သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဘသ စည်းဝေးပွဲ ပရိသတ် ထောင်ချီတက်


Tarvuz bozori. Pokiston.
Tarvuz bozori. Pokiston.

မဘသ လို့ခေါ်တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် သံဃာတော်တွေ၊ သီလရှင်တွေနဲ့ ဒီအဖွဲ့ကို ထောက်ခံသူ တချို့ဟာ မနေ့ စနေနေ့က အင်းစိန်မြို့နယ် အတွင်းမှာရှိတဲ့ အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ စည်းဝေးပွဲ ကျင်းပခဲ့တာမှာ တက်ရောက်သူပေါင်း ထောင်နဲ့ချီ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော် ဟောပြောတယ်လို့ စွပ်စွဲခံနေရတဲ့ မဘသ အဖွဲ့ဟာ သံဃာ့ အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း တွေနဲ့ ညီညွတ်ခြင်းမရှိကြောင်း ဆုံးဖြတ်ထားပြီး ဖြစ်တဲ့အတွက် မဘသ အဖွဲ့ဟာ တရားမဝင် အဖွဲ့အစည်းဖြစ်တာကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မတိုင်ခင် ဒီအဖွဲ့ကို ဖျက်သိမ်းပေးဖို့ မဟန - နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါး စုံညီ ပဉ္စမ အထူးစည်းဝေးပွဲက မေလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပြီး နောက်မှာ ဒီ စည်းဝေးပွဲ ကျင်းပတာပါ။

မဘသ ရှင်းလင်းပွဲ။ ရန်ကုန် မေလ ၂၇ ၂၀၁၇။
မဘသ ရှင်းလင်းပွဲ။ ရန်ကုန် မေလ ၂၇ ၂၀၁၇။

မဟနရဲ့ဆုံးဖြတ်ချက် အပေါ် အဖွဲ့ဝင်တွေကို အသိပေး ရှင်းလင်းဖို့အတွက် မဘသအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဘန္ဒန္တ တိလောကာဘိဝံသ က ဒီစည်းဝေးပွဲ ခေါ်ယူလိုက်တာလည်း ဖြစ်ပါတယ်။ မဟနရဲ့ ဆုံးဖြတ်ချက်ကြောင့် မဘသ ၄ နှစ်ပြည့် နှစ်ပတ်လည် ညီလာခံကို မကျင်းပနိုင်တော့ ကြောင်းလည်း စနေနေ့က ကျင်းပတဲ့ မဘသ စည်းဝေးပွဲ ဖိတ်ကြားလွှာမှာ ဖော်ပြထားပါတယ်။

မဘသ ဥက္ကဋ္ဌ ဆရာတော် ဘန္ဒန္တ တိလောကာ ဘိဝံသ ကတော့ မဟနနဲ့ မဘသ ကွဲအောင် ကြံစည်နေသူတွေ ရှိနေပြီး မဘသ နာမည်မသုံးဖို့ ဆုံးဖြတ်ချက်မှာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အဓိက တရားခံ မဟုတ်ဘူးလို့ စနေနေ့က ကျင်းပတဲ့ စည်းဝေးပွဲမှာ မိန့်ကြားခဲ့ပါတယ်။

မဘသ အဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် မဟနက ကြေညာထားပေမယ့်လည်း သူတို့အဖွဲ့ကို ဖျက်သိမ်းသွားမှာ မဟုတ်ဘူးလို့ ဝါရင့် မဘသ ဆရာတော်တပါးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အေပီ သတင်းမှာ ဖော်ပြထားပါတယ်။

မဘသ စည်းဝေးပွဲ ပရိသတ် ထောင်ချီတက်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG