သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုန္ေစ်းႏႈန္း က်ဆင္းေရး ပါရီၿမိဳ႕မွာ လူေပါင္းေထာင္ခ်ီ ဆႏၵျပ


(Zawgyi / Unicode)

ျပင္သစ္မွာ ေရနံခ်က္ စက္ရံုေတြရဲ႕ လုပ္အားခ တိုးျမႇင့္ေရး သတင္းပတ္နဲ႔ခ်ီ ဆႏၵျပပြဲေတြကေန အေထြေထြ သပိတ္ေမွာက္ၾကဖို႔ လံႈ႔ေဆာ္ေနၾကတာနဲ႔ အတူ ေအာက္တိုဘာလ ၁၆ ရက္ေန႔ တနဂၤေႏြေန႔မွာေတာ့ ၿမိဳ႕ေတာ္ ပါရီက လမ္းမေတြေပၚမွာ လူေပါင္း ေထာင္ခ်ီ ခ်ီတက္ၿပီး ကုန္ေစ်းႏႈန္း ႀကီးျမင့္လာမႈကို ဆန္႔က်င္ ဆႏၵျပခဲ႔ၾကပါတယ္။

ျပင္းထန္တဲ႔ လက္ဝဲ ပါတီ France Unbowed (LFI) ရဲ႕ ေခါင္းေဆာင္ Jean-Luc Melenchon က ဒီႏွစ္ရဲ႕ စာေပ ဆိုင္ရာ ႏိုဘဲလ္ ဆုရွင္ Annie Ernaux နဲ႔ အတူ ဆႏၵျပ ခ်ီတက္ခဲ႔ပါတယ္။ လာမယ့္ ေအာက္တိုဘာလ ၁၈ ရက္ေန႔ အဂၤါေန႔မွာ အေထြေထြ သပိတ္ႀကီး ဆင္ႏႊဲဖို႔လည္း သူက တိုက္တြန္းထားပါတယ္။ ေရနံခ်က္ စက္ရံု ဆႏၵျပမႈက သီတင္း ၃ ပတ္ထဲကို ေရာက္လာၿပီး ႏိုင္ငံတ၀န္းမွာ ေလာင္စာဆီ မလံုေလာက္မႈနဲ႔ ၾကံဳလာရခ်ိန္မွာဘဲ ၿမိဳ႕ေတာ္ ပါရီမွာ လူေပါင္း ေထာင္ခ်ီ ဆႏၵျပၾကတာဟာဆိုရင္ အာဏာဖီဆန္မႈနဲ႔ ေငြေၾကးေဖာင္းပြမႈ အေပၚ မေက်နပ္မႈတို႔ တိုးလာတဲ႔ သ႐ုပ္လည္း ျဖစ္ပါတယ္။

စက္တင္ဘာ လကုန္ပိုင္းက စတဲ႔ ေရနံခ်က္ စက္ရံု အေရး မေျပလည္မႈကေန အရွိန္အဟုန္ ျမႇင့္ႏိုင္ဖို႔ သမၼတ Macron ရဲ႕ အတိုက္အခံေတြက ေမွ်ာ္လင့္ထားၾကတာပါ။ ျပင္သစ္ရဲ႕ သမဂၢ အားလံုး မဟုတ္ေပမယ့္လည္း အမ်ားအျပားက လာမယ့္ အဂၤါေန႔မွာ အေထြေထြ သပိတ္ႀကီးေမွာက္ၾကဖို႔ ေၾကညာထားၿပီး ယာဥ္ေၾကာ သြားလာေရး၊ သယ္ယူပို႔ေဆာင္ေရး၊ ရထားနဲ႔ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးတို႔မွာ သက္ေရာက္မယ္လို႔လည္း ခန္႔မွန္းထားၾကပါတယ္။

ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈကို ဆန္႔က်င္တဲ႔ တနဂၤေႏြေန႔က ဆႏၵျပပြဲမွာေတာ့ လူေပါင္း ၁၄၀,၀၀၀ ေလာက္ တက္ေရာက္ခဲ႔ၾကေၾကာင္း စီစဥ္သူေတြက ေျပာပါတယ္။ ရဲတပ္ဖြဲ႔ကေတာ့ လူေပါင္း ၃၀,၀၀၀ ၀န္းက်င္ တက္ေရာက္ခဲ႔ၾကတယ္လို႔ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကုန်ဈေးနှုန်း ကျဆင်းရေး ပါရီမြို့မှာ လူပေါင်းထောင်ချီ ဆန္ဒပြ

ပြင်သစ်မှာ ရေနံချက် စက်ရုံတွေရဲ့ လုပ်အားခ တိုးမြှင့်ရေး သတင်းပတ်နဲ့ချီ ဆန္ဒပြပွဲတွေကနေ အထွေထွေ သပိတ်မှောက်ကြဖို့ လှုံ့ဆော်နေကြတာနဲ့ အတူ အောက်တိုဘာလ ၁၆ ရက်နေ့ တနင်္ဂနွေနေ့မှာတော့ မြို့တော် ပါရီက လမ်းမတွေပေါ်မှာ လူပေါင်း ထောင်ချီ ချီတက်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ပြင်းထန်တဲ့ လက်ဝဲ ပါတီ France Unbowed (LFI) ရဲ့ ခေါင်းဆောင် Jean-Luc Melenchon က ဒီနှစ်ရဲ့ စာပေ ဆိုင်ရာ နိုဘဲလ် ဆုရှင် Annie Ernaux နဲ့ အတူ ဆန္ဒပြ ချီတက်ခဲ့ပါတယ်။ လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ အင်္ဂါနေ့မှာ အထွေထွေ သပိတ်ကြီး ဆင်နွှဲဖို့လည်း သူက တိုက်တွန်းထားပါတယ်။ ရေနံချက် စက်ရုံ ဆန္ဒပြမှုက သီတင်း ၃ ပတ်ထဲကို ရောက်လာပြီး နိုင်ငံတဝန်းမှာ လောင်စာဆီ မလုံလောက်မှုနဲ့ ကြုံလာရချိန်မှာဘဲ မြို့တော် ပါရီမှာ လူပေါင်း ထောင်ချီ ဆန္ဒပြကြတာဟာဆိုရင် အာဏာဖီဆန်မှုနဲ့ ငွေကြေးဖောင်းပွမှု အပေါ် မကျေနပ်မှုတို့ တိုးလာတဲ့ သရုပ်လည်း ဖြစ်ပါတယ်။

စက်တင်ဘာ လကုန်ပိုင်းက စတဲ့ ရေနံချက် စက်ရုံ အရေး မပြေလည်မှုကနေ အရှိန်အဟုန် မြှင့်နိုင်ဖို့ သမ္မတ Macron ရဲ့ အတိုက်အခံတွေက မျှော်လင့်ထားကြတာပါ။ ပြင်သစ်ရဲ့ သမဂ္ဂ အားလုံး မဟုတ်ပေမယ့်လည်း အများအပြားက လာမယ့် အင်္ဂါနေ့မှာ အထွေထွေ သပိတ်ကြီးမှောက်ကြဖို့ ကြေညာထားပြီး ယာဉ်ကြော သွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ရထားနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးတို့မှာ သက်ရောက်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ဆန့်ကျင်တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာတော့ လူပေါင်း ၁၄၀,၀၀၀ လောက် တက်ရောက်ခဲ့ကြကြောင်း စီစဉ်သူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ လူပေါင်း ၃၀,၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြတယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG