သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ အေမရိကန္ ဒဏ္ခတ္မႈေတြ တိုးျမႇင့္ေရး ျမန္မာ့အေရးလႈပ္ရွားသူေတြေဆြးေႏြး


ရခိုင္ျပည္နယ္ ေက်ာက္ျဖဴက တ႐ုတ္ ျမန္မာ ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႕ပိုက္လိုင္း။

(Zawgyi/ Unicode)

ျမန္မာစစ္တပ္ရဲ႕ အဓိက၀င္ေငြလမ္းေၾကာင္းျဖစ္ေနတဲ့ ျမန္မာ့ေရနံနဲ႔ သဘာ၀ဓါတ္ေငြ႕တူးေဖၚေရးလုပ္ငန္းကို အေမရိကန္အစိုးရအေနနဲ႔ ပစ္မွတ္ထား ပိတ္ဆို႔အေရးယူဖို႔ ဝါရွင္တန္မွာရွိတဲ့ ျမန္မာ့အေရးလႈပ္ရွားေနသူေတြက တိုက္တြန္းလိုက္ပါတယ္။
အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီအေျခစိုက္ The Heritage Foundation ကေန ႀကီးမွဴးၿပီး “ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈအေပၚ အေမရိကန္ရဲ႕ တုန္႔ျပန္မႈ အရွိန္အဟုန္တိုးႁမွင့္ဖို႔” ဆိုတဲ့ ေခါင္းစဥ္နဲ႔ အဂၤါေန႔က အြန္လိုင္းေဆြးေႏြးပဲြျပဳလုပ္ခဲ့တာပါ။ မအင္ၾကင္းႏိုင္က အျပည့္အစံုကို ဆက္လက္တင္ဆက္မွာပါ။

ဒီေဆြးေႏြးပဲြမွာ အေမရိကန္အစိုးရအေနနဲ႔ ျမန္မာစစ္တပ္အေပၚ ပိုမိုျပင္းထန္ ထိေရာက္တဲ့ အေရးယူပိတ္ဆို႔မႈေတြနဲ႔အတူ ကမာၻလံုးဆိုင္ရာ လက္နက္ေရာင္းခ်မႈ ပိတ္ဆို႔ေရးကို ဦးေဆာင္ဖို႔ အဓိကေဆြးေႏြးခဲ့ၾကေၾကာင္း ကိုယ္တိုင္ပါ၀င္ခဲ့သူတဦးျဖစ္တဲ့ Women’s Peace Network ကိုတည္ေထာင္သူလည္းျဖစ္၊ ၫြန္ၾကားေရးမွဴးလည္းျဖစ္တဲ့ မေ၀ေ၀ႏု က ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ ဟုတ္ပါတယ္။ ဒီ စီးပြားေရး အေရးယူ ပိတ္ဆို႔မႈ ၿပီးေတာ့ Global Arms Embargo လို႔ ေခၚတဲ႔ လက္နက္ ပိတ္ဆို႔မႈ၊ ေနာက္တခါ စစ္တပ္၊ စစ္ေခါင္းေဆာင္ေတြကို အေရးယူမႈ၊ ရာဇ၀တ္ေၾကာင္း အရ အေရးယူမႈ စတာေတြကို ေဆြးေႏြး ျဖစ္ပါတယ္။ ဒါေပမယ့္ ေဆြးေႏြးပြဲ တခုလံုးရဲ႕ အဓိက ေဆြးေႏြးခ်က္ေတြကေတာ့ စီးပြားေရး ပိတ္ဆို႔မႈကို အေျခခံပါတယ္။ ”

မအင္ၾကင္းႏိုင္ ။ ။ ဒါဆိုရင္ ဒီစီးပြားေရးပိတ္ဆို႔မႈဆိုတဲ့အပိုင္းမွာ ဒီလအေစာပိုင္းမွာပဲ ေနာက္ထပ္ စစ္တပ္နဲ႔ ပတ္သက္ေနတဲ့ နည္းပညာကုမၸဏီတခုအပါ၀င္ ေၾကးနီနဲ႔ မိုင္းသတၱဳလုပ္ငန္း ကုမၸဏီသံုးခုနဲ႔ ေနာက္ထပ္ လူပုဂၢိဳလ္ ၂၂ ဦးကို ထပ္ၿပီး ပိတ္ဆို႔အေရးယူလိုက္ပါတယ္။ ဒီလို ပစ္မွတ္ထား အေရးယူမႈေတြက ထိေရာက္မႈမရွိတဲ့ သေဘာလား။

မေ၀ေ၀ႏု ။ ။ အခုေလာေလာဆယ္ အေရးယူ ပိတ္ဆို႔မႈ လုပ္တဲ႔ဟာေတြက ထိေရာက္မႈ ရွိတယ္ဆိုတဲ႔ ဘက္ကေနၿပီးေတာမွ က်မတို႔ ေဆြးေႏြးသြားတာ ျဖစ္ပါတယ္။ ဒီထက္ တိုးခ်ဲ႕ၿပီးေတာ့ စစ္ေခါင္းေဆာင္ေတြနဲ႔ စစ္ေခါင္းေဆာင္ေတြကို အားေပးေနတဲ႔ လူေတြကိုပါ က်မတို႔ အေရးယူ ပိတ္ဆို႔ဖို႔ ဆိုတဲ႔ အေၾကာင္းအခ်က္ ပါပါတယ္။ ေနာက္တခါ ဒီ Sector အလိုက္ေပါ့ေနာ္ အေရးယူ ပိတ္ဆို႔မႈေတြ၊ ေနာက္ စစ္တပ္ရဲ႕ ၀င္ေငြေတြကို အေရးယူ ပိတ္ဆို႔မႈ အေသးစိတ္ကိုလည္း က်မတို႔ ေဆြးေႏြး ျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ တကယ့္ကို ထိထိေရာက္ေရာက္လုပ္မယ္ဆိုရင္ ေရနံနဲ႔ သဘာ၀ဓါတ္ေငြ႕လုပ္ငန္းကိုပါ ပိတ္ဆို႔အေရးယူဖို႔ဆိုၿပီး ဝိုင္း၀န္းေထာက္ျပေနၾကေတာ့ အေမရိကန္အစိုးရဘက္က ဒါကို ဘယ္ေလာက္ထိ လုပ္ႏိုင္ဖို႔ရွိမလဲ။

မေ၀ေ၀ႏု။ ။ ဟုတ္ပါတယ္။ ဒီေန႔ အဓိက က်မတို႔ တိုက္တိုက္တြန္းတြန္း ေဆြးေႏြး ျဖစ္တာက ေရနံနဲ႔ စြမ္းအင္ ၀န္ႀကီးဌာန ေအာက္က လူေတြ၊ ေနာက္ စစ္တပ္ ဆိုင္ရာ စစ္တပ္ကေန ပိုင္ဆိုင္တဲ႔ ကုမၸဏီေတြကို ပိတ္ဆို႔ အေရးယူဖို႔ ဆိုတဲ႔ဟာကို က်မတို႔ တြန္းအားေပးၿပီးေတာ့ ေဆြးေႏြးျဖစ္ပါတယ္။ဒီက အဖဲြ႕အစည္းေတြနဲ႔ အေမရိကန္အစိုးရနဲ႕ တိုက္႐ိုက္ခ်ိတ္ဆက္လုပ္ေဆာင္မႈမ်ဳိးက သိပ္ကို အေရးပါပါတယ္။ ႏိုမို႔ဆို ကမာၻမွာ crisis ေတြအမ်ားႀကီး ၾကံဳေတြ႕ေနရတဲ့အခ်ိန္၊ ျပႆနာေပါင္း အမ်ားႀကီးရွိေနတာပါ။ ျမန္မာျပည္တခုတည္းမွာပဲ အာဏာရွင္စနစ္ ရွိတာမဟုတ္သလို၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ ရွိေနတာမဟုတ္ပါဘူး။ တျခားႏိုင္ငံေတြမွာလည္း ျပႆနာေတြ၊ ပဋိပကၡေတြ၊ စစ္ပဲြေတြ အမ်ားႀကီးရွိပါတယ္။ ဒါေၾကာင့္ က်မတို႔ အေရးဟာ ေနာက္ကို မေရာက္သြားဖို႔ အေမရိကားမွာရွိတဲ့အဖဲြ႕ေတြနဲ႔ အစိုးရၾကား တိုက္႐ိုက္ခ်ိတ္ဆက္ လုပ္ေဆာင္ႏိုင္ဖို႔ အေရးႀကီးပါတယ္။

The Heritage Foundation ကေန ႀကီးမွဴးတဲ့ “ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈအေပၚ အေမရိကန္ရဲ႕ တုန္႔ျပန္မႈ အရွိန္အဟုန္တိုးႁမွင့္ဖို႔” ဆိုတဲ့ အြန္လိုင္းေဆြးေႏြးပဲြမွာ မေ၀ေ၀ႏုနဲ႔အတူ HRW အာရွေရးရာ ၫြန္ၾကားေရးမွဴး John Sifton၊ Earth Rights International က Marco Simons နဲ႔ ျမန္မာ့အေရးႏွစ္ေပါင္းမ်ားစြာ လႈပ္ရွားေနသူ Mike Mitchell တို႔ အဓိကပါ၀င္ေဆြးေႏြးခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ လေတြအတြင္း အေမရိကန္ ေရနံကုမၸဏီႀကီးျဖစ္တဲ့ Chevron ကေန သူနဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ ျမန္မာ့ေရနံနဲ႔ သဘာ၀ဓါတ္ေငြ႕လုပ္ငန္းကို ပိတ္ဆို႔အေရးယူတာေတြ မလုပ္ႏိုင္ေရး ဝါရွင္တန္ဒီစီက နာမည္ႀကီး ေလာ္ဘီအက်ဳိးေဆာင္အဖဲြ႕တခု ကို ငွားရမ္းၿပီး အေမရိကန္အစိုးရနဲ႔ လႊတ္ေတာ္မွာ လိုက္လံေတြ႕ဆုံေနတယ္လို႔ နယူးေရာက္တိုင္းမ္စ္သတင္းစာမွာ ေဖၚျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ကောင်စီအပေါ် အမေရိကန် ဒဏ်ခတ်မှုတွေ တိုးမြှင့်ရေး မြန်မာ့အရေးလှုပ်ရှားသူတွေဆွေးနွေး

မြန်မာစစ်တပ်ရဲ့ အဓိကဝင်ငွေလမ်းကြောင်းဖြစ်နေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့တူးဖေါ်ရေးလုပ်ငန်းကို အမေရိကန်အစိုးရအနေနဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ ဝါရှင်တန်မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားနေသူတွေက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် The Heritage Foundation ကနေ ကြီးမှူးပြီး “ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန်ရဲ့ တုန့်ပြန်မှု အရှိန်အဟုန်တိုးမြှင့်ဖို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်္ဂါနေ့က အွန်လိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

ဒီဆွေးနွေးပွဲမှာ အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် ပိုမိုပြင်းထန် ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့ရေးကို ဦးဆောင်ဖို့ အဓိကဆွေးနွေးခဲ့ကြကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူတဦးဖြစ်တဲ့ Women’s Peace Network ကိုတည်ထောင်သူလည်းဖြစ်၊ ညွန်ကြားရေးမှူးလည်းဖြစ်တဲ့ မဝေေ၀နု က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ဟုတ်ပါတယ်။ ဒီ စီးပွားရေး အရေးယူ ပိတ်ဆို့မှု ပြီးတော့ Global Arms Embargo လို့ ခေါ်တဲ့ လက်နက် ပိတ်ဆို့မှု၊ နောက်တခါ စစ်တပ်၊ စစ်ခေါင်းဆောင်တွေကို အရေးယူမှု၊ ရာဇဝတ်ကြောင်း အရ အရေးယူမှု စတာတွေကို ဆွေးနွေး ဖြစ်ပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲ တခုလုံးရဲ့ အဓိက ဆွေးနွေးချက်တွေကတော့ စီးပွားရေး ပိတ်ဆို့မှုကို အခြေခံပါတယ်။ ”

မအင်ကြင်းနိုင် ။ ။ ဒါဆိုရင် ဒီစီးပွားရေးပိတ်ဆို့မှုဆိုတဲ့အပိုင်းမှာ ဒီလအစောပိုင်းမှာပဲ နောက်ထပ် စစ်တပ်နဲ့ ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီတခုအပါဝင် ကြေးနီနဲ့ မိုင်းသတ္တုလုပ်ငန်း ကုမ္ပဏီသုံးခုနဲ့ နောက်ထပ် လူပုဂ္ဂိုလ် ၂၂ ဦးကို ထပ်ပြီး ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ဒီလို ပစ်မှတ်ထား အရေးယူမှုတွေက ထိရောက်မှုမရှိတဲ့ သဘောလား။

မဝေေ၀နု ။ ။ အခုလောလောဆယ် အရေးယူ ပိတ်ဆို့မှု လုပ်တဲ့ဟာတွေက ထိရောက်မှု ရှိတယ်ဆိုတဲ့ ဘက်ကနေပြီးတောမှ ကျမတို့ ဆွေးနွေးသွားတာ ဖြစ်ပါတယ်။ ဒီထက် တိုးချဲ့ပြီးတော့ စစ်ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင်တွေကို အားပေးနေတဲ့ လူတွေကိုပါ ကျမတို့ အရေးယူ ပိတ်ဆို့ဖို့ ဆိုတဲ့ အကြောင်းအချက် ပါပါတယ်။ နောက်တခါ ဒီ Sector အလိုက်ပေါ့နော် အရေးယူ ပိတ်ဆို့မှုတွေ၊ နောက် စစ်တပ်ရဲ့ ဝင်ငွေတွေကို အရေးယူ ပိတ်ဆို့မှု အသေးစိတ်ကိုလည်း ကျမတို့ ဆွေးနွေး ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ တကယ့်ကို ထိထိရောက်ရောက်လုပ်မယ်ဆိုရင် ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကိုပါ ပိတ်ဆို့အရေးယူဖို့ဆိုပြီး ဝိုင်းဝန်းထောက်ပြနေကြတော့ အမေရိကန်အစိုးရဘက်က ဒါကို ဘယ်လောက်ထိ လုပ်နိုင်ဖို့ရှိမလဲ။

မဝေေ၀နု။ ။ ဟုတ်ပါတယ်။ ဒီနေ့ အဓိက ကျမတို့ တိုက်တိုက်တွန်းတွန်း ဆွေးနွေး ဖြစ်တာက ရေနံနဲ့ စွမ်းအင် ဝန်ကြီးဌာန အောက်က လူတွေ၊ နောက် စစ်တပ် ဆိုင်ရာ စစ်တပ်ကနေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ အရေးယူဖို့ ဆိုတဲ့ဟာကို ကျမတို့ တွန်းအားပေးပြီးတော့ ဆွေးနွေးဖြစ်ပါတယ်။ ဒီက အဖွဲ့အစည်းတွေနဲ့ အမေရိကန်အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်လုပ်ဆောင်မှုမျိုးက သိပ်ကို အရေးပါပါတယ်။ နိုမို့ဆို ကမ္ဘာမှာ crisis တွေအများကြီး ကြုံတွေ့နေရတဲ့အချိန်၊ ပြဿနာပေါင်း အများကြီးရှိနေတာပါ။ မြန်မာပြည်တခုတည်းမှာပဲ အာဏာရှင်စနစ် ရှိတာမဟုတ်သလို၊ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေတာမဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ပြဿနာတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျမတို့ အရေးဟာ နောက်ကို မရောက်သွားဖို့ အမေရိကားမှာရှိတဲ့အဖွဲ့တွေနဲ့ အစိုးရကြားတိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

The Heritage Foundation ကနေ ကြီးမှူးတဲ့ “ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန်ရဲ့ တုန့်ပြန်မှု အရှိန်အဟုန်တိုးမြှင့်ဖို့” ဆိုတဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ မဝေေ၀နုနဲ့အတူ HRW အာရှရေးရာ ညွန်ကြားရေးမှူး John Sifton၊ Earth Rights International က Marco Simons နဲ့ မြန်မာ့အရေးနှစ်ပေါင်းများစွာ လှုပ်ရှားနေသူ Mike Mitchell တို့ အဓိကပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း အမေရိကန် ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Chevron ကနေ သူနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူတာတွေ မလုပ်နိုင်ရေး ဝါရှင်တန်ဒီစီက နာမည်ကြီး လော်ဘီအကျိုးဆောင်အဖွဲ့တခု ကို ငှားရမ်းပြီး အမေရိကန်အစိုးရနဲ့ လွှတ်တော်မှာ လိုက်လံတွေ့ဆုံနေတယ်လို့ နယူးရောက်တိုင်းမ်စ်သတင်းစာမှာ ဖေါ်ပြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG