သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ် အာဏာရပါတီ မဲဆွယ်ပွဲ လူသောင်းချီတက်ရောက်


လာမယ့်စနေနေ့ကျရင် ထိုင်ဝမ်ကျွန်းမှာ သမ္မတနဲ့ ပါလီမန် ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပြီး ကြာသပတေးနေ့က Taipei မှာကျင်းပတဲ့ လက်ရှိ အာဏာရပါတီဖြစ်တဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP ပါတီရဲ့ မဲဆွယ်စည်းရုံးပွဲမှာ ထိုင်ဝမ်ပြည်သူတွေ သောင်းချီ တက်ရောက်ကြပါတယ်။

တရုတ်နိုင်ငံနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေကြားမှာ ထိုင်ဝမ်ရွေးကောက်ပွဲကို ကျင်းပတာပါ။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံပိုင်နယ်မြေအဖြစ် တရုတ်အစိုးရက ပြောဆိုထားပြီး ထိုင်ဝမ်အစိုးရကတော့ ငြင်းပယ်ထားပါတယ်။

ရွေးကောက်ပွဲပါဝင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ ဘယ်သူ့ကို အကြိုက်ဆုံး ဆိုတာမျိုး တရုတ်နိုင်ငံက နာမယ်တပ်ပြီး ပြောဆိုထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲဟာ စစ်နဲ့ ငြိမ်းချမ်းရေးအရ ရွေးချယ်ရမယ့် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ပြောဆိုနေပါတယ်။

တရုတ်နိုင်ငံနဲ့ အတိုက်အခံကူမင်တန် (KMT) ပါတီတို့ကတော့ 'လက်ရှိအာဏာရ DPP ပါတီ သမ္မတလောင်း Lai Ching-te ဟာ ထိုင်ဝမ်ကျွန်း တရားဝင်လွတ်လပ်ရေးကို တောင်းဆိုထောက်ခံသူဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးအရ ပိုပြီးပူးပေါင်းနိုင်တဲ့ အန္တရာယ်ရှိသူ'ဆိုပြီး ပြောဆို ဝေဖန်နေပါတယ်။ Lai Ching-te က တရုတ်နိုင်ငံနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းထားပေမဲ့ တရုတ်နိုင်ငံက အကြိမ်ကြိမ် ငြင်းပယ်ထားပါတယ်။

XS
SM
MD
LG