သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ ဇီကာဗိုင်းရပ်စ်ထိကိုယ်ဝန် ဖျက်ချခွင့်ပေး


ဇီကာ နှိမ်နင်းရေး ထိုင်းမှာ ခြင်ပိုးသတ်ဆေးဖြန်းနေစဉ်
ဇီကာ နှိမ်နင်းရေး ထိုင်းမှာ ခြင်ပိုးသတ်ဆေးဖြန်းနေစဉ်

ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဆောင် မိခင်ကတဆင့် ဝမ်းတွင်းမှာရှိတဲ့ သန္ဓေသားလောင်း ကို ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရတယ်ဆိုရင် ကိုယ်ဝန်ကို လက်ရှိရှိနေတဲ့ လိုက်နာ ရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖျက်ချဖို့ခွင့်ပြုသွားမှာဖြစ်တယ်လို့ ထိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ ကလေးငယ် ၂ ဦးကို ပထမဆုံး အကြိမ်မွေးဖွားခဲ့တယ်လို့ ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုခဲ့ ပါတယ်။ ခြင်ကိုက်ရာကနေ ကူးစက်ခံရတဲ့ ဇီကာဗိုင်းရပ်စ်ပိုးကြောင့် Microcephaly လို့ခေါ်တဲ့ ဦးခေါင်းခွံသေးငယ်တဲ့ ကလေးငယ် ၂ ဦးကို မွေးဖွားခဲ့ပြီး၊ ဒါဟာ အရှေ့တောင်အာရှဒေသမှာ ပထမဆုံး ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာလည်း ဖြစ် ပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ မိခင်လောင်းတွေအတွက် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို ရေးဆွဲဖို့အတွက် ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေ အခု သီတင်းပတ်အတွင်း တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီထဲမှာ ဇီကာဗိုင်းရပ်စ် ပိုးကြောင့် မွေး လာမယ့် ကလေးငယ်အပေါ် ဆိုးဆိုးရွားရွားထိခိုက်နိုင်တယ်ဆိုရင် မိခင်လောင်းတွေ အနေနဲ့ ၊ ၂၄ ပတ်အထိ ကိုယ်ဝန်ဖျက်ချနိုင်တယ်လို့ ဆိုပါတယ်။

ဇီကာနဲ့ ပတ်သက်ပြီး ခက်ခဲ့တာ တခုကတော့ microcephaly အခြေအနေကို ဆုံးဖြတ် ရတာပါ။ ပုံမှန်အားဖြင့်တော့ ဒါက ကိုယ်ဝန်ရင့် လာတဲ့အချိန်မှာ တွေ့လာရ တာဖြစ်တယ်လို့ ထိုင်းတော်ဝင်ကောလိပ်က ဥက္ကဋ္ဌ Pisek Lumpikanon က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဆေးပညာအရ တရားဝင် ကိုယ်ဝန်ဖျက် ချနိုင်တာက ၂၄ ပတ်အထိ ဖျက်ချလို့ရပါတယ်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ ထိုင်းနိုင်ငံမှာ အဓမ္မပြုကျင့်မှု နဲ့ အမျိုးသမီးရဲ့ အသက်ကို ကယ်ဖို့ကလွဲရင်၊ ကိုယ်ဝန် ဖျက်ချတာကို တရားဝင်ခွင့်ပြုထားခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG