(Zawgyi / Unicode)
စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္မွာ စစ္ဆင္ေရးလုပ္ေနတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ခိုက္ေနတဲ့ ေဒသခံ ကာကြယ္ေရး တပ္ဖဲြ႕ေတြဟာ တ႐ုတ္၀မ္ေပါင္ ကုမၸဏီေၾကးနီစီမံကိန္းကို သြယ္တန္းထားတဲ့ အဓိက လွ်ပ္စစ္ဓာတ္အားေပးလိုင္းကို ေဖာက္ခဲြဖ်က္ဆီးလိုက္ပါတယ္။ ေဖာက္ခဲြဖ်က္ဆီးမႈ ျဖစ္ခဲ့ၿပီးေနာက္တေန႔ စေနေန႔မွာလည္း စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖဲြ႕ေတြၾကား ပစ္ခတ္မႈတခ်ဳိ႕ ရွိေနတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ ေျပာျပေပးမွာ ျဖစ္ပါတယ္။
စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးတပ္ဖဲြ႕ေတြၾကား တိုက္ခိုက္မႈေတြ ျဖစ္ေနခ်ိန္မွာပဲ တ႐ုတ္ဝမ္ေပါင္ကုမၸဏီရဲ့ ေၾကးနီးစီမံကိန္းကို သြယ္တန္းထားတဲ့ အဓိက လွ်ပ္စစ္မီးတိုင္ကို ေဖာက္ခဲြဖ်က္ဆီးလိုက္္တာပါ။ ဒီအတြက္ ေဖာက္ခဲြမႈျဖစ္ခဲ့တဲ့ ေသာၾကာေန႔ ညကစၿပီး စီမံကိန္း လုပ္ငန္းခြင္မွာ မီးေတြျပတ္ေတာက္ ကုန္တယ္လို႔ ေဒသခံ သံဃာေတာ္တပါးက မိန္႔ပါတယ္။
“ ၀မ္ေပါင္ကုမၸဏီကုိ သြယ္တန္းထားတဲ့ ဂြႀကီးနဲ႔ လွ်ပ္စစ္မီးတို္င္ကုိ အဲဒါကို မုိင္းခဲြလိုက္တာ။ မိုင္းခဲြလိုက္တာနဲ႔ တၿပိဳင္တည္း မီးက ျပတ္သြားတယ္။ ၀မ္ေပါင္ ကုမၸဏီထဲမွာဘဲ မီးျပတ္သြားတယ္။ က်န္တဲ႔ ေက်းရြာေတြကေတာ့ မီးမျပတ္သြားဘူး။ အရင္တုန္းကေတာ့ ရြာေတြ မီးျပတ္ရင္ေတာင္ သူက မျပတ္ဘူး။ အခုကေတာ့ သူတို႔ တိုက္႐ိုက္ မီး၀င္တဲ႔ တိုင္ကို ဖ်က္လိုက္တာ ဆိုေတာ့ သူဘဲ ျပတ္သြားတယ္။ စစ္ေကာင္စီကိုေတာ့ ပုလဲသြားရင္လည္း သူက လက္ခံထားတယ္။ ယင္းမာပင္ သြားရင္လည္း သူက လက္ခံထားတယ္။ အခု အဲဒီထဲကေန ထြက္ထြက္လာၿပီး လက္ပံေတာင္းေတာင္ ပတ္၀န္းက်င္ တဝိုက္မွာလည္း စစ္ေၾကာင္းထိုးတယ္။ အဲဒီကို ျပန္၀င္သြားတာလည္း ရွိတယ္။ အဲဒီကေန စာေရး ေသာက္ေရး စီစဥ္ေပးတာေတြလည္း ရွိတယ္။ ”
ဝမ္ေပါင္ကုမၸဏီကုိ ေညာင္ပင္ႀကီးေက်းရြာ လွ်ပ္စစ္ရံုးခဲြကေန သြယ္တန္းထားတဲ့ မီးတိုင္ကို ဇြန္ ၂၄ ရက္ ညပိုင္းက အမိေျမေတာ္လွန္ေရးတပ္ဖြဲ႕နဲ႔ Young People Force (YPF)တပ္ဖဲြ ့စတဲ့ပူးေပါင္းတပ္ဖဲြက ဖ်က္ဆီးလိုက္တာျဖစ္ေၾကာင္း အဲဒီအဖဲြ ့ေတြက သတင္းထုတ္ျပန္ထားပါတယ္။ သူတို႔ရဲ႕ သတင္းထုတ္ျပန္ခ်က္ထဲမွာေတာ့ စစ္ေကာင္စီ ဘက္ကေန ေဒသခံျပည္သူေတြကို ဖမ္းဆီး၊ သတ္ျဖတ္ၿပီး ေက်း႐ြာမ်ားကို မီးရႈိ႕ဖ်က္ဆီးေနခ်ိန္မွာ အာဏာသိမ္းစစ္တပ္ကို ဝမ္ေပါင္ကုမၸဏီက ရိကၡာေထာက္ပံ့ေပးတာ လက္ခံထားရွိေပးတာေတြ ပူးေပါင္း ေဆာင္ရြက္တာေတြကို သတိေပးတဲ့အေနနဲ႔ အခုလို လ်ွပ္စစ္မီးတုိင္ကို ေဖာက္ခဲြမႈ လုပ္တာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္လုိ႔ ၀မ္ေပါင္ကုမၸဏီက တာ၀န္ရွိသူေတြကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့သလို၊ စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္တာမရွိေသးပါဘူး။
ေဖာက္ခဲြမႈ ျဖစ္ခဲ့တဲ့ ညမွာပဲ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူ႔ ကာကြယ္ေရး တပ္ဖဲြ႔ေတြဟာ ႏွစ္ဖက္ပစ္ခတ္မူေတြ ရွိခဲ့တယ္လို႔လည္း လက္ပံေတာင္း ေဒသခံတဦးက ေျပာျပပါတယ္။
“ မေန႔ညက ၁၀နာရီ ၀န္းက်င္မွာေတာ့ လက္နက္ႀကီးနဲ႔ အခ်က္ ၃၀ ေလာက္ ဒီဘက္က ပစ္တာေတြရွိတယ္။ ၀မ္ေပါင္ဆုိဒ္ထဲမွာ ဘာထိခိုက္လဲ မသိဘူး။ လ်ွပ္စစ္မီးေတြျပတ္သြားတယ္။ လက္နက္ငယ္ေတြနဲ႔ ပစ္တာလည္း ရွိေတာ့ အနီးကပ္ ပစ္ခတ္မူေတြလည္း ရွိတယ္။ ပစ္ခတ္မႈက နာရီ၀က္ေလာက္ၾကာတယ္။ အဖြဲ႔ေတာ့ က်ေနာ္ သိသေလာက္ ၃ ဖြဲ႔ေလာက္ ရွိတယ္လို႔ ၾကားပါတယ္။”
စစ္ေကာင္စီတပ္ေတြရဲ႕ စစ္ဆင္ေရးအတြင္း ေက်းရြာေတြ မီး႐ႈိ႕ခံရတာ၊ ရြာသားေတြ ဖမ္းဆီးတာ၊ သတ္ျဖတ္တာေတြ ခံခဲ့ရတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။
“ တံုေတာေက်ာင္းက မီးရိႈ႕ခံရတဲ့ အိမ္က မ၀င္းခ်ိဳ၊ မကြီကီြတို႔၊ ကုိေအးၾကဴတို႔ စတဲ့ ၅အိမ္ကုိ မီးရိႈ႕ခံရတယ္။ ေဖာင္းတကာ ရြာဘက္မွာေတာ့ အဖမ္းခံရတာလည္း ၅ ေယာက္ေလာက္ရွိတယ္။ တံုဘက္မွာ အဖမ္းခံရတာ မရွိဘူး။ တံုရြာဘက္မွာေတာ့ အေလာင္း ၅ ေလာင္းကို တံုရြာမက အိမ္တအိမ္မွာ ပံုထားတယ္ဆုိတာပဲ သိရတယ္။”
လက္ပံေတာင္း ေၾကးနီစီမံကိန္း လုပ္ငန္းေတြကို ျပန္မစဖို႔ မၾကာေသးခင္ကလည္း ေဒသခံကာကြယ္ေရး တပ္ဖဲြ႕ေတြက ေၾကညာခ်က္ထုတ္ျပန္ သတိေပးခဲ့ဖူးပါတယ္။ လက္ပံေတာင္းေၾကးနီးစီမံကိန္းဟာ ေက်းရြာေပါင္း၂၆ ရြာက ေဒသခံေတြရဲ့ ေက်းရြာေတြ၊ ေတာင္ယာေျမေတြကို သိမ္းယူခဲ့ျပီး လုပ္ေဆာင္ေနတဲ့အတြက္ ၂၀၁၂ ခုႏွစ္ကတည္းက ေဒသခံေတြက ကန္႔ကြက္ဆႏၵျပမႈေတြ ရာနဲ႔ခ်ီျဖစ္ေနတာပါ။ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းကိုေတာ့ စစ္တပ္ ေက်ာေထာက္ေနာက္ခံရိွတဲ့ ဦးပုိင္လီမီတက္ ကုမၸဏီနဲ႔ တရုတ္ႏုိင္ငံအေျခစိုက္ ျမန္မာ ၀မ္ေပါင္ကုမၸဏီတို႔က ဖက္စပ္ လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။
(Unicode)
လက်ပံတောင်း ကြေးနီစီမံကိန်းအတွက် လျှပ်စစ်မီးတိုင် ဖောက်ခွဲဖျက်ဆီးခံရ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ဆင်ရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေဟာ တရုတ်ဝမ်ပေါင် ကုမ္ပဏီကြေးနီစီမံကိန်းကို သွယ်တန်းထားတဲ့ အဓိက လျှပ်စစ်ဓာတ်အားပေးလိုင်းကို ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ခဲ့ပြီးနောက်တနေ့ စနေနေ့မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား ပစ်ခတ်မှုတချို့ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ ပြောပြပေးမှာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ဖြစ်နေချိန်မှာပဲ တရုတ်ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီးစီမံကိန်းကို သွယ်တန်းထားတဲ့ အဓိက လျှပ်စစ်မီးတိုင်ကို ဖောက်ခွဲဖျက်ဆီးလိုက်တာပါ။ ဒီအတွက် ဖောက်ခွဲမှုဖြစ်ခဲ့တဲ့ သောကြာနေ့ ညကစပြီး စီမံကိန်း လုပ်ငန်းခွင်မှာ မီးတွေပြတ်တောက် ကုန်တယ်လို့ ဒေသခံ သံဃာတော်တပါးက မိန့်ပါတယ်။
“ ဝမ်ပေါင်ကုမ္ပဏီကို သွယ်တန်းထားတဲ့ ဂွကြီးနဲ့ လျှပ်စစ်မီးတိုင်ကို အဲဒါကို မိုင်းခွဲလိုက်တာ။ မိုင်းခွဲလိုက်တာနဲ့ တပြိုင်တည်း မီးက ပြတ်သွားတယ်။ ဝမ်ပေါင် ကုမ္ပဏီထဲမှာဘဲ မီးပြတ်သွားတယ်။ ကျန်တဲ့ ကျေးရွာတွေကတော့ မီးမပြတ်သွားဘူး။ အရင်တုန်းကတော့ ရွာတွေ မီးပြတ်ရင်တောင် သူက မပြတ်ဘူး။ အခုကတော့ သူတို့ တိုက်ရိုက် မီးဝင်တဲ့ တိုင်ကို ဖျက်လိုက်တာ ဆိုတော့ သူဘဲ ပြတ်သွားတယ်။ စစ်ကောင်စီကိုတော့ ပုလဲသွားရင်လည်း သူက လက်ခံထားတယ်။ ယင်းမာပင် သွားရင်လည်း သူက လက်ခံထားတယ်။ အခု အဲဒီထဲကနေ ထွက်ထွက်လာပြီး လက်ပံတောင်းတောင် ပတ်ဝန်းကျင် တဝိုက်မှာလည်း စစ်ကြောင်းထိုးတယ်။ အဲဒီကို ပြန်ဝင်သွားတာလည်း ရှိတယ်။ အဲဒီကနေ စာရေး သောက်ရေး စီစဉ်ပေးတာတွေလည်း ရှိတယ်။ ”
ဝမ်ပေါင်ကုမ္ပဏီကို ညောင်ပင်ကြီးကျေးရွာ လျှပ်စစ်ရုံးခွဲကနေ သွယ်တန်းထားတဲ့ မီးတိုင်ကို ဇွန် ၂၄ ရက် ညပိုင်းက အမိမြေတော်လှန်ရေးတပ်ဖွဲ့နဲ့ Young People Force (YPF)တပ်ဖွဲ့စတဲ့ပူးပေါင်းတပ်ဖွဲက ဖျက်ဆီးလိုက်တာဖြစ်ကြောင်း အဲဒီအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ သူတို့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီ ဘက်ကနေ ဒေသခံပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေချိန်မှာ အာဏာသိမ်းစစ်တပ်ကို ဝမ်ပေါင်ကုမ္ပဏီက ရိက္ခာထောက်ပံ့ပေးတာ လက်ခံထားရှိပေးတာတွေ ပူးပေါင်း ဆောင်ရွက်တာတွေကို သတိပေးတဲ့အနေနဲ့ အခုလို လျှပ်စစ်မီးတိုင်ကို ဖောက်ခွဲမှု လုပ်တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့သလို၊ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဖောက်ခွဲမှု ဖြစ်ခဲ့တဲ့ ညမှာပဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေဟာ နှစ်ဖက်ပစ်ခတ်မူတွေ ရှိခဲ့တယ်လို့လည်း လက်ပံတောင်း ဒေသခံတဦးက ပြောပြပါတယ်။
“ မနေ့ညက ၁၀နာရီ ဝန်းကျင်မှာတော့ လက်နက်ကြီးနဲ့ အချက် ၃၀ လောက် ဒီဘက်က ပစ်တာတွေရှိတယ်။ ဝမ်ပေါင်ဆိုဒ်ထဲမှာ ဘာထိခိုက်လဲ မသိဘူး။ လျှပ်စစ်မီးတွေပြတ်သွားတယ်။ လက်နက်ငယ်တွေနဲ့ ပစ်တာလည်း ရှိတော့ အနီးကပ် ပစ်ခတ်မူတွေလည်း ရှိတယ်။ ပစ်ခတ်မှုက နာရီဝက်လောက်ကြာတယ်။ အဖွဲ့တော့ ကျနော် သိသလောက် ၃ ဖွဲ့လောက် ရှိတယ်လို့ ကြားပါတယ်။”
စစ်ကောင်စီတပ်တွေရဲ့ စစ်ဆင်ရေးအတွင်း ကျေးရွာတွေ မီးရှို့ခံရတာ၊ ရွာသားတွေ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ခံခဲ့ရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
“ တုံတောကျောင်းက မီးရှို့ခံရတဲ့ အိမ်က မဝင်းချို၊ မကွီကွီတို့၊ ကိုအေးကြူတို့ စတဲ့ ၅အိမ်ကို မီးရှို့ခံရတယ်။ ဖောင်းတကာ ရွာဘက်မှာတော့ အဖမ်းခံရတာလည်း ၅ ယောက်လောက်ရှိတယ်။ တုံဘက်မှာ အဖမ်းခံရတာ မရှိဘူး။ တုံရွာဘက်မှာတော့ အလောင်း ၅ လောင်းကို တုံရွာမက အိမ်တအိမ်မှာ ပုံထားတယ်ဆိုတာပဲ သိရတယ်။”
လက်ပံတောင်း ကြေးနီစီမံကိန်း လုပ်ငန်းတွေကို ပြန်မစဖို့ မကြာသေးခင်ကလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ကြေညာချက်ထုတ်ပြန် သတိပေးခဲ့ဖူးပါတယ်။
လက်ပံတောင်းကြေးနီးစီမံကိန်းဟာ ကျေးရွာပေါင်း၂၆ ရွာက ဒေသခံတွေရဲ့ ကျေးရွာတွေ၊ တောင်ယာမြေတွေကို သိမ်းယူခဲ့ပြီး လုပ်ဆောင်နေတဲ့အတွက် ၂၀၁၂ ခုနှစ်ကတည်းက ဒေသခံတွေက ကန့်ကွက်ဆန္ဒပြမှုတွေ ရာနဲ့ချီဖြစ်နေတာပါ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ စစ်တပ် ကျောထောက်နောက်ခံရှိတဲ့ ဦးပိုင်လီမီတက် ကုမ္ပဏီနဲ့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ ဝမ်ပေါင်ကုမ္ပဏီတို့က ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။