သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ကဆန္ဒပြပွဲ ရာဘာကျည်သုံးဖြိုခွဲမှုကြောင့် ၃ ဦး ဒဏ်ရာရ


ဘန်ကောက်ကဆန္ဒပြပွဲ ရာဘာကျည်သုံးဖြိုခွဲမှုကြောင့် ၃ ဦး ဒဏ်ရာရ
ဘန်ကောက်ကဆန္ဒပြပွဲ ရာဘာကျည်သုံးဖြိုခွဲမှုကြောင့် ၃ ဦး ဒဏ်ရာရ

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က သြဂုတ်လ ၁၃ ရက် သောကြာနေ့ဆန္ဒပြပွဲကို ရဲတွေက မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့တဲ့ အတွက် ဆန္ဒပြသူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

လူစုလူဝေး မလုပ်ဖို့ တားမြစ်ထားတာကို မနာခံပဲ ဘန်ကောက်က Victory ကျောက်တိုင်မှာ စုဝေးကြတဲ့ ဆန္ဒပြသူတွေက အစိုးရရဲ့ကန့်သတ်မှုတွေကြောင့် တောင်သူတွေ စီးပွါးရေးအဆင်မပြေတာကို ပြသတဲ့အနေနဲ့ မရောင်းရလို့ ပျက်စီးကုန်တဲ့ သစ်သီးတွေကို မီးပုံရှို့ပြီး ဆန္ဒပြခဲ့ကြတာပါ။

ဝန်ကြီးချုပ်ရဲ့ နေအိမ်ရှိရာကို ချီတက်ဖို့ ကြိုးစားကြပေမယ့် ရဲတွေက သံဆူးကြိုးတွေနဲ့ ကုန်သတ္တာကြီးတွေ ကာပြီး ပိတ်ဆို့တားဆီးခဲ့ကြသလို မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ပြီး မီးသတ်ပိုက်နဲ့ဖြန်း လူစုခွဲခဲ့တာ ဖြစ်ပါတယ်။ ရဲတာဝန်ရှိသူတွေကတော့ ဆန္ဒပြသူတွေဟာ ပင်ပေါင်ဗုံးတွေ၊ လေးခွတွေ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာ ဒဏ်ရာရသူ အနည်းဆုံး ၃ ဦး ရှိခဲ့တယ်လို့ အရေးပေါ်ဆေးကုသရေး စင်တာက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ သောကြာနေ့ တရက်ထည်းမှာတင် ရောဂါပိုး အကူးစက်ခံရသူက ၂၃ ၀၀၀ ကျော်ရှိနေတာ ဖြစ်ပြီး ခုလို ကိုဗစ်ကူးစက်သူ တိုးလာနေတာနဲ့ အစိုးရရဲ့ ကပ်ရောဂါဆိုင်ရာကိုင်တွယ်ပုံကို မကျေနပ်ကြတဲ့အတွက် ပြည်သူတွေ ဆန္ဒပြနေတာ သီတင်း ၃ ပတ်ရှိနေပါပြီ။ ရောဂါမကူးစက်အောင် ကန့်သတ်မှုတွေကြောင့် စီးပွါးရေးထိခိုက်နေကြတာဖြစ်ပြီး ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကလည်း သိပ်ကိုနှေးကွေးနေတာကြောင့် ဝန်ကြီးချုပ် Prayut Chan-O-Cha အစိုးရအတွက် နိုင်ငံရေးဖိအားတွေ တိုးလာနေတာပါ။

.........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}

ထိုငျးနိုငျငံ ဘနျကောကျမွို့တ်ကော သွဂုတ်လ ၁၃ ရကျ သောကွာနေ့ဆန်ဒပြပွဲကို ရဲတွကေ မျကျရညျယိုဗုံးတွေ ရာဘာကျညျတွနေဲ့ ပစ်ခတျနှိမ်နငျးခဲ့တဲ့ အတွကျ ဆန်ဒပြသူ ၃ ဦး ထိခိုက်ဒဏျရာရခဲ့ကွပါတယျ။

လူစုလူဝေး မလုပ်ဖို့ တားမြစ်ထားတာကို မနာခံပဲ ဘနျကောက်က Victory ကျောက်တိုင်မှာ စုဝေးကွတဲ့ ဆန်ဒပြသူတွကေ အစိုးရရဲ့ကန့ျသတ်မှုတွေကွောင့ျ တောငျသူတွေ စီးပွါးရေးအဆင်မြပေတာကို ပြသတဲ့အနေနဲ့ မရောငျးရလို့ ပျက်စီးကုန်တဲ့ သဈသီးတွကေို မီးပုံရှို့ပွီး ဆန်ဒပြခဲ့ကွတာပါ။
Act – Protests

ဝနျကွီးချုပျရဲ့ နအေိမျရှိရာကို ချီတက်ဖို့ ကွိုးစားွကပေမယ့ျ ရဲတွကေ သံဆူးကွိုးတွနေဲ့ ကုနျသတ်တာကွီးတွေ ကာပွီး ပိတ်ဆို့တားဆီးခဲ့ကွသလို မျကျရညျယိုဗုံးတွေ၊ ရာဘာကျညျတွနေဲ့ ပစ်ခတျပွီး မီးသတ်ပိုက်နြဲ့ဖနျး လူစုခွဲခဲ့တာ ဖြစ်ပါတယျ။ ရဲတာဝနျရှိသူတွကေတော့ ဆန်ဒပြသူတွဟော ပငျပေါင်ဗုံးတွေ၊ လေးခွတွေ ကျောက်ခဲတွနေဲ့ ပဈပေါက်ခဲ့ကွတယ်လို့ ပြောပါတယျ။

ဆန်ဒပြပွဲမှာ ဒဏျရာရသူ အနညျးဆုံး ၃ ဦး ရှိခဲ့တယ်လို့ အရေးပေါျဆေးကုသရေး စင်တာက ပြောပါတယျ။


XS
SM
MD
LG