သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး ကမ္ဘာတဝှမ်း ဆန္ဒပြ


လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ဥရောပ တလွှားမှာ မနေ့ စနေနေ့က ကျင်းပခဲ့ကြပြီး လူပေါင်း သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ လောင်စာဆီ ဈေးတက်လို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော် မှာလည်း မနေ့ စနေနေ့က လိင်ပိုင်းဆိုင်ရာ ခွဲခြား ဆက်ဆံ အကြမ်းဖက်မှုတွေကို သီးခြားဆန္ဒပြပွဲတွေ ကျင်းပခဲ့ပြီး လူပေါင်း ၃ သောင်းကျော် တက်ရောက်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ တခုလုံးမှာ မနေ့က အကြမ်းဖက်မှု ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသူ ၅ သောင်းလောက် ရှိခဲ့တယ်လို့ ဒီဆန္ဒပြပွဲကို စီစဉ်သူ Caroline de Haas က ပြောပါတယ်။ ရောမမြို့တော်မှာ လူပေါင်း ၁ ထောင်လောက် မိုးရွာထဲမှာ ဆန္ဒပြခဲ့ကြသလို ဂျီနီဗာနဲ့ အေသင်မြို့တို့မှာလည်း ရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုကို ဆန့်ကျင် တိုက်ဖျက်မှုတွေက နေ့စဉ် တိုးတက်မှုတွေ ရှိလာနေပေမယ့် လူ့အဖွဲ့အစည်းအတွင်းမှာတော့ ရှေ့ဆက်ပြီး ဆောင်ရွက်သွားရဦးမှာ ဖြစ်တယ်၊ ဒီကိစ္စကို လူတိုင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စ အဖြစ် ဆောင်ရွက် တိုက်ဖျက်ကြဖို့ လိုအပ်တယ်လို့ ပြင်သစ် သမ္မတ Emmanuel Macron က သူ့ရဲ့ ထောက်ခံမှုကို တွစ်တာမှာ ရေးသား ခဲ့ပါတယ်။

ဆန္ဒပြသူ အရေအတွက်က ပါရီမြို့တော်မှာ ၁ သောင်း ၂ ထောင်၊ Lyon ၊ Marseille နဲ့ Rennes တို့မှာ ၁ ထောင်ကနေ ၂ ထောင့် ၄ ရာကြား ရှိတယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။ ဒါပေမယ့် စီစဉ်သူ De Haas ကတော့ ပြီးခဲ့တဲ့နှစ်က လူပေါင်း ၂ ထောင်လောက်သာ ရှိခဲ့တဲ့ ဆန္ဒပြပွဲထက် အများကြီး ပိုများခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ အမျိုးသား တချို့လည်း ပါဝင်ခဲ့ပါတယ်။ ပြင်သစ် အစိုးရရဲ့ စာရင်းတွေ အရတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အမျိုးသမီး ၂ သိန်း ၂ သောင်းခွဲ အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ခံခဲ့ရပြီး ၁၂၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG