သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်ကလာတဲ့ လိမ္မော်သီးခြင်းထဲ စိတ်ကြွဆေး ၅ သန်း ထိုင်းရဲဖမ်း


မြန်မာနယ်စပ်ကလာတဲ့ လိမ္မော်သီးခြင်းထဲ စိတ်ကြွဆေး ၅ သန်း ထိုင်းရဲဖမ်းဆီးမိ
မြန်မာနယ်စပ်ကလာတဲ့ လိမ္မော်သီးခြင်းထဲ စိတ်ကြွဆေး ၅ သန်း ထိုင်းရဲဖမ်းဆီးမိ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်မှာ လိမ္မော်သီးခြင်း တွေတင်လာတဲ့ ကားတစ်စီးကို ကြိုတင်သတင်းအရ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှာ စိတ်ကြွဆေးပြား ၅သန်းနီးပါးကိုဖမ်းမိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မြန်မာနယ်စပ်နဲ့ အနီးဆုံး ချင်းဒေါင် မြို့နယ်မှာ လိမ်မော်သီး ခြင်းတွေအောက်မှာဝှက်ပြီး သယ်ဆောင်လာတဲ့ စိတ်ကြွဆေးအထုပ်ပေါင်း ၄၉၀ ထဲမှာ စိတ်ကြွဆေးပြာ လေးသန်း၉ သိန်းကို ဖမ်းမိခဲ့တာပါ။ သစ်သီးတွေတင်ဆောင်လာတဲ့ ကုန်တင်ကားပေါ်မှာဖမ်းမိခဲ့တာ ဖြစ်ကြောင်း အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့ ဗိုလ်ချုပ် Pol. Lt. Gen. Kritthaphon Yisakorn က သတင်ရှင်းလင်ပွဲမှာ ပြောဆိုသွားပါတယ်။

အခုလိုဖမ်းမိတာဟာ တပါတ်အတွင်း တတိယအကြိမ် ဖြစ်ပါတယ်။ မူးယစ်ဆေးကုန်သည်တွေဟာ ဒေသထွက် သီးနှံတွေတင်ဆောင်ထားတဲ့ ကုန်တင်ကားငယ်တွေကိုအသုံးပြုပြီး ထိုင်းမြောက်ပိုင်းကနေ ထိုင်းနိုင်ငံအတွင်းပိုင်း ခရိုင်တွေထိ သယ်ဆောင်နေကြတာဖြစ်ပါတယ်။

အခုဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေကိုတော့ ချင်းဒေါင်ကနေ Pathum Thani ပထုန်ဌာနီဈေးကို ပို့မှာဖြစ်ပါတယ်။ စိတ်ကြွဆေးပြားတွေ ဘယ်သူက ပို့တယ်၊ ဘယ်သူတွေလက်ခံမယ်ဆိုတာ ရဲတပ်ဖွဲ့က စစ်ဆေးဖေါ်ထုတ်နိုင်ပြီဖြစ်လို့ တရားခံတွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးသွားမှာဖြစ်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။

ဒီမူးယစ်ဆေးဝါးတွေဟာ "၀"ဒေသထုတ်မူးယစ်ဆေးဝါးတွေဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ အောက်တိုဘာလ (၁)ရက်နေ့ကနေ ဒီဇင်ဘာလ ပထမပါတ်အတွင်း ထိုင်းမြောက်ပိုင်း ကနေဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးအမှုပေါင်း ၂၆မှုကို စစ်ဆေးဖမ်းဆီးနိုင်ခဲ့ပြီး မူယစ်တရားခံ ၄၂ ယောက်ကို ရုံးတင်တရားစွဲဆိုနိုင်ခဲ့ကြောင်း၊ ၃လအတွင်းမှာတော့ ကာလတန်ဘိုးဘတ်ငွေသန်းပေါင်း ၁၀၀၀ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၅၅ သန်း နဲ့ အိုက်စ် ICE ကီလို ၂၀၀ တို့ကို လည်းဖမ်မိခဲ့တယ်လို့ မူးယစ်နှိမ်နင်းရေးဗျူရိုက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG