သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် Citizen News အွန်လိုင်းသတင်း ပိတ်သိမ်းတော့မည်


မကြာမီလပိုင်းအတွင်းက ပိတ်သိမ်းခဲ့တဲ့ Stand News ရုံးအဆောက်အဦ အပြင်ဘက်မှာ တွေ့ရတဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များ။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၁)
မကြာမီလပိုင်းအတွင်းက ပိတ်သိမ်းခဲ့တဲ့ Stand News ရုံးအဆောက်အဦ အပြင်ဘက်မှာ တွေ့ရတဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များ။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၁)

(Zawgyi)

ဟောင်ကောင်မှာ သတင်းလွတ်လပ်ခွင့် ယိုယွင်းဆုတ်ယုတ်လာနေချိန် အွန်လိုင်း သတင်းဝက်ဘ်ဆိုက်တခု ပိတ်သိမ်းတော့မယ်လို့ ကြေညာပါတယ်။

ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး သူတို့လူ ၇ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ဒီမိုကရေစီကို ထောက်ခံတဲ့ Citizen News Outlet က သူတို့ဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့ ဖေ့စ်ဘုတ်မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

မီဒီယာဝန်းကျင် ယိုယွင်းလာတဲ့အတွက် သူတို့ရဲ့ရည်မှန်းချက် စံချိန်စံညွှန်းအတိုင်း အကြောင့်ကြမဲ့ လုပ်နိုင်စရာ မရှိတော့ဘူးလို့ ဆိုပါတယ်။

တချိန်က မီဒီယာတက်ကြွမှုရဲ့ ဗဟိုအချက်အချာ ဖြစ်ခဲ့တဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးရ ဒေသ ဟောင်ကောင်မှာ တရုတ်အစိုးရက ၂၀၁၉ အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် အစိုးရနဲ့ သဘောထားကွဲသူတွေကို နှုတ်ပိတ်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အခုပိတ်သိမ်းတဲ့ Citizen News ဟာ မကြာမီ လပိုင်းအတွင်း ပိတ်သိမ်းသွားခဲ့တဲ့ Apple News နေ့စဉ်သတင်းစာနဲ့ Stand News အွန်လိုင်းတို့အပြီး တတိယမြောက် ပိတ်သိမ်းလိုက်တဲ့ မီဒီယာတခု ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ဗြိတိသျှလက်က လွှဲပြောင်းရယူခဲ့ပြီးတဲ့နောက် နှစ် ၅၀ ကြာတဲ့အထိ ခွင့်ပြုထားရမယ်လို့ ကတိပြုခဲ့တဲ့ သတင်းနဲ့ ပြည်သူ့လွတ်လပ်ခွင့်တွေ မှေးမှိန်လာတဲ့အတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တရုတ်ကို ရှုတ်ချနေကြပါတယ်။

ဟောင်ကောင် Citizen News အွန်လိုင်းသတင်း ပိတ်သိမ်းတော့မည်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG