သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ မြေပြိုမှုကြောင့် ပိတ်မိနေသူ မြန်မာအပါအဝင် ၃ ဦးကို ကယ်တင်ဖို့ကြိုးပမ်း 


ထိုင်းနိုင်ငံ Nakhon Ratchasima ခရိုင်က မြေအောက် ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုမှု ကယ်ဆယ်ရေးလုပ်ငန်းခွင် (ဩဂုတ် ၂၈၊ ၂၀၂၄)
ထိုင်းနိုင်ငံ Nakhon Ratchasima ခရိုင်က မြေအောက် ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုမှု ကယ်ဆယ်ရေးလုပ်ငန်းခွင် (ဩဂုတ် ၂၈၊ ၂၀၂၄)

ထိုင်းနိုင်ငံ Nakhon Ratchasima ခရိုင် ပါချောင်မြို့နယ် ထဲက မြေအောက် ရထား လမ်းဆောက်လုပ်ရေးလုပ်ငန်းမြေပြိုမှုမှာ နာရီပေါင်း ၇၀ ကျော် ပိတ်မိနေတဲ့ မြန်မာတဦးအပါအဝင်ဆောက်လုပ်ရေး ဝန်ထမ်းသုံးဦးကို အသက်ရှင်လျက်ရှိနေကြောင်း၊ သူတို့ကိုကယ်ဆယ်နိုင်ဖို့ထိုင်းနဲ့တရုတ် ကယ်ဆယ်ရေး ဝန်ထမ်းတွေဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ အခုရက်ပိုင်းအတွင်း မိုးရေချိန် များလာတာကြောင့် အခုလို မြေပြိုကျမူတွေ ဖြစ်ပွားခဲ့တာပါ။ သြဂုတ်လ၂၅ ရက်နေ့ညပိုင်း က Nakhon Ratchasima ခရိုင်မှာ တရုတ်ထိုင်းဖက်စပ်ဆောက်လုပ်နေတဲ့ မြေအောက်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမြေပြိုကျမှုဖြစ်ခဲ့ပါတယ်။ အဲဒီမြေပြိုမှုမှာ မြေသယ်တဲ့ ကားတစီး အတွင်းမှာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေးလုပ်သားသုံးဦးကတော့ တရုတ်နိုင်ငံသား နှစ်ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်တယ်လို့ ဆောက်လုပ်ရေးတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

၂၇ ရက်နေ့ည အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပေမယ့် မြေတွေပိနေတဲ့ ကားဆီကိုရောက်ဖို့ မြေတူးရာမှာ မိုးဆက်ရွာနေတဲ့အတွက် မြေတွေဆက်ပြိုဆင်းလာနေတာကြောင့် ကယ်ဆယ်မှုတွေကို ယာယီ ရပ်ဆိုင်းထားရတယ်လို့လည်း ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ မြေအောက်ဥမင်လှိုင်ခေါင်းအတွင်းပိတ်မိနေတဲ့ သူတွေဟာ အသက်ရှင်လျက် ရှိနေကြတယ်လို့ ထိုင်းအာဏာပိုင်တွေက ၂၈ ရက်နေ့ မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ကယ်ဆယ်လုပ်ငန်းတွေလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ပြည်ထဲရေး ဒုဝန်ကြီး နိုင် အနုတင် ချာဝီရကွန် ကိုယ်တိုင် သြဂုတ်လ ၂၇ရက်နေ့မှာလာရောက်စစ်ဆေးခဲ့ပြီး သတင်းထောက်တွေကိုအခုလို ပြောဆိုသွားပါတယ်။

"အခုဆိုရင် ပိတ်မိနေတဲ့ နေရာကို Uban Search and Rescue Team (USAR) ထိုင်းကယ်ဆယ်ရေး အဖွဲ့က အနီးကပ်ဆုံးနေရာကိုရောက်အောင်သွားနေပြီး ကယ်ဆယ်ဖို့ ကြိုးစားနေကြပါတယ်။ ပြဿနာကတော့ မြေတူးတဲ့အခါ မြေတွေက ဆက်ပြီးပြိုကျလာနေတာဖြစ်ပါတယ် ။အခုဆိုရင် တရုတ်နိုင်ငံက ကယ်ဆယ်ရေးလုပ်ငန်းကျွမ်းကျင်သူတွေပါလာရောက် ကူညီရှာဖွေပေးပါတယ်"

ထိုင်းနိုင်ငံ တောင်ပိုင်း‌မှာ မြေပြိုတာတွေ ဆက်တိုက်ဖြစ်ပွား နေရာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ရက်နဲ့ ၂၃ရက်နေ့က ဖူးခက် ခရိုင်မှာမိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှု ဖြစ်ပေါ်ခဲ့တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးအပါအဝင် အသက် သေဆုံးသူ၁၃ ဦးရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူလည်း လူ ၂၀ လောက်ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG