သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလိုဏ်ဂူကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင် သေဆုံး


လိုဏ်ဂူအတွင်း ပိတ်မိခဲ့သည့် တောဝက်ဘောလုံးအသင်းသားများအား ကယ်ဆယ်ခဲ့စဉ်က မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၁၈)
လိုဏ်ဂူအတွင်း ပိတ်မိခဲ့သည့် တောဝက်ဘောလုံးအသင်းသားများအား ကယ်ဆယ်ခဲ့စဉ်က မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၁၈)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့က လိုဏ်ဂူအတွင်းမှာ မနှစ်က ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းကို ကယ်တင်တဲ့နေရာမှာ ပါဝင်ခဲ့တဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်တယောက်ဟာ အဲဒီ ကယ်ဆယ်ရေးလုပ်ငန်းအတွင်းမှာ ရခဲ့တဲ့ သွေးဆိပ်သင့်တဲ့ ရောဂါကြောင့် သေဆုံးသွားတယ်လို့ ထိုင်းတော်ဝင်ရေတပ်က ပြောလိုက်ပါတယ်။

ထိုင်းရေတပ် အထူးတပ်ဖွဲ့က Bayroot Pakbara ဟာ ဆေးကုသမှု ခံယူခဲ့ပေမယ့်လည်း အဲဒီရောဂါပိုးဟာ သွေးထဲကိုဝင်ပြီး သွေးဆိပ်သင့်ကာ အခြေအနေ ပိုဆိုးလာခဲ့တယ်လို့ ထိုင်းရေတပ် အထူးတပ်ဖွဲ့က သူတို့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

အခုလို သေဆုံးသွားတဲ့အတွက် သူဟာ လူအတော်များများ စိတ်ဝင်တစားနဲ့ အာရုံစိုက် စောင့်ကြည့်ခဲ့တဲ့ အဲဒီကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့တဲ့ ဒုတိယမြောက် ရေတပ်အထူးတပ်ဖွဲ့ဝင် ဖြစ်ပါတယ်။

အဲဒီကယ်ဆယ်ရေးအတွင်းမှာ ထိုင်းရေတပ် အထူးတပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူး Saman Gunan ဟာလည်း လိုဏ်ဂူအတွင်းမှာ အောက်ဆီဂျင်ဘူးတွေကို ထားနေတုန်း သေဆုံးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံက တောဝက်လူငယ်ဘောလုံးအသင်းဟာ အဲဒီလိုဏ်ဂူအတွင်းကို သွားရောက်ခဲ့စဉ် ရုတ်တရက် မိုးရွာပြီး တောင်ကျရေတွေ ကျလာခဲ့တာကြောင့် အဲဒီ လိုဏ်ဂူအတွင်းမှာ ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ ဇူလိုင်လက ၂ ပတ်ကြာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

Pakbara ရဲ့ ရုပ်အလောင်းကိုတော့ ထိုင်းနိုင်ငံတောင်ပိုင်း Satun ခရိုင်က Talosai မွတ်စလင်ဗလီမှာ သောကြာနေ့က မြှုပ်နှံခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

Pakbara ဟာ အဲဒီကယ်ဆယ်ရေး ပြီးချိန်ကစပြီး ဆေးရုံခဏခဏ တက်ခဲ့ရတယ်လို့ သူ့မိခင်က ပြောကြားကြောင်း ဒေသခံ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

----------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG