သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ ကန်လွှတ်တော်ကို အွန်လိုင်းကတဆင့် စကားပြောမည်

ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်လွှတ်တော်နှစ်ရပ်က အမတ်တွေရှေ့မှောက် အွန်လိုင်းကတဆင့် စကားပြောကြားနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (မတ် ၁၆၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်လွှတ်တော်နှစ်ရပ်က အမတ်တွေရှေ့မှောက် အွန်လိုင်းကတဆင့် စကားပြောကြားနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (မတ် ၁၆၊ ၂၀၂၂)

ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းအတွက် ဆက်လက်ကူညီနိုင်အောင် အမေရိကန် ကွန်ဂရက်လွှတ်တော်က အသုံးစရိတ် အတည်ပြုပေးဖို့ အိမ်ဖြူတော်ကတိုက်တွန်းနေချိန်မှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ အမေရိကန် အထက်လွှတ်တော်မှာ ဒီကနေ့ စကားပြောဖို့ စီစဉ်ထားပါတယ်။

ယူကရိန်းအတွက် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ပေးအပ်ဖို့ မဲခွဲဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ကိစ္စတွေကို တိတိကျကျ သိနိုင်ဖို့ ယူကရိန်းသမ္မတထံက တိုက်ရိုက် နားထောင်နိုင်အောင် ဗွီဒီယိုကနေ လျို့ဝှက်အစီရင်ခံတင်ပြဖို့ ဖိတ်ကြားထားတာလို့လည်း အထက်လွှတ်တော် လူများစု ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။ အမေရိကန်က ယူကရိန်းအတွက် လက်နက်နဲ့ အကူအညီပေးအပ်နေတဲ့ အသုံးစရိတ်တွေဟာ ဒီနှစ်ကုန်ရင် လက်ကျန်မရှိတော့ဘူးလို့လည်း လွှတ်တော်ခေါင်းဆောင်တွေကို အမေရိကန်အစိုးရ စီမံခန့်ခွဲရေးနဲ့ အသုံးစရိတ်ဌာန ညွှန်ကြားရေးမှူး Shalanda Young က မနေ့တုန်းကပဲ စာတစောင်ပေးပို့ သတိပေးထားတာပါ။ ယူကရိန်းအနေနဲ့ ဆက်လက် တိုက်ပွဲဝင်နိုင်တော့မှာ မဟုတ်သလို၊ စီးပွားရေးအတွက် ကျားကန်ပေးထားတဲ့ အထောက်အပံ့တွေ ကျန်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

သမ္မတ Joe Biden အစိုးရကတော့ ယူကရိန်း၊ အစ္စရေးနဲ့ အမေရိကန် နယ်စပ် လုံခြုံရေးအတွက် အသုံးစရိတ်အဖြစ် ဒေါ်လာ ၁၀၆ ဘီလီယံနီးပါး သုံးစွဲမယ့် အဆိုပြုချက်ကို လွှတ်တော်မှာ တင်ပြထားတာပါ။ ဒါပေမယ့်လည်း ယူကရိန်းအတွက် အကူအညီပေးရေးမှာ နိုင်ငံရေးအရ သဘောထား ကွဲပြားမှုတွေ ရှိနေပြီး၊ အရေအတွက် အနည်းငယ်နဲ့ အသာရထားတဲ့ အောက်လွှတ်တော်က ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်တွေထဲက လက်ယာစွန်း အမတ်တွေရဲ့ ကန့်ကွက်မှုတွေနဲ့လည်း ကြုံနေရပါတယ်။

ယူကရိန်းသမ္မတ ကန်လွှတ်တော်ကို အွန်လိုင်းကတဆင့် စကားပြောမည်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG