သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်ဒေသက စိတ်ကြွဆေး ၁ သန်းကျော် ထိုင်းရဲ ဖမ်းမိ


ထိုင်းနိုင်ငံအယုဒ္ဒယမြို့တွင် ဖမ်းမိသော စိတ်ကြွဆေးပြားများ ၂၆၊ဇွန် ၂၀၁၇။
ထိုင်းနိုင်ငံအယုဒ္ဒယမြို့တွင် ဖမ်းမိသော စိတ်ကြွဆေးပြားများ ၂၆၊ဇွန် ၂၀၁၇။

မဲခေါင်းမြစ်ဝှမ်းရွှေကြိဂံဒေသကနေ ဝင်ရောက်လာတဲ့ ထိုင်ဘတ်ငွေ သန်း ၂၀၀ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးတသန်းကျော်ကို ဒီရက်ပိုင်းမှာပဲ ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေး တာဝန်ရှိသူတွေက အောက်တိုဘာလ ၈ရက်နေ့ မှာသတင်းစာရှင်းလင်းခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ၊ ချင်းရိုင်ပြည်နယ် အမှတ်၅ ဒေသမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းမူယစ်ထိန်းချုပ်ရေး ဌာန ဗိုလ်မှူး မွန်သရီက ဦးဆောင်ပြီး ဒီရက်ပိုင်းအတွင်းစိတ်ကြွဆေးတသန်းကျော် ဖမ်းဆီးမိတဲ့ အကြောင်းပြောဆိုသွားပါတယ်။

မဲခေါင်းမြစ်ဝှမ်းရွှေတြိဂံဒေသကနေ ထိုင်းနိုင်ငံတွင်းကို သယ်ဆောင်လာတဲ့ စိတ်ကြွဆေးအမြောက်အများကို ဖမ်းဆီးနိုင်ခဲ့ရာမှာ အောက်တိုဘာလ (၆) ရက်နေ့ညက ချင်းမိုင်ဒေသ ပါဒက် ခရိုင် အတွင်းက ဓါတ်ဆီဆိုင်တဆိုင် ရှေ့မှာ စစ်ဆေးရေး ဂိတ်ချပြီး ရှာဖွေခဲ့တာပါ။ စစ်ဆေးရေးဂိတ်မရောက်ခင်မှာပဲ ကားတချို့ဟာ ဓါတ်ဆီဆိုင်အတွင်း ရပ်ထားခဲ့ကြောင့် အဲဒီနေရာအထိ လိုက်လံ စစ်ဆေးမူတွေလုပ်ခဲ့ရာမှာ အီဇူးဇူးငွေရောင်ကားတစီးအတွင်းကနေ စိတ်ကြွဆေး ၈၀၀၈၀၀ (ရှစ်သိန်းကျော်) ဖမ်းဆီးမိခဲ့ပြီး ရဲတွေစစ်ဆေးနေစဉ် မှ ာတရားခံတွေထွက်ပြေးသွားခဲ့ကြလို ့ ကားတွင်းမှာ တွေ့ရှိခဲ့တဲ့ သက်သေခံ မှတ်ပုံတင်နဲ့ အထောက်အထားတွေ ကိုရှာဖွေခဲ့ပြီး တရားခံတွေကို လိုက်လံဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ချင်းရိုင်ပြည်နယ် ၊ မဲကျန် ခရိုင်အတွင်းက ထိုင်းတောင်ပေါ်တိုင်းရင်းသားသုံး ဦးသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၉၈၀၀၀ နဲ့ အိုက်စ်လို့ခေါ်တဲ့မူယစ်ဆေး၂၀ ကီလိုဂရမ် ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အောက်တိုဘာလ ၅ရက်နေ့က လည်း ချင်းရိုင်ခရိုင်၊ မဲဆိုင်မြို့ကနေ မောင်း လာတဲ့ ကားတစီး ကို မဲကျန်ခရိုင်စစ်ဆေးရေးဂိတ်က စစ်ဆေးတဲ့အခါ ကားဘီးအပိုကို လေလျှော့ စစ်ဆေးကြည့်ခဲ့ပါတယ်။

စိတ်ကြွဆေး ၂၄၀၀၀၀ ကို ကားဘီးအပိုထဲမှ ာစနစ်တကျထည့်ယူလာတာ တွေ့ရှိ
တယ်လို့ ဆိုပါတယ်။ ဒီစိတ်ကြွဆေးတွေဟာ ထိုင်းတောင်ပိုင်းကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ အခုဆိုရင် ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်အတွင်းက နေသယ်ဆောင်လာတဲ့ စိတ်ကြွဆေးတွေကို ထိုင်းနိုင်ငံက ဖမ်းဆီးနိုင်ခဲ့တာဟာ ၂၀၁၈ခုနှစ်အတွင်း မှာပဲ စိတ်ကြွဆေးအလုံးရေ သန်းပေါင်း ၂၀၀နီးပါးရှိပြီဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသ ချင်းစန် ခရိုင်အတွင်းကို သယ်ဆောင်လာမယ့် စိတ်ကြွ ဆေး ၄သန်းလောက်ကို ရွှေတြိဂံဒေသ နဲ့ ၁၇ ကီလိုမီတာသာဝေးတဲ့ လာအိုနိုင်ငံခွမ်ဘောကဲ့ ခရိုင် စီမင်ဂန် ကျေးရွာမှာ ဖမ်ဆီးခဲ့တယ်လို့ဆိုပါတယ်။ ဒီဆေးတွေကတော့ လာအိုပ်နိုင်ငံက နယ်မြေခံရဲတွေနဲ့ မူးယစ်ဆေးဝါးအဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာက ဖမ်းဆီးမိခဲ့ကြောင်း ကိုလည်းအောက်တိုဘာလ ၈ရက်နေ့ထုတ် ထိုင်းသတင်းတွေမှာဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG