သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ဘတ်စ်ကားတိမ်းမှောက်မှု အနည်းဆုံး ၁၈ ဦး သေဆုံး


ထိုင်းနိုင်ငံ ပရာချင်ဘူရီခရိုင်ထဲမှာ လေ့လာရေးထွက်တဲ့ကားတစီး ဘရိတ်မမိဘဲ တိမ်းမှော်သွားပုံ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅)
ထိုင်းနိုင်ငံ ပရာချင်ဘူရီခရိုင်ထဲမှာ လေ့လာရေးထွက်တဲ့ကားတစီး ဘရိတ်မမိဘဲ တိမ်းမှော်သွားပုံ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅)

ထိုင်းနိုင်ငံမှာ ဘတ်စ်ကားတိမ်းမှောက်တာကြောင့် (၁၈) ဦးထက်မနည်း သေဆုံးသွားပြီး (၂၃) ဦး ဒဏ်ရာရသွားပါတယ်။ ထိုင်းနိုင်ငံအရှေ့ဘက်ဒေသမှာ လေ့လာရေးခရီးသွားတဲ့ဘတ်စ်ကားဟာ ဒီကနေ့ ဖေဖေါ်ဝါရီ (၂၆) ရက်နေ့မှာ ဘရိတ်မမိဘဲ လမ်းဘေးတောင်နံရံတွေကိုဝင်တိုက်ပြီး မှောက်သွားတာလို့ ရဲတွေက ပြောပါတယ်။

(၁၈) ဦးသေဆုံး၊ (၂၃) ဦးဒဏ်ရာရခဲ့တဲ့ ထိုင်းနိုင်ငံတွင်း လေ့လာရေးထွက်တဲ့ဘတ်စ်ကားတိမ်းမှောက်သွားပုံ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅)
(၁၈) ဦးသေဆုံး၊ (၂၃) ဦးဒဏ်ရာရခဲ့တဲ့ ထိုင်းနိုင်ငံတွင်း လေ့လာရေးထွက်တဲ့ဘတ်စ်ကားတိမ်းမှောက်သွားပုံ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅)

“အနိမ့်ပိုင်းကို မောင်းသွားစဥ်မှာ ဘရိတ်မမိတော့တာပါ။ ယာဥ်မောင်းလည်း ယာဥ်ကို မထိန်းနိုင် တော့ဘဲ မှောက်သွားတာ” လို့ ထိုင်းရဲဗိုလ်မှူးကြီး Sophon Phramaneehe (ဆိုဖွန် ဖရာမနီးဟီး) က ပြောပါတယ်။ သေဆုံးသူတွေဟာ လေ့လာရီးခရီးထွက်ကြတဲ့ အရွယ်ရောက်ပြီးသူတွေ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။ ဘတ်စ်ကားပေါ်မှာ (၄၉) ဦး ပါဝင်ပြီး အားလုံးဟာ ထိုင်းလူမျိုးတွေ ဖြစ်တယ်လို့ ရဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဘန်ကောက်မြို့ အရှေ့ဘက် မိုင် (၁၀၀) ကျော် အကွာ၊ ပရာချင်ဘူရီ ပြည်နယ်က ယာဥ်တိမ်းမှောက်တဲ့ နေရာမှာ ကယ်ဆယ်ရေးသမားတွေ၊ ကြက်ခြေနီတွေ ကယ်ဆယ်ရေးဆောင်ရွက်နေတာကို ဆိုရှယ် မီဒီယာမှာ တွေ့ရပါတယ်။ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ကျန်ရစ်သူ မိသားစုတွေဆီ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ယာဥ်တိမ်းမှောက်မှုနဲ့ ပတ်သတ်လို့ စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ယာဥ်ကြံ့ခိုင်မှုနဲ့ စည်းမျဥ်းစည်းကမ်းအတိုင်း မောင်းနှင်မှု ရှိ မရှိ စုံစမ်းစစ်ဆေးပြီး ဥပဒေအတိုင်း အရေးယူသွားမယ်လို့ X မှာ ရေးပါတယ်။

ထိုင်းနိုင်ငံမှာ ယာဥ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုအားနည်းတာနဲ့ လမ်းတွေကို အမြဲပြုပြင် ထိန်းသိမ်းလေ့မရှိတောကြောင့် မကြာခဏ် ယာဥ်တိမ်းမှောက်လေ့ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် (၁၇၅) နိုင်ငံထဲက ယာဥ်မတော်တဆမှုကြောင့် သေဆုံးတဲ့နိုင်ငံတွေကြားမှာ အဆင့် (၉) နေရာ ချိတ်တယ်လို့ ၂၀၂၃ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကျောင်းသားကျောင်းသူကလေးငယ်တွေကိုတင်ဆောင်လာတဲ့ဘတ်စ်ကား ဂက်စ် ယိုစိမ့်ပြီးမီးလောင်တာကြောင့် ကလေးငယ် (၁၆) ဦးအပါအဝင် စုစုပေါင်း (၂၃) ဦး သေဆုံးသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG