သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eid al-Adha ပွဲတော် ပထမနေ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အမေရိကားတိုက်တို့မှာ ကျင်းပ

ညီညွတ်သောအာရပ်စော်ဘွားများပြည်ထောင်စု UAE ဒုသမ္မတ HH Sheikh Mansour bin Zayed Al Nahyan နဲ့ သမ္မတ HH Sheikh Mohamed bin Zayed Al Nahyan တို့ကို အဘူဒါဘီမြို့ရှိ Sheikh Zayed ဗလီကြီးအတွင်း အစ်နေ့ဝတ်ပြုဆုတောင်းနေတာကိုတွေ့ရစဉ် (ဇွန် ၂၈၊ ၂၀၂၃)

အစ္စလာမ် ဘာသာဝင်တွေအတွက် ဘာသာရေးအရ တန်ဖိုးအထားဆုံး ပွဲတော်ထဲက တခုဖြစ်တဲ့ Eid al-adha အစ်ပွဲတော် ပထမနေ့အဖြစ် အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အမေရိကတိုက်နိုင်ငံတွေမှာ ဒီနေ့ ဝတ်ပြုဆုတောင်းပွဲတွေ စတင်ကျင်းပပါတယ်။ ဗလီကျောင်းတွေမှာ ဒီနေ့မနက် ဝတ်ပြုဆုတောင်းသူတွေနဲ့ ပြည့်နေပါတယ်။ ရမ်မန်ဒမ် ဥပုဒ်လရာသီ ကုန်ဆုံးတဲ့အချိန်၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာကို သွားကြတဲ့ ဘုရားဖူးကာလ ပြီးဆုံးသွားတဲ့ အချိန်မှာ ကမ္ဘာတဝှမ်း မူဆလင်တွေ Eid El-Adlha ပွဲ ကျင်းပတာပါ။

တမန်တော် အီဘရာဟင်ရဲ့ အလ္လာအရှင်မြတ်ကို ကျိုးနွံ အနစ်နာခံမှုကို အထိမ်းအမှတ်ပြုတဲ့ ပွဲတော်ဖြစ်ပြီး ဝတ်ပြုဆုတောင်းပွဲတွေနဲ့အတူ ပျော်ပွဲရွှင်ပွဲတွေနဲ့ မိတ်ဆွေတွေကို ကျွေးမွေးဧည့်ခံတာ၊ အကူအညီ လိုအပ်နေသူတွေကို အစားအသောက်တွေ၊ အသားတွေ ပေးဝေတာတွေ လုပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်ပြီး အခမ်းအနားတွေကို အကျဉ်းချုံး ကျင်းပခဲ့သလို အသွားအလာတွေလည်း ကန့်သတ်ခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အစ်နေ့ဆင်နွှဲနေကြသည့် အစ္စလာမ်ဘာသာဝင်တို့ကိုတွေ့ရစဉ် (ဇွန် ၂၈၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အစ်နေ့ဆင်နွှဲနေကြသည့် အစ္စလာမ်ဘာသာဝင်တို့ကိုတွေ့ရစဉ် (ဇွန် ၂၈၊ ၂၀၂၃)

ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာလည်း နေရာဒေသအသီးသီးက လူတွေ စုပေါင်းပြီး ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပကြပါတယ်။ နာကျင်ထိခိုက်မှုတွေကြားကပဲ ပိုမိုကောင်းမွန်ဖို့ မျှော်လင့်ချက်နဲ့ အစ်ပွဲတော်ကို ကျင်းပတာဖြစ်ပြီး ပါလက်စတိုင်းအပြင်၊ ဆူဒန်၊ ဆီးရီးယား၊ အီရတ်စတဲ့ တခြားနိုင်ငံတွေက အစ္စလမ်ဘာသာဝင်တွေအတွက်ပါ ဆုတောင်းကြတဲ့အကြောင်း ဂါဇာဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG