သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမားေတြရွိရာ ထိုင္းစက္႐ုံမွာ ကိုဗစ္ကူးစက္မႈေတြေတြ႕ရွိ


(Zawgyi/ Unicode)

ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ဖက္က Khon Kaen ျပည္နယ္မွာ ျမန္မာႏိုင္ငံသား အမ်ားအျပား အလုပ္လုပ္ေနၾကတဲ့ စက္႐ုံတခုမွာ ကိုဗစ္ေရာဂါ ကူးစက္မႈေတြ ေတြ႕ရွိခဲ့တာေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္လိုက္ေၾကာင္း ေဒသခံ အာဏာပိုင္ေတြက ေျပာပါတယ္။

ငါးဖမ္းပိုက္စက္႐ုံမွာ အလုပ္သမားေတြ အစုလိုက္အျပံဳလိုက္ ေရာဂါကူးစက္ေနတာ ေတြ႕ခဲ့ရတာေၾကာင့္ အဂၤါေန႔မွာပဲ ကန္႔သတ္မိန္႔ ထုတ္ျပန္လိုက္တာယပါ။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္း ထိုင္းအေျခစိုက္ သတင္းေထာက္ မေအးေအးမာ ကေျပာျပေပးမွာပါ။

ထိုင္း - လာအို နယ္စပ္ Khon Kaen ျပည္နယ္မွာရွိတဲ့ ျမန္မာေတြ အမ်ားဆံုး အလုပ္လုပ္ကုိင္ေနတဲ့ ငါးဖမ္းပုိက္လုပ္တဲ့ စက္ရံုက အလုပ္သမားေတြ အစုလိုက္ အျပံဳလိုက္ ကိုဗစ္ကပ္ေရာဂါ ကူးစက္တာေႀကာင့္ စက္ရံုကို ကန့္သတ္ပိတ္ဆို့မႈ လုပ္လိုက္ရေႀကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Somsak Jangtrakul ကေျပာပါတယ္။ ထုိင္းေတာင္ပိုင္း အေျခစိုက္ ပညာေရးနဲ့ ဖြံ့ ျဖိဳးတိုးတက္ေရးအဖဲြ ့က အလုပ္သမားေရးရာ တာ၀န္ခံ ဦးမင္းဦးကအခုလိုေျပာျပပါတယ္။

" Khon Kaen ျပည္နယ္မွာ ငါးဖမ္းပိုက္လုပ္တဲ့ စက္ရံုေတြရွိတယ္။ အဲဒီမွာျမန္မာေတြ အမ်ားစုရွိတယ္။ အဲဒီမွာ MOU (ႏွစ္ႏုိင္ငံသေဘာတူစာခ်ဳပ္)န့ဲလာတဲ့သူေတြလည္းရွိတယ္။ ရိုးရိုးအလုပ္သမားေတြလည္းရွိတယ္။ ငါးဖမ္းပုိက္လုပ္တဲ့ စက္ရံုေတြမွာ အလုပ္သမားအုပ္စုေတြႀကားမွ ာအုပ္စုလိုက္ ကူးစက္မႈေတြ ့တာ။

အဓိက ကေတာ့ Nam Phong and နဲ့ Mancha Khiri ဆိုတဲ့ျမိဳ႔နယ္ ၂ခုမွာရွိတဲ့ စက္ရံုေတြ အလုပ္သမားတန္းလ်ားေတြ ေစ်းေတြကို Lockdown ခ်လိုက္တာေပါ့ေနာ္။ အခု ေတြ ့တဲ့အုပ္စုက ၁၈၄ေယာက္ရွိတယ္။ "

ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ၾကားထဲမွာေကာ ေစ်းနဲ႔ ေထာင္ေတြမွာလည္းအခုရက္ပိုင္းအတြင္း ကူးစက္မႈေတြတိုးလာေနလို႔ ေစာင့္ၾကည့္ရတဲ့ ျပည္နယ္တခုျဖစ္ေၾကာင္း ျပည္နယ္အာဏာပိုင္ေတြက ေျပာပါတယ္။ အစုလိုက္ အျပံဳလိုက္ ကူးစက္ခံထားရတဲ့ လူနာေတြနဲ့ ပတ္သက္လို့ေတာ့ ေဆးကုသမူေတြေပးဖို့ အာဏာပိုင္ေတြက စီစဥ္ေနတယ္လို့ လည္း ဦးမင္းဦးေျပာပါတယ္။

" ကူးစက္ထားတဲ့သူေတြကိုေတာ့ သီးသန့္ခဲြထားမယ္၊ လိုအပ္တဲ့ေဆးကုသမႈ ေပးမယ္လို့ေတာ့ေျပာတယ္။ "

ထိုင္းႏိုင္ငံ၊ Khon Kaen ျပည္နယ္ထဲမွာေတာ့ ကုိဗစ္ကာကြယ္ေဆး ကို လူဦးေရရဲ ့၇၀ ရာခိုင္ႏႈန္း ထိုးႏွံျပီးျပီးလို့ဆုိပါတယ္ ။ ထုိင္းႏိုင္ငံမွာ တႏိုင္ငံလံုး အႏွံ႔ ကုိဗစ္အတည္ျပဳလူနာ ၁၈၀,၀၀၀ ေက်ာ္ရွိျပီး ေအာက္တိုဘာလ ၁၉ ရက္ေန့ တေန့တည္ းကူးစက္သူက ၉၀၀၀ ေက်ာ္ရွိေနပါတယ္။ ေသဆံုးသူစုစုေပါင္းကလည္း ၁၈၀၀၀ ေက်ာ္ရွိတယ္လို့ က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳ ထုတ္ျပန္ထားပါတယ္ ။

ထုိင္းအစုိးရကေတာ့ ကိုဗစ္ျဖစ္ပြားမႈႏႈန္း ေလ်ာ့က်လာတဲ့ အတြက္ ကန့္သတ္ခ်က္တခ်ိဳ ့ကို ေျဖေလွ်ာ့တာေတြ လုပ္ေနျပီး ျမန္မာအပါအ၀င္ အိမ္နီးနားခ်င္း နယ္စပ္ေတြကို လာမဲ့ ၂၀၂၂ ခုႏွစ္ ႏွစ္ဆန္းမွာျပန္ဖြင့္ဖို့စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာအလုပ်သမားတွေရှိရာ ထိုင်းစက်ရုံမှာ ကိုဗစ်ကူးစက်မှုတွေတွေ့ရှိ

ထိုင်းနိုင်ငံ အရှေ့မြောက်ဖက်က Khon Kaen ပြည်နယ်မှာ မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်နေကြတဲ့ စက်ရုံတခုမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လိုက်ကြောင်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ငါးဖမ်းပိုက်စက်ရုံမှာ အလုပ်သမားတွေ အစုလိုက်အပြုံလိုက် ရောဂါကူးစက်နေတာ တွေ့ခဲ့ရတာကြောင့် အင်္ဂါနေ့မှာပဲ ကန့်သတ်မိန့် ထုတ်ပြန်လိုက်တာယပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ ကပြောပြပေးမှာပါ။

ထိုင်း - လာအို နယ်စပ် Khon Kaen ပြည်နယ်မှာရှိတဲ့ မြန်မာတွေ အများဆုံး အလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းပိုက်လုပ်တဲ့ စက်ရုံက အလုပ်သမားတွေ အစုလိုက် အပြုံလိုက် ကိုဗစ်ကပ်ရောဂါ ကူးစက်တာကြောင့် စက်ရုံကို ကန့်သတ်ပိတ်ဆို့မှု လုပ်လိုက်ရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Somsak Jangtrakul ကပြောပါတယ်။ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးကအခုလိုပြောပြပါတယ်။

" Khon Kaen ပြည်နယ်မှာ ငါးဖမ်းပိုက်လုပ်တဲ့ စက်ရုံတွေရှိတယ်။ အဲဒီမှာမြန်မာတွေ အများစုရှိတယ်။ အဲဒီမှာ MOU (နှစ်နိုင်ငံသဘောတူစာချုပ်)နဲ့လာတဲ့သူတွေလည်းရှိတယ်။ ရိုးရိုးအလုပ်သမားတွေလည်းရှိတယ်။ ငါးဖမ်းပိုက်လုပ်တဲ့ စက်ရုံတွေမှာ အလုပ်သမားအုပ်စုတွေကြားမှ ာအုပ်စုလိုက် ကူးစက်မှုတွေ့တာ။ အဓိက ကတော့ Nam Phong and နဲ့ Mancha Khiri ဆိုတဲ့မြို့နယ် ၂ခုမှာရှိတဲ့ စက်ရုံတွေ အလုပ်သမားတန်းလျားတွေ ဈေးတွေကို Lockdown ချလိုက်တာပေါ့နော်။ အခု တွေ့တဲ့အုပ်စုက ၁၈၄ယောက်ရှိတယ်။ "

ရွှေ့ပြောင်းအလုပ်သမားတွေ ကြားထဲမှာကော ဈေးနဲ့ ထောင်တွေမှာလည်းအခုရက်ပိုင်းအတွင်း ကူးစက်မှုတွေတိုးလာနေလို့ စောင့်ကြည့်ရတဲ့ ပြည်နယ်တခုဖြစ်ကြောင်း ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ အစုလိုက် အပြုံလိုက် ကူးစက်ခံထားရတဲ့ လူနာတွေနဲ့ ပတ်သက်လို့တော့ ဆေးကုသမူတွေပေးဖို့ အာဏာပိုင်တွေက စီစဉ်နေတယ်လို့ လည်း ဦးမင်းဦးပြောပါတယ်။

" ကူးစက်ထားတဲ့သူတွေကိုတော့ သီးသန့်ခွဲထားမယ်၊ လိုအပ်တဲ့ဆေးကုသမှု ပေးမယ်လို့တော့ပြောတယ်။ "

ထိုင်းနိုင်ငံ၊ Khon Kaen ပြည်နယ်ထဲမှာတော့ ကိုဗစ်ကာကွယ်ဆေး ကို လူဦးရေရဲ့၇၀ ရာခိုင်နှုန်း ထိုးနှံပြီးပြီးလို့ဆိုပါတယ် ။ ထိုင်းနိုင်ငံမှာ တနိုင်ငံလုံး အနှံ့ ကိုဗစ်အတည်ပြုလူနာ ၁၈၀,၀၀၀ ကျော်ရှိပြီး အောက်တိုဘာလ ၁၉ ရက်နေ့ တနေ့တည် းကူးစက်သူက ၉၀၀၀ ကျော်ရှိနေပါတယ်။ သေဆုံးသူစုစုပေါင်းကလည်း ၁၈၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ် ။

ထိုင်းအစိုးရကတော့ ကိုဗစ်ဖြစ်ပွားမှုနှုန်း လျော့ကျလာတဲ့ အတွက် ကန့်သတ်ချက်တချို့ကို ဖြေလျှော့တာတွေ လုပ်နေပြီး မြန်မာအပါအဝင် အိမ်နီးနားချင်း နယ်စပ်တွေကို လာမဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းမှာပြန်ဖွင့်ဖို့စီစဉ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG