သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သံသယရှိသူ ၂ ဦး ထိုင်းရဲသုတ်သင်


ထိုင်းနိုင်ငံ Yala ခရိုင် လုံခြုံရေးတင်းကျပ်ထား။
ထိုင်းနိုင်ငံ Yala ခရိုင် လုံခြုံရေးတင်းကျပ်ထား။

တည်ငြိမ်မှု မရှိတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဒေသမှာ သောကြာနေ့က အကြမ်းဖက်မှု အတွက် သံသယရှိသူတွေကို လိုက်လံဖမ်းဆီးနေတဲ့ ရဲတွေနဲ့ စစ်တပ်တို့ရဲ့ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမားလို့ သံသယရှိသူ ၂ ဦး သေဆုံးခဲ့ရပါတယ်။

Yala ခရိုင်ထဲက မူဆလင်ခွဲထွက်ရေးသမားတွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး အလိုရှိနေသူ အများအပြားကို လိုက်လံ ဖမ်းဆီးရာကနေ သူတို့ ၂ ဦး သေဆုံးခဲ့ရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူ တဦးကပြောပါတယ်။

ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ ထိုင်းနိုင်ငံ တောင်ဘက်ဖျားက လူနဲစု မူစလင်အများအပြား နေထိုင်ရာ ခရိုင် ၃ ခုမှာ ၂၀၀၄ ခုနှစ်ကစပြီး ခွဲထွက်ရေးသမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆ ထောင်ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီဒေသက မူစလင်တွေက သူတို့ကို ဒုတိယတန်းစား အဖြစ်ဆက်ဆံတာ ခံရတယ်လို့ မကျေမနပ်ပြောဆိုပြီး တခါတရံ အကြမ်းဖက်တုန့်ပြန်မှုတွေ လုပ်ဆောင်ခဲ့တာ ဆယ်စုနှစ်နဲ့ ချီရှိနေပြီဖြစ်ပါတယ်။

Narathwat ခရိုင်မှာလည်း တူးမြောင်းတခုထဲမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဖေါက်ခွဲရေး ပစ္စည်း တခု သိမ်းဆည်းရမိခဲ့ပြီး အဝေးထိမ်း ဖေါက်ခွဲဖို့လုပ်ထားတဲ့ အဲဒီလမ်းဟာ အစိုးရ လှည့်ကင်းတွေ ဖြတ်သွားလေ့ရှိတဲ့နေရာဖြစ်တာမို့ အခုလို ဗုံးထောင်ခဲ့မယ်လို့ သံသယရှိကြောင်း ရဲတွေက ပြောပါတယ်။

အဲဒီဒေသမှာ ရဲနဲ့ စစ်တပ်တွေ အများအပြား ချထားပေမယ့် လမ်းဘေးထောင်ဗုံးတွေနဲ့ ဖြတ်သွားရင်း ပစ်ခတ်တာတွေကိုတော့ အခုထိ မတားဆီးနိုင်သေးပါဘူး။ အိမ်နီးချင်း မလေးရှားနိုင်ငံထဲမှာ ဒီနှစ်ထဲ ထိုင်းအစိုးရအဖွဲ့နဲ့ သူပုန်အဖွဲ့တချို့က ကိုယ်စားလှယ်တွေကြား ကနဦး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့် အခုလို တိုက်ခိုက်မှုတွေကတော့ ဆက်ပြီး ဖြစ်ပွါးနေဆဲပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG