သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်ဟောင်း ချွန်လိပိုင် ထိုင်းလွှတ်တော်ဥက္ကဋ္ဌ အရွေးခံရ


ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်နဲ့ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ Chuan Leekpai (နိုဝင်ဘာ၊ ၂၉၊ ၂၀၁၀)
ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်နဲ့ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ Chuan Leekpai (နိုဝင်ဘာ၊ ၂၉၊ ၂၀၁၀)

ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်နဲ့ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ Chuan Leekpai က Pheu Thai ပါတီအမတ် Sompong Amornvivat ကို ၂၅၈ မဲ- ၂၃၅ မဲနဲ့အနိုင်ရပြီး ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် စနေနေ့မှာ ရွေးချယ် ခံရပါတယ်။

ချွန်လိပိုင်ဟာ လက်ရှိအာဏာရ စစ်အုပ်စုနဲ့ သဘောထား တူသူလည်း ဖြစ်ပါတယ်။ လွှတ်တော်အမတ် ၄၉၇ ဦးရဲ့ထောက်ခံမဲနဲ့ စစ်အစိုးရက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေကို ရွေးချယ်ခဲ့ပြီး နောက်တရက်ဖြစ်တဲ့ စနေနေ့ မနက်ပိုင်းက ထိုင်းလွှတ်တော်ကို ကျင်းပခဲ့တာပါ။

လူငယ်တွေရဲ့ ထောက်ခံမှု ရထားတဲ့ Future Forward Party ခေါင်းဆောင် Thanathorn Juangroongruangkit ကတော့ တရားရုံးက အမိန့်တခုကြောင့် လွှတ်တော်ကို တက်ခွင့်မရပါဘူး။ နိုင်ငံရေးမှာ ရေပန်းစားနေတဲ့ Thanathorn ကို ထိုင်းရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အမတ်အဖြစ် အသိမှတ်ပြုထားပေမဲ့ မီဒီယာကုမ္ပဏီတခုက အစုရှယ်ယာတွေကို တရားမဝင် ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။

Thanathorn ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး သူရွေးကောက်ပွဲ မဝင်ခင်မှာ အဲဒီအစုရှယ်ယာကို တရားဝင် ရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ပြစ်မှုထင်ရှားခဲ့ရင် Thanathorn ဟာ လွှတ်တော်အမတ် အဖြစ်ကနေ ပြန်ရုပ်သိမ်းခံရဖွယ် ရှိပါတယ်။

Thanathorn ရဲ့ Future Forward ပါတီဟာ စစ်ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်ရေး အဆုံးသတ်ဖို့ ကြိုးပမ်းတဲ့ပါတီဖြစ်ပြီး ထိုင်းရွေးကောက်ပွဲမှာ တတိယနေရာက အနိုင်ရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG