သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် အကူအညီတွေပါတဲ့ အသုံးစရိတ်ဥပဒေကြမ်း ကန်အောက်လွှတ်တော်ပယ်ချ


ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell (ဝဲ) လူအများစုခေါင်းဆောင် Chuck Schumer (ယာ) နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky (လယ်) တို့ကို ဝါရှင်တန်မြို့တော် အမေရိကန်လွှတ်တော်မှာအတူတွေ့ရစဉ် (စက်တင်ဘာ ၂၁၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell (ဝဲ) လူအများစုခေါင်းဆောင် Chuck Schumer (ယာ) နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky (လယ်) တို့ကို ဝါရှင်တန်မြို့တော် အမေရိကန်လွှတ်တော်မှာအတူတွေ့ရစဉ် (စက်တင်ဘာ ၂၁၊ ၂၀၂၃)

ယူကရိန်းနဲ့ အစ္စရေးနိုင်ငံတွေအတွက် ငွေကြေးအထောက်အပံ့အပါအဝင် ဒေါ်လာ ဘီလျံ ၁၁၀ သုံးစွဲမယ့် အမေရိကန်လုံခြုံရေး အသုံးစရိတ်မူကြမ်းကို အထက်လွှတ်တော်မှာ Republican အမတ်တွေက ပယ်ချလိုက်ပါတယ်။ ဥပဒေကြမ်း အတည်ပြုနိုင်ဖို့ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၆၀ လိုအပ်ပေမယ့် ဗုဒ္ဓဟူးနေ့က မဲခွဲရာမှာ ထောက်ခံမဲ ၄၉ မဲ၊ ကန့်ကွက်မဲ ၅၁ မဲနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ယူကရိန်းအတွက် အကူအညီပေးဖို့ ထောက်ခံပေမယ့် နိုင်ငံတောင်ပိုင်း လုံခြုံအောင်ဆောင်ရွက်မယ့် မူဝါဒအပြောင်းအလဲတွေ မပါတဲ့အတွက် ကန့်ကွက်ကြဖို့ အထက်လွှတ်တော် Republican ခေါင်းဆောင် Mitch McConnell က Republican အမတ်တွေကို မဲမခွဲခင်မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုတောင်ဘက်ခြမ်း မက္ကဆီကိုနဲ့နယ်စပ်ကနေ တရားမဝင် နိုင်ငံထဲဝင်လာသူတွေကို တားနိုင်အောင် တင်းကြပ်တဲ့ထိန်းချုပ်မှုတွေ မလုပ်မချင်း အတည်မပြုနိုင်ဘူးလို့ Republican အမတ်တွေကလည်း ပြောကြားပြီး မူကြမ်းကို ပယ်ချခဲ့ကြပါတယ်။ ယူကရိန်းစစ်ပွဲ ထောက်ပံ့ဖို့နဲ့ နယ်စပ်လုံခြုံရေးအတွက်သုံးစွဲဖို့ ဒေါ်လာ ၁၀၆ ဘီလျံနီးပါးအတည်ပြုပေးဖို့ သမ္မတ Joe Biden က လွှတ်တော်ကို တောင်းဆိုထားတာပါ။ ယူကရိန်းအတွက် နောက်ထပ်လက်နက်အကူအညီတွေ မပေးနိုင်ရင် ရုရှားသမ္မတကို အမေရိကန်က အကောင်းဆုံးလက်ဆောင်ပေးသလို ဖြစ်လိမ့်မယ်လို့ သမ္မတ Biden က ဗုဒ္ဓဟူးနေ့က မဲမခွဲခင်အထိပြောကြားပြီး အထောက်အပံ့တွေကို အတည်ပြုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်အစိုးရက ယူကရိန်းအတွက် လက်နက်ကြီးကျည်တွေ၊ တင့်ကားဖျက်လက်နက်တွေနဲ့ တခြားစစ်လက်နက်တွေပါဝင်တဲ့ လုံခြုံရေးအကူအညီတွေ ပို့ပေးမယ်လို့ နိုင်ငံခြားရေးဌာနက ကြေညာခဲ့ပါတယ်။ ယူကရိန်းအတွက်သုံးစွဲဖို့ အရင်ထဲက ညွှန်ကြားထားတဲ့ လက်ကျန် အသုံးစရိတ်ထဲက ဒေါ်လာ ၁၇၅ သန်းဖိုး အကူအညီတွေ ပေးတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ပြန်ပါတယ်။ သမ္မတတောင်းဆိုထားတဲ့ အမျိုးသားလုံခြုံရေးအသုံးစရိတ်ကိုလွှတ်တော်မှာ အတည်မပြုနိုင်ရင် ယူကရိန်းအတွက် အခုပေးပို့တဲ့ အကူအညီတွေနောက်ဆုံး ဖြစ်လိမ့်မယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG