(Zawgyi/Unicode)
ထိုင္းႏုိင္ငံမွာ ၾကက္ေမြးျမဴေရးျခံတခုနဲ႔ ပတ္သက္ၿပီး Twitter မွာ ေရးခဲ့တဲ့ အမ်ဳိးသမီး ႐ုပ္သံသတင္းေထာက္တဦးဟာ အသေရဖ်က္မႈ စြဲခ်က္နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံရတယ္လုိ႔ သူ႔ရဲ႕ေရွ႕ေနကေျပာပါတယ္။
အဲဒီအခ်ိန္က Voice TV မွာလုပ္ေနတဲ့ ႐ုပ္သံသတင္းေထာက္ Suchanee Cloitre ဟာ Thammakaset ၾကက္ေမြးျမဴေရးျခံ လုပ္ငန္းခြင္အေျခအေနေတြနဲ႔ပတ္သက္ၿပီး တရားရင္ဆိုင္ေနရတဲ့အေပၚ Twitter မွာ သူေရးခဲ့တာအတြက္ ျပစ္ဒဏ္ေပးခံရတာ ျဖစ္တယ္လို႔ သူ႔ရဲ႕ေရွ႕ေနျဖစ္သူ Woraporn Uthairangsee ကေျပာပါတယ္။
ခ်မွတ္တဲ့ျပစ္ဒဏ္က ျပင္းထန္လြန္းတဲ့အတြက္ မယံုႏိုင္ေအာင္ျဖစ္မိတယ္လို႔ Suchanee က ရိုက္တာသတင္းဌာနကို ေျပာပါတယ္။ သူ႔ရဲဲ႕ ၈ လသားအရြယ္ သားငယ္ေလးနဲ႔ပတ္သက္ၿပီး စိတ္ပူမိတယ္လို႔လည္း သူကေျပပါတယ္။
Thammakaset ၾကက္ေမြးျမဴေရးျခံက အေျခအေနေတြနဲ႔ပတ္သက္ၿပီး ထိုင္း လူ႔အခြင့္အေရးေကာ္မရွင္ကို ျမန္မာ ေရႊ႕ေျပာင္း အလုပ္သမားတစုက ၂၀၁၆ ခုႏွစ္မွာ တိုင္ၾကားခဲ့တဲ့အေပၚ အေျခခံၿပီး Suchanee က Twitter မွာ ေရးခဲ့တာပါ။
အလုပ္သမားေတြကို ၾကက္ေမြးျမဴေရးျခံက အသေရဖ်က္မႈနဲ႔ တရားျပန္စြဲတာကို ထိုင္းတရား႐ံုးက ကနဦး ပယ္ခ်ၿပီးတဲ့ေနာက္ အလုပ္သမားေတြကို နစ္နာေၾကးေပးဖို႔ ဒီႏွစ္အတြင္း ဆံုးျဖတ္ခဲ့ပါတယ္။
ေမြးျမဴေရးျခံကေတာ့ စြပ္စြဲေျပာဆိုခ်က္ေတြကို ျငင္းဆန္ၿပီး သတင္းေထာက္ အေယာက္ ၂၀ နဲ႔အတူ တက္ႂကြလႈပ္ရွားသူေတြကို တရားျပန္စြဲခဲ့ပါတယ္။ အခုလို သတင္းေထာက္တေယာက္ကို ပစ္ဒဏ္ခ်လိုက္တဲ့ အေပၚ Thammakaset ေမြးျမဴေရးျခံ ကေတာ့ တစံုတရာမွတ္ခ်က္မေပးခဲ့ပါဘူး။
ေလာေလာဆယ္မွာ အာမခံနဲ႔ ေနေနတဲ့ အသက္ ၃၀ အရြယ္ Suchanee က သူ အယူခံဝင္မယ္လို႔ ေျပာပါတယ္။
..............
ထိုင်း အမျိုးသမီးရုပ်သံသတင်းထောက် အသရေဖျက်မှုနဲ့ ထောင် ၂ နှစ်ချမှတ်ခံရ
(Unicode)
ထိုင်းနိုင်ငံမှာ ကြက်မွေးမြူရေးခြံတခုနဲ့ ပတ်သက်ပြီး Twitter မှာ ရေးခဲ့တဲ့ အမျိုးသမီး ရုပ်သံသတင်းထောက်တဦးဟာ အသရေဖျက်မှု စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။
အဲဒီအချိန်က Voice TV မှာလုပ်နေတဲ့ ရုပ်သံသတင်းထောက် Suchanee Cloitre ဟာ Thammakaset ကြက်မွေးမြူရေးခြံ လုပ်ငန်းခွင်အခြေအနေတွေနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရတဲ့အပေါ် Twitter မှာ သူရေးခဲ့တာအတွက် ပြစ်ဒဏ်ပေးခံရတာ ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူ Woraporn Uthairangsee ကပြောပါတယ်။
ချမှတ်တဲ့ပြစ်ဒဏ်က ပြင်းထန်လွန်းတဲ့အတွက် မယုံနိုင်အောင်ဖြစ်မိတယ်လို့ Suchanee က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ သူ့ရဲ့ ၈ လသားအရွယ် သားငယ်လေးနဲ့ပတ်သက်ပြီး စိတ်ပူမိတယ်လို့လည်း သူကပြေပါတယ်။
Thammakaset ကြက်မွေးမြူရေးခြံက အခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်း လူ့အခွင့်အရေးကော်မရှင်ကို မြန်မာ ရွှေ့ပြောင်း အလုပ်သမားတစုက ၂၀၁၆ ခုနှစ်မှာ တိုင်ကြားခဲ့တဲ့အပေါ် အခြေခံပြီး Suchanee က Twitter မှာ ရေးခဲ့တာပါ။
အလုပ်သမားတွေကို ကြက်မွေးမြူရေးခြံက အသရေဖျက်မှုနဲ့ တရားပြန်စွဲတာကို ထိုင်းတရားရုံးက ကနဦး ပယ်ချပြီးတဲ့နောက် အလုပ်သမားတွေကို နစ်နာကြေးပေးဖို့ ဒီနှစ်အတွင်း ဆုံးဖြတ်ခဲ့ပါတယ်။
မွေးမြူရေးခြံကတော့ စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆန်ပြီး သတင်းထောက် အယောက် ၂၀ နဲ့အတူ တက်ကြွလှုပ်ရှားသူတွေကို တရားပြန်စွဲခဲ့ပါတယ်။ အခုလို သတင်းထောက်တယောက်ကို ပစ်ဒဏ်ချလိုက်တဲ့အပေါ် Thammakaset မွေးမြူရေးခြံကတော့ တစုံတရာမှတ်ချက်မပေးခဲ့ပါဘူး။
လောလောဆယ်မှာ အာမခံနဲ့ နေနေတဲ့ အသက် ၃၀ အရွယ် Suchanee က သူ အယူခံဝင်မယ်လို့ ပြောပါတယ်။