သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ကန့်သတ်ရက်အသစ် ဇန်နဝါရီလ ၁၊ ၂၀၁၈ အထိတိုး


ထိုင်းနိုင်ငံတွင်း အဖမ်းအဆီးတွေကြောင့် ပြန်လာကြတဲ့ မြန်မာ လုပ်သားများ။ ဓာတ်ပုံ- MOI
ထိုင်းနိုင်ငံတွင်း အဖမ်းအဆီးတွေကြောင့် ပြန်လာကြတဲ့ မြန်မာ လုပ်သားများ။ ဓာတ်ပုံ- MOI

ထိုင်းနိုင်ငံမှာ မကြာခင်က အသစ်ထုတ်ပြန်ထားတဲ့ အလုပ်သမားဆိုင်ရာ ဥပဒေ စည်းကမ်းချက် တွေကြောင့် ဖမ်းဆီး အရေးယူ ခံရမယ့်အရေး စိုးရိမ်ပူပန်ပြီး သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်း လုပ်သားတွေ ဌာနေပြန်နေကြပါတယ်။

အခုတော့ ဒီဥပဒေ ကိုဆိုင်းငံ့ထားဖို့ထိုင်းစစ်အစိုးရက မနေ့ကပဲ အထူးအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အို ချာက ထုတ်ပြန် လိုက်တဲ့ အထူးအမိန့်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကို နောက်ဆုံးထားပြီး ထိုင်းနိုင်ငံအတွင်းက တရားမဝင် လုပ်သားတွေ မှတ်ပုံတင်ရမယ်လို့ဆိုပါတယ်။

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အလုပ်သမား ဆိုင်ရာ စည်းကမ်းချက် အသစ်တွေ အရ တရားမဝင် အလုပ်သမားတွေကို မိရင် ထောင်ဒဏ် ၅ နှစ် အထိ ကျခံရ နိုင်ပါတယ်။ ဒီစည်းကမ်းချက် တွေကြောင့် အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ကမ္ဘောဒီးယား နိုင်ငံတွေက ထိုင်းမှာ လာပြီး လုပ်နေကြတဲ့ အလုပ်သမား တွေထဲက အနည်းဆုံး လူ ၃ သောင်းလောက် ဌာနေ ပြန်ကုန်ကြပါပြီ။

တရားဝင် အလုပ်လုပ်ခွင့် မရှိတဲ့ အလုပ်သမားတွေကို ငှားရမ်းနေတဲ့ အလုပ်ရှင်တွေအနေနဲ့အမေရိကန် ဒေါ်လာ ၂ သောင်း ၃ထောင့် ၅ရာန ညီမျှတဲ့ ထိုင်းဘတ်ငွေ ၈သိန်း အစိုးရကို ဒဏ်ကြေးပေးရမှာပါ။ ထိုင်းနိုင်ငံ အတွင်း နိုင်ငံခြားသား အလုပ်သမား ၂.၆ သန်း လောက် ရှိလိမ့်မယ်လို့ခန့်မှန်းရပြီး အဲဒီအထဲက တဝက်လောက်က တရားမဝင် အလုပ်လုပ်နေကြတဲ့ သူတွေလို့ယုံကြည်ရပါတယ်။

အလုပ်သမားဆိုင်ရာ ဥပဒေသစ်ကြောင့် ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့လိုအပ်လို့သူ့ရဲ့ ဆိုင်းငံ့တဲ့ ဥပဒေကို ထုတ်ပြန်ရ တာလို့ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG