သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ချွန်ဘူရီခရိုင်မှာ မြန်မာအများစုပါတဲ့ယာဉ်တိုက်မှု ၈ ဦးထက်မနည်းသေဆုံး


ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲက ဖတ်ထရာအဝင်အဝေးပြေးလမ်းမပေါ်မှာ လူ ၈ ဦးသေဆုံးတဲ့အထိ မြန်မာနဲ့ကမ္ဘောဒီးယားအလုပ်သမားတွေ လိုက်ပါလာတဲ့ကားတိုက်မှုမြင်ကွင်း။ (ဧပြီ ၈၊ ၂၀၂၃)
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲက ဖတ်ထရာအဝင်အဝေးပြေးလမ်းမပေါ်မှာ လူ ၈ ဦးသေဆုံးတဲ့အထိ မြန်မာနဲ့ကမ္ဘောဒီးယားအလုပ်သမားတွေ လိုက်ပါလာတဲ့ကားတိုက်မှုမြင်ကွင်း။ (ဧပြီ ၈၊ ၂၀၂၃)

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲက ဖတ်ထရာအဝင်အဝေးပြေးလမ်းမပေါ်မှာ မြန်မာနဲ့ကမ္ဘောဒီးယားအလုပ်သမားတွေ လိုက်ပါလာတဲ့ကားက တခြားကားတစီးကိုတိုက်မိတဲ့အတွက် သေဆုံးသူ ၈ ဦးထက်မနည်းရှိသွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက စနေနေ့မှာ ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ မင်မြို့၊ နောင်ခမ့်ခေါ့ကျေးရွာ အုပ်စု ၇ ဖတ်ထရာအဝင် အဝေးပြေးလမ်းမှာ ကမ္ဘောဒီးယားနဲ့မြန်မာအများစုပါတဲ့ကားဟာ ရှေ့ကတွဲကားကြီးတစင်းကို ဝင်တိုက်ခဲ့တာပါ။ အလုပ်သမား ၁၆ ယောက်ပါပြီး သူတို့ဟာ အလုပ်သမားလက်မှတ်သက်တမ်းတိုးဖို့ ကျန်ထဘူရီမြို့ကိုသွားနေတဲ့အချိန် ချွန်ဘူရီအဝေးပြေးလမ်းမပေါ်မှာ အခုလို ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ။ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသူတွေရှိသလို ကျန်တဲ့သူအားလုံးလည်း အရေးပေါ်ဌာနမှာ ကုသမှုခံနေရပါတယ်။ အခုဆိုရင် သေဆုံးသူ ၈ ဦးအထိရှိသွားပြီလို့ ချွန်ဘူရီအခြေစိုက် Foundation For Aids Rights – FAR အလုပ်သမားအဖွဲ့က အလုပ်သမား အခွင့်အရေးနဲ့ ဥပဒေပိုင်းဆိုင်ရာ တာဝန်ခံနန်းသန္တာထွန်းက အခုလို ပြောပြပါတယ်။

“မနက်ကတည်းက တိုက်မိကတည်းက ၅ယောက်သေတယ်။ လောလောဆယ် လက္ခဏာကဆိုးနေတော့ သေတဲ့သူက ၈ ယောက်ထိရှိလာပြီ။ တိုက်မိတဲ့လူတွေကို ချွန်ဘူရီဆေးရုံတရုံထဲမှာ ၃ ရုံ၊ ၄ ရုံလောက်မှာ ဖြန့်ပြီးထားတယ်။ သေတဲ့အထဲမှာ ကိုယ်ဝန်အောင်အမျိုးသမီးတဦးပါတယ်။ ကားထဲမှာ ၁၆ ယောက်ပါတယ်။ မနက်ပိုင်းကပဲ ၅ ယောက်ဆုံးတယ်။ ဆေးရုံကို ၁၁ ယောက်ပို့ထားတာ အခုဆိုရင် သေတဲ့သူ ၈ ယောက်ရှိသွားပြီ။”

လက်ရှိမှာတော့ မြန်မာနဲ့ကမ္ဘောဒီးယားတွေထဲက ဘယ်နိုင်ငံက ဘယ်နှစ်ဦး သေဆုံးသွားသလဲဆိုတာတော့ သေချာမသိရသေးဘူးလို့လည်း သူက ပြောပါတယ်။

“အခြေအနေဆိုးတယ်။ တချို့က မျက်နှာမှာဒဏ်ရာရတယ်။ တချို့က ခြေထောက်တွေဆို လည်ထွက်သွားတယ်။ ဟိုဘက် ဒီဘက်တွေဖြစ်ကုန်တယ်၊ ဒဏ်ရာတွေကအတော်ကြီးတယ်။ ကားသမားက အိပ်ငိုက်တယ်ထင်တယ်။ သူတို့ရှေ့က တွဲကား ၁၀ ဘီးကားနောက်ကို သွားတိုက်တာပါ။ ကမ္ဘောဒီးယားတွေလည်း ပါတယ်။ ပစ္စည်းတွေက ရဲကယူသွားတော့အ တည်ပြုလို့မရသေးဘူး။ စစ်ဆေးနေတုန်းပေါ့။ ကမ္ဘောဒီးယားနဲ့မြန်မာ တဝက်စီလောက်ပါတယ်။”

ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် လူ ၈ ဦးသေဆုံးတယ်လို့ ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ပြောပါတယ်။ ကားတိုက်မိချိန်က မနက် ၆ နာရီကျော် ဝန်းကျင်လောက်ဖြစ်ပြီး လက်ရှိမှာတော့ ကားပေါ်ပါလာသူအားလုံး ဆေးရုံ ၄ ခုမှာ အရေးပေါ် ကုသမှုခံရယူနေရပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}








XS
SM
MD
LG