သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်မှာ အထောက်အထားမဲ့မြန်မာ ၁၂ ဦးပါ ယာဉ် တိမ်းမှောက်


ထိုင်း-မြန်မာနယ်စပ် ဖွတ်ဖရမြို့နယ်ထဲမှာ အထောက်အထားမဲ့ဝင်လာတဲ့ မြန်မာ ၁၂ ဦးပါ ပစ်ကပ်ကားတိမ်းမှောက် ဒဏ်ရာရသူတွေကို ထိုင်းတာဝန်ရှိသူတွေက ကူညီကယ်ဆယ်နေစဥ်။ (မေ ၇၊ ၂၀၂၄/Photo: VOA)
ထိုင်း-မြန်မာနယ်စပ် ဖွတ်ဖရမြို့နယ်ထဲမှာ အထောက်အထားမဲ့ဝင်လာတဲ့ မြန်မာ ၁၂ ဦးပါ ပစ်ကပ်ကားတိမ်းမှောက် ဒဏ်ရာရသူတွေကို ထိုင်းတာဝန်ရှိသူတွေက ကူညီကယ်ဆယ်နေစဥ်။ (မေ ၇၊ ၂၀၂၄/Photo: VOA)

ထိုင်း-မြန်မာနယ်စပ် ဖွတ်ဖရမြို့နယ်ထဲမှာ အထောက်အထားမဲ့ဝင်လာတဲ့ မြန်မာ ၁၂ ဦးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးဟာ မေလ ၇ ရက်နေ့မနက်က တိမ်းမှောက်ပြီး လမ်းဘေးကိုထိုးကျသွားခဲ့ရာမှာ ၃ ဦးက ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဖွတ်ဖရမြို့နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာ ၁၂ ဦးကိုတင်လာတဲ့ ပစ်ကပ်ကားတစီးဟာ မေလ ၇ ရက်နေ့မနက်က တိမ်းမှောက်ခဲ့ပြီး ၁၂ ဦးလုံးဒဏ်ရာတွေ ရခဲ့တာပါ၊ ဒီထဲက ၃ ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြပါတယ်။ ၁၂ ဦး စလုံး ဖွတ်ဖရဆေးရုံမှာ ဆေးကုသခံနေရတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက အခုလိုပြောပါတယ်။

"ထိုင်း-မြန်မာနယ်စပ် ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံသားတွေကို သယ်လာတဲ့ကားတစီး ချောက်ထဲထိုးကျသွားတယ်။ ထိုင်းအစိုးရဘက်က ကယ်ဆယ်ရေးတွေက ကယ်ထားပြီး ဖွတ်ဖရဆေးရုံမှာ အတွင်းလူနာတွေအဖြစ် ကုသနေကြတယ်။တချို့လည်း ဒဏ်ရာပြင်းတယ်။ သူတို့က စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းမောင်းနှင်ရင်းဖြစ်တာပါ။ ကားပေါ်က အားလုံး ၁၂ ယောက်ပါလာတယ်။"

ကားပေါ်မှာလိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေဟာ လမ်းမဘေးကို လွင့်စင်လိမ့်ကျခဲ့ကြပြီး ၁၂ ဦးစလုံး ဒဏ်ရာရခဲ့ကြတာပါ။ အဲဒီထဲမှာ သုံးဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ အခင်းဖြစ်ရာကို သွားရောက်ကူညီခဲ့တဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ ရဲတပ်ဖွဲ့၀င်တွေ လာရောက်စစ်ဆေးချိန်မှာ ကားမောင်းသမား ထွက်ပြေးသွားခဲ့တာကြောင့် လူကုန်ကူးသူတွေနဲ့ လူကုန်ကူးခံရသူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်မလဲဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ဒဏ်ရာရတဲ့မြန်မာတွေကို ဖွတ်ဖရဆေးရုံရဲ့အရေးပေါ် လူနာဆောင်မှာ ပို့ပြီးကုသပေးနေပါတယ်။

ကားမောင်းသူက အခု ကားပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသားတွေကို နယ်စပ်တနေရာကနေ လက်ခံခေါ်ဆောင်လာတာဖြစ်ပြီး ကန်ဖယ်ဖက်ဆိုတဲ့နေရာကို ပို့ဆောင်ပေးဖို့ ခေါ်လာရင်း အခုလိုဖြစ်တာပါ။ သူတို့ဟာ လမ်းကစစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းမောင်းနှင်ရင်းနဲ့ အခုလိုအဖြစ်ကိုကြုံရတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခုလို လူကုန်ကူးမှုတွေမကြာခဏဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေကိုရှောင်ကွင်းမောင်းနှင်ရင်းနဲ့ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်မှုတွေဖြစ်လေ့ရှိပြီး ၂၀၂၃ ခုနှစ်ထဲမှာ ယာဉ်မတော်တဆမှုကြောင့် အထောက်အထားမဲ့ မြန်မာ ၂၀ ကျော်သေဆုံးခဲ့ပြီး ၈၀ ကျော်ကဒဏ်ရာတွေရရှိခဲ့ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG