သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ဘေးရှောင်တွေကို စောင့်ရှောက်ထားကြောင်း တရုတ်အစိုးရပြောကြား


တရုတ်နိုင်ငံ ဘေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Mao Ning (ဇူလိုင် ၂၆၊ ၂၀၂၃)
တရုတ်နိုင်ငံ ဘေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Mao Ning (ဇူလိုင် ၂၆၊ ၂၀၂၃)

တရုတ်နိုင်ငံနယ်စပ် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဖက်ဝင်ရောက် ခိုလှုံတဲ့ မြန်မာနိုင်ငံသားတချို့ရှိတယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံထဲဝင်ရောက်ပုန်းခိုရတဲ့အထိ အဲဒီသူတွေအန္တရာယ်ဖြစ်အောင် လုပ်တဲ့ လုပ်ရပ်မှန်သမျှ ရှုတ်ချတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning က ပုံမှန်သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ စဖြစ်ထဲက တရုတ်ပိုင်နက်ထဲကို ဝင်ရောက်ခိုလှုံတဲ့ မြန်မာနိုင်ငံသားတချို့ရှိပါတယ်။ တရုတ်နိုင်ငံက စိတ်ရင်းစေတနာမှန်နဲ့ လူသားချင်းစာနာတဲ့စိတ်စေတနာကြောင့် တရုတ်ဘက်ဝင်ရောက် ခိုလှုံချင်သူတွေအတွက် စနစ်တကျစီစဉ်ပေးထားသလို ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုသပေးနေတယ်လို့ တရုတ်အစိုးရပြောခွင့်ရ Mao Ning ကပြောကြားခဲ့တာဖြစ်ပါတယ်။ ဘေးလွတ်အောင် တရုတ်နိုင်ငံထဲအထိ ထွက်ပြေးရလောက်အောင်ဖြစ်စေတဲ့ လုပ်ရပ်လုပ်သူအားလုံးကိုလည်း တရုတ်နိုင်ငံက အပြစ်တင် ရှုတ်ချတယ်လို့ သူကပြောပါတယ်။ ရန်လိုတိုက်ခိုက်နေကြတဲ့ အဖွဲ့အားလုံးတိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ အိုးအိမ်စွန့်ထွက်ပြေးရသူတွေ နေရပ်ပြန်နိုင်အောင်နဲ့ အခြေအနေ ပုံမှန်ပြန်ဖြစ်အောင် လုပ်ကြဖို့လည်း တရုတ်အစိုးရက တိုက်တွန်းပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ BP 125 စစ်ရှောင်စခန်း။ (နိုဝင်ဘာ၊ ၂၀၂၃)
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ BP 125 စစ်ရှောင်စခန်း။ (နိုဝင်ဘာ၊ ၂၀၂၃)

တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့ ကိုးကန့်ဒေသထဲမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်ကျလို့ တရုတ်လူမျိုးတွေ သေဆုံးတယ်ဆိုတဲ့ သတင်းတွေလည်း အဲဒီဒေသဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရတဲ့ ဒုက္ခသည် ၅ သောင်းကျော်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရေးရုံးက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG