သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန်အပါအဝင် လွှတ်တော်အမတ်တော်တွေနဲ့ ယူကရိန်းသမ္မတ တွေ့ဆုံမည်

ယူကရိန်းစစ်တပ်အရာရှိတဉီးကို စကားပြောနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (နိုဝင်ဘာ ၃၀၊ ၂၀၂၃)
ယူကရိန်းစစ်တပ်အရာရှိတဉီးကို စကားပြောနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (နိုဝင်ဘာ ၃၀၊ ၂၀၂၃)

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ဝါရှင်တန်မှာ တွေ့ဆုံရာမှာ ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းအတွက် အကူအညီရဖို့ တိုက်ရိုက်ပြောကြားခွင့် ရမှာဖြစ်ပါတယ်။ အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါ ဒီနှစ်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအပေါ် အခြေခံပြီး ရှေ့လာမယ့်နှစ်မှာ ရလာနိုင်တဲ့ ရလဒ်တွေအကြောင်း ပြောမယ်လို့လည်း ယူကရိန်းသမ္မတက ပြောဆိုထားတာပါ။

ဝါရှင်တန်မှာရှိတဲ့ အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှာ မနေ့က မိန့်ခွန်းပြောရာမှာတော့ ယူကရိန်းစစ်တပ်အတွက် လေကြောင်းရန်ကာကွယ်ရေး တိုးချဲ့ဖို့ မစ်ဇိုင်းဒုံးတွေ၊ အဝေးထိန်းဒရုန်းတွေ ဂျက်လေယာဉ်တွေ အကူအညီ တောင်းခံနေတဲ့ ယူကရိန်းသမ္မတက ဝေဟင်ကို စိုးမိုးထားဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ နိုင်ငံရေးသမားတွေကို စစ်သည်တွေကို သစ္စာမဖောက်ဖို့နဲ့ ကာကွယ်ရေးအတွက် လက်နက်လိုအပ်သလို၊ လွတ်မြောက်ရေးအတွက် ညီညွတ်မှု လိုအပ်တယ်လို့လည်း သတိပေးခဲ့တာပါ။

သမ္မတဘိုင်ဒန်ကတော့ ယူကရိန်း စစ်မြေပြင်အခြေအနေတွေနဲ့ ပတ်သက်လို့ တင်ပြတာကို နားထောင်မှာဖြစ်သလို၊ အထူးသဖြင့် အခုလို ခက်ခဲတဲ့ ကာလမျိုးမှာ ယူကရိန်းပြည်သူတွေအတွက် ဆက်လက် အားပေးထောက်ခံဖို့ သမ္မတ Zelenskyy ကိုပြောမယ်လို့လည်း အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby ကပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG