရက်ကတရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၀၀ လောက်အဖမ်းခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG