သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လုံျခံဳေရးတင္းၾကပ္မႈေတြၾကား ေဟာင္ေကာင္မွာ တီယန္နန္မင္ အထိမ္းအမွတ္က်င္းပ 


Police officers set up cordon line near the Hong Kong's Victoria Park, Saturday, June 4, 2022.

ေဟာင္ေကာင္ အာဏာပိုင္တို႔က ဗစ္တိုးရီးယား ပန္းျခံ အနီးမွာ စေနေန႔က လံုျခံဳေရး တင္းၾကပ္ခဲ႔ၿပီး လြန္ခဲ႔တဲ႔ ၃၃ ႏွစ္ ဇြန္လ ၄ ရက္ေန႔ တ႐ုတ္ႏိုင္ငံ Tiananmen ရင္ျပင္ အစုလိုက္ အျပံဳလိုက္ သတ္ျဖတ္မႈ အထိမ္းအမွတ္ အျဖစ္နဲ႔ မစုစည္း ၾကဖို႔လည္း လူေတြကို သတိေပးခဲ႔ပါတယ္။ မသိဂၤ ီထိ္ုက္ တင္ျပေပးပါမယ္။  

လုံျခံဳေရးတင္းၾကပ္မႈေတြၾကား ေဟာင္ေကာင္မွာ တီယန္နန္မင္ အထိမ္းအမွတ္က်င္းပ

{{Zawgyi/Unicode}}
ေဟာင္ေကာင္ အာဏာပိုင္တို႔က ဗစ္တိုးရီးယား ပန္းျခံ အနီးမွာ စေနေန႔က လံုျခံဳေရး တင္းၾကပ္ခဲ႔ၿပီး လြန္ခဲ႔တဲ႔ ၃၃ ႏွစ္ ဇြန္လ ၄ ရက္ေန႔ တ႐ုတ္ႏိုင္ငံ Tiananmen ရင္ျပင္ အစုလိုက္ အျပံဳလိုက္ သတ္ျဖတ္မႈ အထိမ္းအမွတ္ အျဖစ္နဲ႔ မစုစည္း ၾကဖို႔လည္း လူေတြကို သတိေပးခဲ႔ပါတယ္။ မသိဂၤ ီထိ္ုက္ တင္ျပေပးပါမယ္။

၁၉၉၇ ခုႏွစ္ ဇူလိုင္လ ၁ ရက္ေန႔က ေဟာင္ေကာင္ကို ၿဗိတိန္ထံကေန တ႐ုတ္ကို လႊဲေျပာင္းေပးခဲ႔ၿပီးေနာက္ပိုင္း ေဟာင္ေကာင္ေန ျပည္သူေတြနဲ႔ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူေတြရဲ႕ လြတ္လပ္ခြင့္ေတြ ဆံုးရံႈးက်ဆင္းလာေနတယ္လို႔ ေျပာၾကပါတယ္။ ေဟာင္ေကာင္ ျပည္သူတဦး ျဖစ္တဲ႔ အသက္ ၅၇ ႏွစ္ အရြယ္ Victor ကေတာ့ အခုလို ေျပာပါတယ္။

" လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ လြတ္လပ္စြာ လႈပ္ရွားခြင့္ အပါအ၀င္ ေဟာင္ေကာင္မွာ လြတ္လပ္ခြင့္က က်ဆင္းလာေနပါတယ္။ အားလံုး ေလ်ာ့ပါးလာေနပါတယ္။ ဖမ္းခံရမွာ ေၾကာက္ရတာေၾကာင့္ အားလံုးက ႏႈတ္ဆိတ္ေနၾကပါတယ္။ ဒါေၾကာင့္လည္း အခုဆိုရင္ အားလံုးက ဘာမွလည္း မေျပာ ဘာမွလည္း မလုပ္ၾကေတာ့ပါဘူး"

တ႐ုတ္ႏိုင္ငံတြင္းမွာ Tiananmen ရင္ျပင္ အစုလိုက္ အျပံဳလိုက္ သတ္ျဖတ္မႈ ေအာက္ေမ႔ဖြယ္ လူထု စုေ၀းမႈေတြကို တ႐ုတ္ အာဏာပိုင္ေတြက တားျမစ္ထားသလိုဘဲ ေဟာင္ေကာင္ အာဏာပိုင္ေတြကလည္း အလားတူ လုပ္လာတာပါ။ ေဟာင္ေကာင္ ျပည္သူ အသက္ ၄၁ ႏွစ္ အရြယ္ Angela Wong ကေတာ့ အခုလို ေျပာပါတယ္။

" တကယ္ေတာ့ ပန္းျခံ ဆိုတာက က်မတို႔လို ျပည္သူေတြအတြက္ လမ္းေလွ်ာက္ဖို႔ ျဖတ္သန္းသြားလာဖို႔ ဒါမွမဟုတ္လည္း လြတ္လြတ္လပ္လပ္ လႈပ္ရွားမႈေတြ လုပ္ဖို႔ ျဖစ္ရမွာပါ။ ဗစ္တိုးရီးယားပန္းျခံ တခုလံုးကို ေန႔လည္ ၁၂ နာရီမွာ အားလံုး ပိတ္လိုက္ရသလဲ ဆိုတာ နားမလည္ႏိုင္ပါဘူး"

တ႐ုတ္ အစိုးရကို ဆန္႔က်င္တဲ႔ အသက္ ၅၃ ႏွစ္ အရြယ္ Wang Dan ကေတာ့ အခုလို ေျပာပါတယ္။

"ဒီအခ်ိန္က ေဟာင္ေကာင္အတြက္ ကံဆိုးမိုးေမွာင္က်မူလို႔ သံုးႏႈန္းလိုပါတယ္။ ဇြန္လ ၄ ရက္ေန႔ အထိမ္းအမွတ္ အခမ္းအနားကိုတင္ တားျမစ္တယ္လို႔ မထင္ပါဘူး။ ဆန္႔က်င္ဘက္ သေဘာထား ရွိၾကတဲ႔ ႏိုင္ငံေရးလႈပ္ရွားမႈ အားလံုးကိုလည္း တားျမစ္ ပိတ္ပင္ပါလိမ့္မယ္"

တ႐ုတ္ႏိုင္ငံမွာ ၁၉၈၉ ခုႏွစ္ ဧၿပီလ ၁၅ ရက္မွာ စခဲ႔တဲ႔ ေက်ာင္းသားေတြ ဦးေဆာင္တဲ႔ အံုႂကြမႈကို ၿဖိဳခြင္းတဲ႔ အေနနဲ႔ ၁၉၈၉ ခုႏွစ္ ဇြန္လ ၄ ရက္ေန႔မွာ ေဘဂ်င္းၿမိဳ႕လယ္က Tiananmen ရင္ျပင္နဲ႔ အနီးတဝိုက္မွာ တ႐ုတ္ စစ္တပ္က ေသနတ္နဲ႔ ပစ္ခတ္ခဲ႔တာပါ။ ေသဆံုးသူ အေရအတြက္ကို တ႐ုတ္ အစိုးရဘက္က ဘယ္တုန္းကမွ မထုတ္ျပန္ခဲ႔ေပမယ့္လည္း အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႔ေတြနဲ႔ မ်က္ျမင္ေတြ႕သူေတြကေတာ့ ေသဆံုးသူ အေရအတြက္ ေထာင္ခ်ီ ရွိႏိုင္တယ္လို႔ ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................................

လုံခြုံရေးတင်းကြပ်မှုတွေကြား ဟောင်ကောင်မှာ တီယန်နန်မင် အထိမ်းအမှတ်ကျင်းပ

{{Zawgyi/Unicode}}
ဟောင်ကောင် အာဏာပိုင်တို့က ဗစ်တိုးရီးယား ပန်းခြံ အနီးမှာ စနေနေ့က လုံခြုံရေး တင်းကြပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃၃ နှစ် ဇွန်လ ၄ ရက်နေ့ တရုတ်နိုင်ငံ Tiananmen ရင်ပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အထိမ်းအမှတ် အဖြစ်နဲ့ မစုစည်း ကြဖို့လည်း လူတွေကို သတိပေးခဲ့ပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ဟောင်ကောင်ကို ဗြိတိန်ထံကနေ တရုတ်ကို လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်နေ ပြည်သူတွေနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးကျဆင်းလာနေတယ်လို့ ပြောကြပါတယ်။ ဟောင်ကောင် ပြည်သူတဦး ဖြစ်တဲ့ အသက် ၅၇ နှစ် အရွယ် Victor ကတော့ အခုလို ပြောပါတယ်။

" လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ လှုပ်ရှားခွင့် အပါအဝင် ဟောင်ကောင်မှာ လွတ်လပ်ခွင့်က ကျဆင်းလာနေပါတယ်။ အားလုံး လျော့ပါးလာနေပါတယ်။ ဖမ်းခံရမှာ ကြောက်ရတာကြောင့် အားလုံးက နှုတ်ဆိတ်နေကြပါတယ်။ ဒါကြောင့်လည်း အခုဆိုရင် အားလုံးက ဘာမှလည်း မပြော ဘာမှလည်း မလုပ်ကြတော့ပါဘူး"

တရုတ်နိုင်ငံတွင်းမှာ Tiananmen ရင်ပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အောက်မေ့ဖွယ် လူထု စုဝေးမှုတွေကို တရုတ် အာဏာပိုင်တွေက တားမြစ်ထားသလိုဘဲ ဟောင်ကောင် အာဏာပိုင်တွေကလည်း အလားတူ လုပ်လာတာပါ။ ဟောင်ကောင် ပြည်သူ အသက် ၄၁ နှစ် အရွယ် Angela Wong ကတော့ အခုလို ပြောပါတယ်။

" တကယ်တော့ ပန်းခြံ ဆိုတာက ကျမတို့လို ပြည်သူတွေအတွက် လမ်းလျှောက်ဖို့ ဖြတ်သန်းသွားလာဖို့ ဒါမှမဟုတ်လည်း လွတ်လွတ်လပ်လပ် လှုပ်ရှားမှုတွေ လုပ်ဖို့ ဖြစ်ရမှာပါ။ ဗစ်တိုးရီးယားပန်းခြံ တခုလုံးကို နေ့လည် ၁၂ နာရီမှာ အားလုံး ပိတ်လိုက်ရသလဲ ဆိုတာ နားမလည်နိုင်ပါဘူး"

တရုတ် အစိုးရကို ဆန့်ကျင်တဲ့ အသက် ၅၃ နှစ် အရွယ် Wang Dan ကတော့ အခုလို ပြောပါတယ်။

"ဒီအချိန်က ဟောင်ကောင်အတွက် ကံဆိုးမိုးမှောင်ကျမူလို့ သုံးနှုန်းလိုပါတယ်။ ဇွန်လ ၄ ရက်နေ့ အထိမ်းအမှတ် အခမ်းအနားကိုတင် တားမြစ်တယ်လို့ မထင်ပါဘူး။ ဆန့်ကျင်ဘက် သဘောထား ရှိကြတဲ့ နိုင်ငံရေးလှုပ်ရှားမှု အားလုံးကိုလည်း တားမြစ် ပိတ်ပင်ပါလိမ့်မယ်"

တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် ဧပြီလ ၁၅ ရက်မှာ စခဲ့တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ အုံကြွမှုကို ဖြိုခွင်းတဲ့ အနေနဲ့ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဘေဂျင်းမြို့လယ်က Tiananmen ရင်ပြင်နဲ့ အနီးတဝိုက်မှာ တရုတ် စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ သေဆုံးသူ အရေအတွက်ကို တရုတ် အစိုးရဘက်က ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ပေမယ့်လည်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေနဲ့ မျက်မြင်တွေ့သူတွေကတော့ သေဆုံးသူ အရေအတွက် ထောင်ချီ ရှိနိုင်တယ်လို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG