သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို စာနာမှုအကူအညီ ဘတ် ၉ သန်း ထိုင်းကူညီ


မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ (ဧပြီ ၂၀၊ ၂၀၂၄)
မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ (ဧပြီ ၂၀၊ ၂၀၂၄)

အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ ထိုင်းဘတ်ငွေ ၉ သန်းကို ထိုင်းအစိုးရက သြဂုတ်လ ၂၆ ရက်၊ တနင်္လာနေ့က ထပ်မံ လှူဒါန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် အကူအညီတွေ ထပ်မံ ပေးသွားမယ်ဆိုတာကို ယာယီ နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ကတိပြု ပြောဆိုခဲ့တဲ့အတိုင်း ခုလို လှူဒါန်းတာဖြစ်တဲ့အကြောင်း ထိုင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

အလှူငွေတွေကိုတော့ AHA Centre လို့ အတိုကောက်ခေါ်တဲ့ သဘာဝဘေးဒုက္ခ ဆိုင်ရာ လူသားချင်း စာနာကူညီရေး အာဆီယံ ဦးဆောင်အဖွဲ့ကနေတဆင့် မြန်မာနိုင်ငံကို ကူညီဖို့ တနင်္လာနေ့က ပေးအပ်ခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန် Eksiri Pintaruchi က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစလို့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေ ပိုများလာနေတဲ့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေအတွက် ထိုင်းဘတ်ငွေ ၁၆ သန်းနီးပါး၊ (အမေရိကန်ဒေါ်လာ ၄ သိန်းခွဲ) ကူညီပေးခဲ့ကြောင်းလည်း နိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန်က ပြောပါတယ်။ နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC နဲ့ ကုလသမဂ္ဂ ကူညီပေးရေးအဖွဲ့တွေ ကနေတဆင့် ပေးအပ်ခဲ့တာလို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသူတွေကို အဓိက လက်ခံပေးနေရတဲ့ အိမ်နီးချင်း နိုင်ငံ ဖြစ်ပါတယ်။ ထိုင်း−မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ မြန်မာဒုက္ခသည် သိန်းနဲ့ချီ ခိုလုံနေကြဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG