သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံသား ခံယူခွင့်ရတဲ့ ကလေးတွေ အနက် ကရင်နဲ့ မွန် ပါဝင်


မှတ်တမ်းဓာတ်ပုံ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၃ ခုနှစ် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ရွှေ့ပြောင်း မြန်မာ ကလေးငယ်တွေ ကြိုဆိုခဲ့ကြစဉ်။
မှတ်တမ်းဓာတ်ပုံ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၃ ခုနှစ် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ရွှေ့ပြောင်း မြန်မာ ကလေးငယ်တွေ ကြိုဆိုခဲ့ကြစဉ်။

ထိုင်း မြန်မာ နယ်စပ်ဖြစ်တဲ့ ကန်ချနဘုူရီပြည်နယ် Thong Pha Phum ခရိုင် အတွင်းမှာနေထိုင်နေကြတဲ့ အများစု ကရင်နဲ့ မွန်လူမျိုး ကလေးငယ်တွေ ပါတဲ့ လူဦးရေ ၃၄၂ ယောက်ကို ထိုင်းနိုင်ငံသားအဖြစ် ထိုင်းအစိုးရက ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ ပေးခဲ့တယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်း မြန်မာ နယ်စပ်ဖြစ်တဲ့ ကန်ချနဘူရီ ခရိုင်ထဲက ထပ်ခံနုံမြို့ဟာ ကရင်နဲ့ မွန်လူမျိုးတွေ အများဆုံး နေထိုင်နေကြတာပါ။ ဒီထဲက နိုင်ငံမဲ့ ဖြစ်နေတဲ့ ကရင်နဲ့ မွန် ကလေးငယ်တွေဟာ ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ထိုင်းနိုင်ငံမှာပဲ စာသင်ကြားနေကြတာပါ။ ဒီထဲက မွန်နဲ့ ကရင် အများစုပါတဲ့ နိုင်ငံသား တောင်းဆိုသူတွေကို ထိုင်းအစိုးရ နိုင်ငံသားအဖြစ် ပေးခဲ့တယ်လို့ ကလေးအခွင့်အရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံသူ မစ္စစ် ဖောင်သွန် က အခုလိုပြောပြပါတယ်။

“ ထပ်ခနုံမြို့မှာတော့ ကရင်နဲ့ မွန်လူမျိုများတယ်။ အားလုံး ၃၄၂ ယောက် ရသွားတယ်ပေါ့နော်။ အခု စာရွက်စာတမ်း ပြည်စုံတဲ့သူက ၁၉၂၁ ယောက် ရှိတယ်။ ထိုင်းနိုင်ငံသား လာတောင်းဆိုတဲ့သူ အဲဒီ ကန်ချနဘူရီ မြို့မှာပဲပေါ့နော်။ ၁၄၅၉ ယောက် ရှိတယ်။ ၉၇၁ ယောက်မှာ အဲဒီလူတွေက ရဖို့ အတွက် စောင့်နေကြတယ်။ ထိုင်းမှာမွေးတယ်။ ထိုင်းမှာနေတာ အနည်းဆုံး ၁၀ နှစ်ကျော် နေထိုင်တဲ့သူက ၈၀၈ ယောက် ရှိတယ်။ ၁၀ နှစ်ခံ သုည - သုည လို လက်မှတ်ရှိသူက ၁၃၃ ယောက် ပေါ့နော်။

ထိုင်းနိုင်ငံသား ရတဲ့အထဲမှာတော့ ကန်ချနဘူရီ တက္ကသိုလ်မှာ ကျောင်းပြီးတဲ့ ကရင် အမျိုးသမီးငယ်တဦးလည်း ပါဝင်တယ်လို့ ပြောပြပါတယ်။

“ အဲဒီထဲမှာ ကရင်မလေး တယောက်ဆိုရင်ပေါ့နော် သူနာမည်က နော်လဲပေါ့။ သူ့အသက်က ၂၅ နှစ် ရှိပြီ။ မောင်နှမက ၃ယောက်ရှိတယ်။ အမေ အဖေက ကရင်လူမျိုးပေါ့။ သူက ထိုင်းမှာပဲ မွေးတယ်။ ကန်ချနဘူရီက တက္ကသိုလ်မှာ တက်တယ်။ ကောင်မလေးက တက္ကသိုလ်ပြီးသွားပြီပေါ့နော်။ စာလည်းတော်တယ်။ သူလည်း ဒီနေ့မှာ ထိုင်းနိုင်ငံသား ရသွားတယ်။ အခု ထိုင်းနိုင်ငံသား တောင်းဆိုတာ ဘာမှ ပိုက်ဆံလည်း မကုန်ဘူးပေါ့နော်။ ”

ခုလို နိုင်ငံသား လေ ျှာက်တဲ့ သူပေါင်း တနိုင်ငံလုံးမှာ တသိန်းကျော် ရှိနေကြောင်း နိုင်ငံသားဖြစ်ခွင့် အကျိုးဆောင် အဖွဲ့ အကြီးအကဲ နိုင်စံတိဖုန် မွန်ဖွန် ကပြောပါတယ်။ အခု နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံရသူတွေဟာ လွန်ခဲ့တဲ့ လေးနှစ်တာ ကာ လကတည်းက နိုင်ငံသားဖြစ်ခွင့် လျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းဥပဒေမှာတော့ ထိုင်းနိုင်ငံသား အဖြစ် လေ ျှာက်ထားသူတွေကို စိစစ်တဲ့ ကာလအတွင်းမှာ အထောက်အထားတွေ ပြည်စုံဖို့ အာမခံပေးတဲ့သူတွေ ရှိဖို့နေထိုင်ခဲ့တဲ့ ကာလ ခုနှစ်တွေ အိမ်ထောင်စု စာရင်းစတဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာမြို ပိုင်ရုံးတွေကနေ စိစစ်ပြီး အဆင့်ဆင့် မြို့နယ် ခရိုင်တိုင်း အထိ လေ ျှာက်ထားကြရတာပါ။ ထိုင်းနိုင်ငံသား အဖြစ် ရသွားကြတဲ့ နိုင်ငံမဲ့ ဖြစ်ခဲ့ဘူးသူတွေဟာ အခု ထိုင်းနိုင်ငံသား ရရှိသွားပြီ ဆိုရင် ထိုင်းနိုင်ငံသားတွေ နည်းတူ တန်းတူအခွင့် အရေးနဲ့ အကျိုးခံစားခွင့်တွေ ရရှိကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG