သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Prayut Chan -ocha ဝန္ႀကီးခ်ဳပ္ရာထူး ဆက္လက္ထမ္းေဆာင္မႈ ထိုင္းတခ်ိဳ႕ကန္႔ကြက္ဆႏၵျပ


Thailand Protests

ထိုင္း ဝန္ႀကီးခ်ဳပ္ Prayut Chan -ocha ကို ရာထူးမွာ ဆက္လက္ ထမ္းေဆာင္ခြင့္ျပဳလိုက္တဲ့ အေျခခံဥပေဒဆိုင္ရာ တရားရုံးရဲ႕ ဆုံးျဖတ္ခ်က္အေပၚ မေၾကနပ္ၾကတဲ့အတြက္ေၾကာင့္ ဘန္ေကာက္ၿမိဳ႕ေတာ္ ရဲ႕ လမ္းေတြေပၚမွာ စေနေန႔က ဆန္႔က်င္ဆႏၵျပၾကပါတယ္။

Prayut Chan -ocha ဝန္ႀကီးခ်ဳပ္ရာထူး ဆက္လက္ထမ္းေဆာင္မႈ ထိုင္းတခ်ိဳ႕ကန္႔ကြက္ဆႏၵျပ

{{Zawgyi/Unicode}}
ထိုင္း ဝန္ႀကီးခ်ဳပ္ Prayut Chan -ocha ကို ရာထူးမွာ ဆက္လက္ ထမ္းေဆာင္ခြင့္ျပဳလိုက္တဲ့ အေျခခံဥပေဒဆိုင္ရာ တရားရုံးရဲ႕ ဆုံးျဖတ္ခ်က္အေပၚ မေၾကနပ္ၾကတဲ့အတြက္ေၾကာင့္ ဘန္ေကာက္ၿမိဳ႕ေတာ္ ရဲ႕ လမ္းေတြေပၚမွာ စေနေန႔က ဆန္႔က်င္ဆႏၵျပၾကပါတယ္။ ဘန္ေကာက္ၿမိဳ႕ရဲ႕ ေအာင္ပြဲခံေက်ာက္တိုင္ကြင္း Victory Monument ေနရာမွာ လူေပါင္း ၅ဝဝ ဝန္က်င္ေလာက္ စုရုံးၿပီး ကန္႔ကြက္ဆႏၵျပေနၾကတာျဖစ္ပါတယ္။

အဲဒီ ဆႏၵျပပြဲမွာ ပါဝင္သူတဦးျဖစ္တဲ့ Chuveath Dethddidark က မေန႔က အေျခခံ ဥပေဒခုံရုံး ရဲ႕ ဆုံးျဖတ္ခ်က္ကို က်ေနာ္တို႔ လက္မခံႏိုင္ပါဘူး။ ဒါဟာ ႏိုင္ငံေရးျဖစ္ၿပီး တရားမွ်တတဲ့ ဆုံးျဖတ္ခ်က္ မဟုတ္ပါဘူး။ ဒါကို ဆန္႔က်င္ဆႏၵျပသူေတြ ပိုမ်ားလာလိမ့္မယ္လို႔ ေမွ်ာ္လင္ပါတယ္။ အဲဒီအတြက္ သူတို႔ရဲ႕ ဆႏၵေတြကို ပိုမိုၿပီး ထုတ္ေဖာ္ၾကလိမ့္မယ္လို႔ သူကေျပာပါတယ္။

အသက္ ၆၈ ႏွစ္ရွိ ထိုင္းစစ္ဗုိလ္ခ်ဳပ္ေဟာင္း Prayut Chan -ocha ဟာ ၿပီးခဲ့တဲ့ ၂ဝ၁၄ ခုႏွစ္က စစ္အာဏာသိမ္းခဲ့ၿပီး အာဏာရယူခဲ့ပါတယ္။

အဲဒီေနာက္ ၂ဝ၁၇ ခုႏွစ္ အေျခခံဥပေဒသစ္ရဲ႕ မူၾကမ္းမွာ ဝန္ႀကီးခ်ဳပ္ရဲ႕ အာဏာသက္တမ္းကို ၈ ႏွစ္ သတ္မွတ္ခဲ့ပါတယ္။ ႏိုင္ငံေရးပါတီေတြကေန ဒါကို ေထာက္ျပၿပီး ဒီႏွစ္ကုန္ရင္ ဝန္ႀကီးခ်ဳပ္ သက္တမ္းျပည့္ၿပီဆိုၿပီး အေျခခံဥပေဒခုံရုံးကို တင္ခဲ့ပါတယ္။

အဲဒီေနာက္ ဝန္ႀကီးခ်ဳပ္ Prayut Chan - ocha ကို ဝန္ႀကီးခ်ဳပ္ တာဝန္ကေန ယာယီဆုိင္းငံထားခဲ့ပါတယ္။

မေန႔ကေတာ့ တရားသူႀကီး ၉ ဦးရွိတဲ့ အေျခခံ ဥပေဒခုံရုံးကေန ၆ မဲ ၃ မဲ နဲ႔ ဝန္ႀကီးခ်ဳပ္ Prayut Chan -ocha ဟာ သတ္မွတ္ထားတဲ့ တာဝန္သက္တမ္းကို မေက်ာ္ေသးတဲ့အတြက္ ဆက္လက္ထမ္းေဆာင္ခြင့္ေပးေၾကာင္း ဆုံးျဖတ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................

Prayut Chan -ocha ဝန်ကြီးချုပ်ရာထူး ဆက်လက်ထမ်းဆောင်မှု ထိုင်းတချို့ကန့်ကွက်ဆန္ဒပြ

{{Zawgyi/Unicode}}
ထိုင်း ဝန်ကြီးချုပ် Prayut Chan -ocha ကို ရာထူးမှာ ဆက်လက် ထမ်းဆောင်ခွင့်ပြုလိုက်တဲ့ အခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မကြေနပ်ကြတဲ့အတွက်ကြောင့် ဘန်ကောက်မြို့တော် ရဲ့ လမ်းတွေပေါ်မှာ စနေနေ့က ဆန့်ကျင်ဆန္ဒပြကြပါတယ်။ ဘန်ကောက်မြို့ရဲ့ အောင်ပွဲခံကျောက်တိုင်ကွင်း Victory Monument နေရာမှာ လူပေါင်း ၅ဝဝ ဝန်ကျင်လောက် စုရုံးပြီး ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ Chuveath Dethddidark က မနေ့က အခြေခံ ဥပဒေခုံရုံး ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဒါဟာ နိုင်ငံရေးဖြစ်ပြီး တရားမျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဒါကို ဆန့်ကျင်ဆန္ဒပြသူတွေ ပိုများလာလိမ့်မယ်လို့ မျှော်လင်ပါတယ်။ အဲဒီအတွက် သူတို့ရဲ့ ဆန္ဒတွေကို ပိုမိုပြီး ထုတ်ဖော်ကြလိမ့်မယ်လို့ သူကပြောပါတယ်။

အသက် ၆၈ နှစ်ရှိ ထိုင်းစစ်ဗိုလ်ချုပ်ဟောင်း Prayut Chan -ocha ဟာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က စစ်အာဏာသိမ်းခဲ့ပြီး အာဏာရယူခဲ့ပါတယ်။

အဲဒီနောက် ၂ဝ၁၇ ခုနှစ် အခြေခံဥပဒေသစ်ရဲ့ မူကြမ်းမှာ ဝန်ကြီးချုပ်ရဲ့ အာဏာသက်တမ်းကို ၈ နှစ် သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကနေ ဒါကို ထောက်ပြပြီး ဒီနှစ်ကုန်ရင် ဝန်ကြီးချုပ် သက်တမ်းပြည့်ပြီဆိုပြီး အခြေခံဥပဒေခုံရုံးကို တင်ခဲ့ပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ် Prayut Chan - ocha ကို ဝန်ကြီးချုပ် တာဝန်ကနေ ယာယီဆိုင်းငံထားခဲ့ပါတယ်။

မနေ့ကတော့ တရားသူကြီး ၉ ဦးရှိတဲ့ အခြေခံ ဥပဒေခုံရုံးကနေ ၆ မဲ ၃ မဲ နဲ့ ဝန်ကြီးချုပ် Prayut Chan -ocha ဟာ သတ်မှတ်ထားတဲ့ တာဝန်သက်တမ်းကို မကျော်သေးတဲ့အတွက် ဆက်လက်ထမ်းဆောင်ခွင့်ပေးကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

XS
SM
MD
LG