သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခါးပတ်လမ်းစီမံကိန်း ၁၀ နှစ်ပြည့် အခမ်းအနား တရုတ်အစိုးရကျင်းပ


ဘေကျင်းမြို့တော်က ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (BRI) ၁၀ နှစ်ပြည့် အခမ်းအနား (အောက်တိုဘာ ၁၆၊ ၂၀၂၃)
ဘေကျင်းမြို့တော်က ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (BRI) ၁၀ နှစ်ပြည့် အခမ်းအနား (အောက်တိုဘာ ၁၆၊ ၂၀၂၃)

အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲက လွှမ်းမိုးနေပေမဲ့ တရုတ်နိုင်ငံကတော့ သူ့ရဲ့ ခါးပတ်လမ်း စီမံကိန်း (BRI) ၁၀ နှစ်ပြည့် အခမ်းအနားကို စီစဉ်ထားတဲ့အတိုင်း စတင်နေပါပြီ။

အခမ်းအနားအတွက် နိုင်ငံပေါင်း ၁၃၀ က ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားတာပါ။ ဒီအထဲမှာတော့ ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့မျက်နှာစာမှာ အထီးကျန်ဖြစ်နေတဲ့ ရုရှားသမ္မတဗလာဒီမီယာပူတင်လည်း ပါဝင်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတခုကို ပထမဆုံး ခရီးစဉ်လည်း ဖြစ်လာပါလိမ့်မယ်။

ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအဖြစ် ထင်ရှားပြီး တရုတ်သမ္မတရှီကျင့်ပင်အတွက် အရေးကြီးတဲ့ စီမံကိန်း ၁၀ နှစ်ပြည့် အခမ်းအနားကို နိုင်ငံတကာ အာရုံစိုက်မှုရဖို့ တရုတ်က မျှော်လင့်ထားပေမဲ့ အစ္စရေးနဲ့ ဟားမတ်စ် ပဋိပက္ခက လွှမ်းမိုးနေတာပါ။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ရီကတော့ ကိုယ့်နိုင်ငံကို ကာကွယ်တယ်ဆိုတာထက်ပိုနေတယ်ဆိုပြီး အစ္စရေးအပေါ် ရှုတ်ချလိုက်ပြီး၊ ဂါဇာကမ်းမြောင်ဒေသက လူတွေကို စုပေါင်း ပြစ်ဒဏ်ခတ်တဲ့ လုပ်ရပ်မျိုးကို ရပ်တန့်ဖို့ကိုလည်း တောင်းလိုက်ပါတယ်။

“အစ္စရေးအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုမှုတွေကို စိတ်အားထက်သန်စွာ နားထောင်သင့်ပြီး ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေအပေါ် ဒဏ်ခတ်မှုတွေကို ရပ်တန့်သင့်ပါတယ်” လို့ တရုတ်နိုင်ငံရဲ့ အစ္စရေး-ဟာမတ်စ် ပဋိပက္ခအပေါ် အပြင်းထန်ဆုံး တုံ့ပြန်မှုတခုအဖြစ် ဝမ်က မနေ့ကပဲ ပြောပါတယ်။

အနောက်နိုင်ငံတွေကတော့ အစ္စရေး-ဂါဇာ ပဋိပက္ခဆိုင်ရာ ကြေညာချက်တွေမှာ ဟားမတ်စ် အကြောင်း မပြောဘဲထားတဲ့အတွက် တရုတ်ကို ဝေဖန်နေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး၊ သူ့ရဲ့ဩဇာ လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ ပြောဆိုထားပေမဲ့ မနေ့ကတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ စကားပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG