သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း မြန်မာ နယ်စပ်ရေးရာကိစ္စ ၂ နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေး


ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ထိုင်းမြန်မာနယ်စပ် မဲဆိုင်ချောင်းအနီး ရေလွှမ်းမိုးမှု စစ်ဆေးနေစဉ်။
(စက်တင်ဘာ ၁၃- ၂၀၂၄)
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ထိုင်းမြန်မာနယ်စပ် မဲဆိုင်ချောင်းအနီး ရေလွှမ်းမိုးမှု စစ်ဆေးနေစဉ်။ (စက်တင်ဘာ ၁၃- ၂၀၂၄)

ထိုင်းမြန်မာနှစ်နိုင်ငံ နယ်ခြား ရေလွှမ်းမိုးမှု ပြသနာကို ဖြေရှင်းရေး တစိတ်တပိုင်း အဖြစ် မယ်ဆိုင် ချောင်းထဲမှာ ကျုးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေ ဖျက်သိမ်းရေး နှစ်နိုင်ငံအရာရှိတွေ ဒီနေ့ ဆွေးနွေးကြမယ့်အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

နယ်ခြား မယ်ဆိုင်ချောင်းနဲ့ Nam Ruak ချောင်းတွေရဲ့ နယ်နမိတ် ကိစ္စ ဒီနေ့ ထိုင်းမြန်မာ နယ်စပ် ပူးတွဲကော်မတီ အစည်းအဝေးမှာ ဆွေးနွေးဖို့ မနေ့က အတည်ပြုထားတဲ့အကြောင်း ထိုင်း စစ်တပ် နယ်ခြားရေးရာအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Natthaphong Phraokaeo က ပြောဆိုထားပါတယ်။

မယ်ဆိုင်ချောင်း ရေစီးကောင်းပြီး ရေလွှမ်းမိုး ပိတ်ဆို့တာတွေ မဖြစ်အောင် အနည်းဆုံး ပေ ၃၀ အကျယ် ရှိသင့်တယ်ဆိုပြီး ထိုင်းဘက်က အဆိုပြုထားပါတယ်။ ပြီးခဲ့တဲ့လက ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေလွှမ်းမိုးခဲ့ပြီး မယ်ဆိုင်ချောင်း ရေလျှံခဲ့တာကြောင့် နယ်စပ် Sai Lom Joy ဈေး အပါအဝင် တာချီလိတ်မြို့အတွင်းက ရပ်ကွက်တွေ အများအပြား ရေနစ်မြုပ်ခဲ့ပါတယ်။

ရာဂီမုန်တိုင်းဒဏ်ကြောင့် ပထမရေကြီးတဲ့ ဒဏ်ခံထားရလို့ သန့်ရှင်းရေးနဲ့ ပြန်လည်ထောင်ရေးတွေ လုပ်နေချိန်မှာပဲ နောက်တကြိမ် မိုးတွေ အပြင်းအထန်ရွာပြီး ရေလွှမ်းမိုးမှုတွေ ထပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရေလွှမ်းမိုးမှု ထပ်မဖြစ်အောင်၊ ရေလွှဲတွေမှာ ပိတ်ဆို့မှုအဖြစ်အောင် ပူးပေါင်းဆောင်ရွက်ရေး ထိုင်းဘက်က အဆိုပြုနေပါတယ်။

မယ်ဆိုင်ချောင်းထဲကို မြန်မာနိုင်ငံဘက်ခြမ်းက ရွှံ့နွံနဲ့ အမှိုက်တွေ ပစ်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ထိုင်း နယ်ခြားကော်မတီက ကန့်ကွက်ထားပါတယ်။

ထိုင်း မြန်မာ နယ်စပ်ရေးရာကိစ္စ ၂ နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေး
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG